သစ်သားဖြင့်ပြုလုပ်ထားသည့် မြန်မာမှုအနုပညာလက်ရာ အိမ်သုံးပစ္စည်းများ ပြုလုပ်ရောင်းချနေရာ၌ ပြည်တွင်းဈေးကွက်တွင် အရောင်းသွက်နေကြောင်း သိရသည်။
အဆိုပါ သစ်သားဖြင့်ပြုလုပ်သည့် မြန်မာမှုအနုပညာလက်ရာ အိမ်သုံးပစ္စည်းများကို ပြည်တွင်းဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချလျှက်ရှိရာ ပစ္စည်းအမျိုးအစားအလိုက် ငွေကျပ် ၁၀၀၀ ကျော်မှ ၁၀ သိန်းအထိရှိကြောင်း၊ လက်ရှိအချိန်တွင် ပြည်တွင်း၌ အွန်လိုင်းမှတစ်ဆင့် မှာယူသူများရှိနေ၍ အရောင်းသွက်နေကြောင်း သပိတ်ကျင်းမြို့နယ်မှ မြန်မာမှုအနုပညာလက်ရာ အိမ်သုံးပစ္စည်းများ ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းရှင် ဒေါ်ပြည့်ပြည့်က ပြောသည်။
“သစ်သားနဲ့ပြုလုပ်ထားတဲ့ မြန်မာမှုအနုပညာလက်ရာ အိမ်သုံးပစ္စည်းအစုံလုပ်ပြီးတော့ ဈေးကွက်အတွင်း ရောင်းချပေးပါတယ်။ လိုချင်တဲ့ ပစ္စည်းအလိုက် လာအပ်သမျှကိုလည်း အကုန်လုပ်ပေးပါတယ်။ ပြည်တွင်းဈေးကွက်ကိုပဲ အဓိကထုတ်လုပ်ရောင်းချပြီး တရုတ်နဲ့ ထိုင်းကိုလည်း ပို့ပါတယ်။ ခုလောလောဆယ်မှာတော့ အွန်လိုင်းစနစ်နဲ့ ပြည်တွင်း၊ ပြည်ပမှာ ရောင်းအားကောင်းနေပါတယ်။ ပြည်တွင်းမှာယူမှုများတာက ဧည့်ခန်းမှာထားဖို့ မြန်မာရိုးရာ ဆွမ်းအုပ်တွေ အမှာများပါတယ်။ ဆွမ်းအုပ်ကိုလည်း ပုဂံခေတ်က ဆွမ်းအုပ်မျိုး ပိုပြီးရောင်းအားကောင်းတယ်။ အခုနောက်ပိုင်း မြန်မာမှုပစ္စည်းတွေကို အသုံးများလာတယ်။ သစ်သားနဲ့ပြုလုပ်ထားတဲ့ အိမ်သုံးပစ္စည်းတွေကို ပလတ်စတစ်တို့၊ ကြွေတို့နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေနဲ့ ယှဉ်ပြီး သုံးကြည့်ပါ။ ဈေးကလည်း သူတို့ထက်နည်းတဲ့အပြင် ပစ္စည်းအရည်အသွေးကလည်း ကွာခြားပါတယ်။ ဒါကြောင့် ပြည်တွင်းရောင်းချရမှုမှာ အရောင်းအဝယ်ကောင်းလာပါတယ်” ဟု ၎င်းကရှင်းပြသည်။
သစ်သားဖြင့်ပြုလုပ်ပြီး ဈေးကွက်အတွင်း ရောင်းချနေသည့် မြန်မာလက်မှုအနုပညာပစ္စည်းများမှာ ဘုရားပလ္လင်၊ ပန်းကန်ပြား၊ ပန်းကန်လုံး၊ ကော်ဖီခွက်၊ ငရုတ်စုံ၊ စဉ်းတီတုံး၊ ရေနွေးကြမ်းခွက်၊ လက်ဖက်အစ်ခွက်၊ တူဘူး၊ သွားကြားထိုးတံထည့်ဘူး၊ ဇွန်း၊ ယောင်းမ၊ ဆွမ်းတင်ကလပ်၊ ဘုရားပန်းအိုး၊ ဘောပင်ထည့်ဘူး၊ ဇွန်းထည့်ဘူး၊ ထမင်းအုပ်၊ ကျန်းမာရေးခြေနင်းခွက်၊ ဆေးလိပ်ပြာခွက် စသည့်ဖြင့် လူသုံးကုန်အိမ်သုံးပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်းနှင့် ၎င်းအိမ်သုံးပစ္စည်းများကို ဈေးရောင်းပွဲပြုလုပ်၍ ခင်းကျင်းပြသရောင်းချသွားရန်လည်း အစီအစဉ်ရှိကြောင်း သိရသည်။
#mhtnews
(Zawgyi)
