အကြမ်းဖက်လှုဆော်မှုများကို ဦးဆောင်ပြုလုပ်နေသူတစ်ဦးဖြစ်သည့် မင်းကိုနိုင်၏တိုက်ခန်းကို ယမန်နေ့က ဝရမ်းကပ်သိမ်းဆည်းလိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြိုနယ်၊ ၁၆/၂ ရပ်ကွက်၊ ဝေဇယန္တာလမ်းရှိ မင်းကိုနိုင်၏ တိုက်အမှတ် ၁၄၇၊ ပထမထပ် B2 အခန်းရှေ့တွင် စွပ်စွဲခံရသူ လာရောက်စေခြင်းငှာ ဝရမ်းစွဲကပ်ရန်အမိန့်နှင့် မြိုနယ်တရားရုံး၌ အမှုကို လာရောက်ရင်ဆိုင်ရန် အမိန့်စာတိုကို ကပ်ထားခြင်းဖြစ်သည်။

စွပ်စွဲခံရသူလာရောက်စေခြင်းငှါ ဝရမ်းစွဲကပ်ရန် အမိန့်စာတွင် ဦးမင်းကိုနိုင် (ခ) ပေါ်ဦးထွန်းသည် သင်္ဃန်းကျွန်းမြိုနယ်တွင် အစိုးရသို အခွန်တော်ထမ်းဆောင်သည့် မြေမှတစ်ပါး၊ စွပ်စွဲခံရသူ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများအားလုံး၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများအားလုံးကို ပိုင်ဆိုင်သည် ဖြစ်သောကြောင့် ၎င်းပစ္စည်းကို ဝရမ်းစွဲကပ်ရန် အမိန့်ထုတ်ဆင့်ရှိသည်ဖြစ်၍ ၎င်းပစ္စည်းကို ဝရမ်း စွဲကပ်သိမ်းဆည်းပြီးလျှင် ရုံးတော်က နောက်ထပ်အမိန့်ထုတ်ဆင့်သည်တိုင် ထိန်းချုပ်ထားစေဟု ဖော်ပြထားသည်။
#mhtnews

(Zawgyi)
“အကြမ်းဖက်လှုံ့ဆော်မှုများကို ဦးဆောင်ပြုလုပ်နေသူတစ်ဦးဖြစ်သည့် မင်းကိုနိုင်၏တိုက်ခန်းကို ဝရမ်းကပ်သိမ်းဆည်း”

အကြမ်းဖက်လှုံ့ဆော်မှုများကို ဦးဆောင်ပြုလုပ်နေသူတစ်ဦးဖြစ်သည့် မင်းကိုနိုင်၏တိုက်ခန်းကို ယမန်နေ့က ဝရမ်းကပ်သိမ်းဆည်းလိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၂ ရပ်ကွက်၊ ဝေဇယန္တာလမ်းရှိ မင်းကိုနိုင်၏ တိုက်အမှတ် ၁၄၇၊ ပထမထပ် B2 အခန်းရှေ့တွင် စွပ်စွဲခံရသူ လာရောက်စေခြင်းငှာ ဝရမ်းစွဲကပ်ရန်အမိန့်နှင့် မြို့နယ်တရားရုံး၌ အမှုကို လာရောက်ရင်ဆိုင်ရန် အမိန့်စာတို့ကို ကပ်ထားခြင်းဖြစ်သည်။

စွပ်စွဲခံရသူလာရောက်စေခြင်းငှါ ဝရမ်းစွဲကပ်ရန် အမိန့်စာတွင် ဦးမင်းကိုနိုင် (ခ) ပေါ်ဦးထွန်းသည် သင်္ဃန်းကျွန်းမြို့နယ်တွင် အစိုးရသို့ အခွန်တော်ထမ်းဆောင်သည့် မြေမှတစ်ပါး၊ စွပ်စွဲခံရသူ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများအားလုံး၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများအားလုံးကို ပိုင်ဆိုင်သည် ဖြစ်သောကြောင့် ၎င်းပစ္စည်းကို ဝရမ်းစွဲကပ်ရန် အမိန့်ထုတ်ဆင့်ရှိသည်ဖြစ်၍ ၎င်းပစ္စည်းကို ဝရမ်း စွဲကပ်သိမ်းဆည်းပြီးလျှင် ရုံးတော်က နောက်ထပ်အမိန့်ထုတ်ဆင့်သည်တိုင် ထိန်းချုပ်ထားစေဟု ဖော်ပြထားသည်။
#mhtnews