ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန် ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်လျက် ရှိပါသည်။ အဆိုပါ ကြားနာပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကိုယ်စားလှယ် (Agent) အဖြစ် လည်းကောင်း၊ ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အလှည့်ကျကိုယ်စားလှယ် (Alternate Agent) အဖြစ် လည်းကောင်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပါသည်။
အဆိုပါ ကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ဖြေကြားမှုကို ၂၅-၂-၂၀၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၈:၃၀ နာရီခန့်တွင် စတင်ပြုလုပ်မည် ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နိဂုံးချုပ်မိန့်ခွန်းကို ပြောကြားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ ကိုယ်စားပြု နိုင်ငံတကာ ရှေ့နေများက မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ် လျှောက်လဲမှုများအပေါ် တရားရုံးသို့ တုံ့ပြန်ချေပ ပြောကြားမည် ဖြစ်ပါသည်။
ကြားနာပွဲ၏ နောက်ဆုံးနေ့အဖြစ် ၂၈-၂-၂၀၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ကနဦး ကန့်ကွက်ချက်များနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက ၎င်း၏ ဒုတိယအကြိမ်လျှောက်လဲမှုကို ပြုလုပ်သွားမည် ဖြစ်ပါသည်။
အဆိုပါ ကြားနာပွဲကို ICJ ၏ဝက်ဆိုဒ်ဖြစ်သော https:// www.icj-cij.org နှင့် ကုလသမဂ္ဂ၏ဝက်ဆိုဒ်ဖြစ်သော https://media.un.org/ တို့တွင် တိုက်ရိုက် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။
(Zawgyi)
“အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) တြင္ ျပဳလုပ္လ်က္ရွိသည့္ ကနဦးကန႔္ကြက္လႊာဆိုင္ရာ ၾကားနာပြဲ၊ ျမန္မာနိုင္ငံ၏ ဒုတိယအႀကိမ္ ေျဖၾကားမႈသို႔ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဦးေဆာင္ေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕ တက္ေရာက္”
ဂမ္ဘီယာနိုင္ငံသည္ ျမန္မာနိုင္ငံကို အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) ၌ ၁၉၄၈ ခုႏွစ္ လူမ်ိဳးသုဥ္းေစမႈကို တားဆီးရန္ႏွင့္ ျပစ္ဒဏ္ေပးရန္ နိုင္ငံတကာ သေဘာတူစာခ်ဳပ္ (Convention on the Prevention and Punishment of the Crime of Genocide) ကို က်ဴးလြန္ ေဖာက္ဖ်က္သည္ဟု စြပ္စြဲခ်က္ျဖင့္ တရားစြဲဆိုထားျခင္းႏွင့္ ပတ္သက္၍ ျမန္မာနိုင္ငံက တင္သြင္းခဲ့ေသာ ကနဦးကန႔္ကြက္လႊာႏွင့္ ပတ္သက္သည့္ ၾကားနာမႈကို နယ္သာလန္နိုင္ငံ၊ သည္ဟိဂ္ၿမိဳ႕တြင္ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႕မွ ၂၈ ရက္ေန႕အထိ ျပဳလုပ္လ်က္ ရွိပါသည္။ အဆိုပါ ၾကားနာပြဲသို႔ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလွိုင္က ကိုယ္စားလွယ္ (Agent) အျဖစ္ လည္းေကာင္း၊ ဥပေဒ ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦးက အလွည့္က်ကိဳယ္စားလွယ္ (Alternate Agent) အျဖစ္ လည္းေကာင္း ဦးေဆာင္ေသာ ျမန္မာ ကိုယ္စားလွယ္အဖြဲ႕ တက္ေရာက္လ်က္ရွိပါသည္။
အဆိုပါ ၾကားနာပြဲတြင္ ျမန္မာနိုင္ငံ၏ ဒုတိယအႀကိမ္ ေျဖၾကားမႈကို ၂၅-၂-၂၀၂၂ ရက္ေန႕၊ ျမန္မာစံေတာ္ခ်ိန္ ည ၈:၃၀ နာရီခန႔္တြင္ စတင္ျပဳလုပ္မည္ ျဖစ္ၿပီး ျမန္မာနိုင္ငံ ကိုယ္စားလွယ္ (Agent) ျဖစ္သူ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလွိုင္က နိဂုံးခ်ဳပ္မိန႔္ခြန္းကို ေျပာၾကားမည္ ျဖစ္ပါသည္။ ျမန္မာနိုင္ငံ ကိုယ္စားျပဳ နိုင္ငံတကာ ေရွ႕ေနမ်ားက ျမန္မာနိုင္ငံက တင္သြင္းခဲ့သည့္ ကနဦးကန႔္ကြက္ခ်က္မ်ားႏွင့္ ပတ္သက္၍ ဂမ္ဘီယာနိုင္ငံ၏ ပထမအႀကိမ္ ေလွ်ာက္လဲမႈမ်ားအေပၚ တရား႐ုံးသို႔ တုံ႕ျပန္ေခ်ပ ေျပာၾကားမည္ ျဖစ္ပါသည္။
ၾကားနာပြဲ၏ ေနာက္ဆုံးေန႕အျဖစ္ ၂၈-၂-၂၀၂၂ ရက္ေန႕တြင္ ျမန္မာနိုင္ငံ၏ ကနဦး ကန႔္ကြက္ခ်က္မ်ားႏွင့္ ပတ္သက္၍ ဂမ္ဘီယာနိုင္ငံက ၎၏ ဒုတိယအႀကိမ္ေလွ်ာက္လဲမႈကို ျပဳလုပ္သြားမည္ ျဖစ္ပါသည္။
အဆိုပါ ၾကားနာပြဲကို ICJ ၏ဝက္ဆိုဒ္ျဖစ္ေသာ https:// www.icj-cij.org ႏွင့္ ကုလသမဂၢ၏ဝက္ဆိုဒ္ျဖစ္ေသာ https://media.un.org/ တို႔တြင္ တိုက္ရိုက္ ၾကည့္ရႈနိုင္မည္ ျဖစ္ေၾကာင္း သိရသည္။
Recent Comments