“သစ္သားျဖင့္ျပဳလုပ္ထားသည့္ ျမန္မာမႈအႏုပညာလက္ရာ အိမ္သုံးပစၥည္းမ်ား ျပည္တြင္းေဈးကြက္တြင္ အေရာင္းသြက္ေန”
သစ္သားျဖင့္ျပဳလုပ္ထားသည့္ ျမန္မာမႈအႏုပညာလက္ရာ အိမ္သုံးပစၥည္းမ်ား ျပဳလုပ္ေရာင္းခ်ေနရာ၌ ျပည္တြင္းေဈးကြက္တြင္ အေရာင္းသြက္ေနေၾကာင္း သိရသည္။
အဆိုပါ သစ္သားျဖင့္ျပဳလုပ္သည့္ ျမန္မာမႈအႏုပညာလက္ရာ အိမ္သုံးပစၥည္းမ်ားကို ျပည္တြင္းေဈးကြက္သို႔ ေဈးႏႈန္းသက္သာစြာျဖင့္ ထုတ္လုပ္ေရာင္းခ်လွ်က္ရွိရာ ပစၥည္းအမ်ိဳးအစားအလိုက္ ေငြက်ပ္ ၁၀၀၀ ေက်ာ္မွ ၁၀ သိန္းအထိရွိေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ျပည္တြင္း၌ အြန္လိုင္းမွတစ္ဆင့္ မွာယူသူမ်ားရွိေန၍ အေရာင္းသြက္ေနေၾကာင္း သပိတ္က်င္းၿမိဳ႕နယ္မွ ျမန္မာမႈအႏုပညာလက္ရာ အိမ္သုံးပစၥည္းမ်ား ထုတ္လုပ္ေရာင္းခ်သည့္လုပ္ငန္းရွင္ ေဒၚျပည့္ျပည့္က ေျပာသည္။
သစ္သားနဲ႕ျပဳလုပ္ထားတဲ့ ျမန္မာမႈအႏုပညာလက္ရာ အိမ္သုံးပစၥည္းအစုံလုပ္ၿပီးေတာ့ ေဈးကြက္အတြင္း ေရာင္းခ်ေပးပါတယ္။ လိုခ်င္တဲ့ ပစၥည္းအလိုက္ လာအပ္သမွ်ကိုလည္း အကုန္လုပ္ေပးပါတယ္။ ျပည္တြင္းေဈးကြက္ကိုပဲ အဓိကထုတ္လုပ္ေရာင္းခ်ၿပီး တ႐ုတ္နဲ႕ ထိုင္းကိုလည္း ပို႔ပါတယ္။ ခုေလာေလာဆယ္မွာေတာ့ အြန္လိုင္းစနစ္နဲ႕ ျပည္တြင္း၊ ျပည္ပမွာ ေရာင္းအားေကာင္းေနပါတယ္။ ျပည္တြင္းမွာယူမႈမ်ားတာက ဧည့္ခန္းမွာထားဖို႔ ျမန္မာရိုးရာ ဆြမ္းအုပ္ေတြ အမွာမ်ားပါတယ္။ ဆြမ္းအုပ္ကိုလည္း ပုဂံေခတ္က ဆြမ္းအုပ္မ်ိဳး ပိုၿပီးေရာင္းအားေကာင္းတယ္။ အခုေနာက္ပိုင္း ျမန္မာမႈပစၥည္းေတြကို အသုံးမ်ားလာတယ္။ သစ္သားနဲ႕ျပဳလုပ္ထားတဲ့ အိမ္သုံးပစၥည္းေတြကို ပလတ္စတစ္တို႔၊ ေႂကြတို႔နဲ႕ ျပဳလုပ္ထားတဲ့ ပစၥည္းေတြနဲ႕ ယွဥ္ၿပီး သုံးၾကည့္ပါ။ ေဈးကလည္း သူတို႔ထက္နည္းတဲ့အျပင္ ပစၥည္းအရည္အေသြးကလည္း ကြာျခားပါတယ္။ ဒါေၾကာင့္ ျပည္တြင္းေရာင္းခ်ရမႈမွာ အေရာင္းအဝယ္ေကာင္းလာပါတယ္ ဟု ၎ကရွင္းျပသည္။
သစ္သားျဖင့္ျပဳလုပ္ၿပီး ေဈးကြက္အတြင္း ေရာင္းခ်ေနသည့္ ျမန္မာလက္မႈအႏုပညာပစၥည္းမ်ားမွာ ဘုရားပလႅင္၊ ပန္းကန္ျပား၊ ပန္းကန္လုံး၊ ေကာ္ဖီခြက္၊ င႐ုတ္စုံ၊ စဥ္းတီတုံး၊ ေရႏြေးၾကမ္းခြက္၊ လက္ဖက္အစ္ခြက္၊ တူဘူး၊ သြားၾကားထိုးတံထည့္ဘူး၊ ဇြန္း၊ ေယာင္းမ၊ ဆြမ္းတင္ကလပ္၊ ဘုရားပန္းအိုး၊ ေဘာပင္ထည့္ဘူး၊ ဇြန္းထည့္ဘူး၊ ထမင္းအုပ္၊ က်န္းမာေရးေျခနင္းခြက္၊ ေဆးလိပ္ျပာခြက္ စသည့္ျဖင့္ လူသုံးကုန္အိမ္သုံးပစၥည္းမ်ားကို ေရာင္းခ်ေပးလ်က္ရွိေၾကာင္းႏွင့္ ၎အိမ္သုံးပစၥည္းမ်ားကို ေဈးေရာင္းပြဲျပဳလုပ္၍ ခင္းက်င္းျပသေရာင္းခ်သြားရန္လည္း အစီအစဥ္ရွိေၾကာင္း သိရသည္။
#mhtnews
Recent Comments