လောင်းလုံး၊ ဖေဖော်ဝါရီ ၆
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြိုနယ် ညင်းမော်ရွာနှင့် ရင်းဘုတ်ရွာအကြားရှိ ဥယျာဉ်ခြံတစ်ခုအနီးမှ သတ်ဖြတ်မြှုပ်နှံထားသည့် အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို ဖေဖော်ဝါရီ ၄ ရက်၊ နေ့လည်ပိုင်တွင် တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိများထံအကြောင်းကြားကာ အဆိုပါ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၅ ရက်တွင် တူးဖော်ခဲ့ကြောင်း သိရသည်။
သေဆုံးသူများ၏ ရုပ်အလောင်းများတွင် သေနတ်ဒဏ်ရာများ၊ ဦးခေါင်းရိုက်နှက်ခံထားရသည့်ဒဏ်ရာများကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုပြီး ၎င်းတို ၃ ဦးသည် စစ်ပြဲရွာမှ မောင်သားသားလေး၊ မောင်ကံကောင်းနှင့် မောင်တီဗီတိုဖြစ်ကာ ဖေဖော်ဝါရီ ၁ ရက်၊ ညနေပိုင်းတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ တွင် ၎င်းတို ၃ဦး သေဆုံးရသည့်အကြောင်းအရင်းကို သက်ဆိုင် တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
#mhtnews
(Zawgyi)
“လောင်းလုံးမြို့နယ် ဥယျာဉ်ခြံတစ်ခုအနီးမှာ မြေမြှုပ်ထားသည့် အမျိးသား ၃ ဦး၏ ရုပ်အလောင်းများတွေ့ရှိ”
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် ညင်းမော်ရွာနှင့် ရင်းဘုတ်ရွာအကြားရှိ ဥယျာဉ်ခြံတစ်ခုအနီးမှ သတ်ဖြတ်မြှုပ်နှံထားသည့် အမျိးသား ၃ ဦး၏ ရုပ်အလောင်းများကို ဖေဖော်ဝါရီ ၄ ရက်၊ နေ့လည်ပိုင်တွင် တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိများထံအကြောင်းကြားကာ အဆိုပါ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၅ ရက်တွင် တူးဖော်ခဲ့ကြောင်း သိရသည်။
သေဆုံးသူများ၏ ရုပ်အလောင်းများတွင် သေနတ်ဒဏ်ရာများ၊ ဦးခေါင်းရိုက်နှက်ခံထားရသည့်ဒဏ်ရာများကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုပြီး ၎င်းတို့ ၃ ဦးသည် စစ်ပြဲရွာမှ မောင်သားသားလေး၊ မောင်ကံကောင်းနှင့် မောင်တီဗီတို့ဖြစ်ကာ ဖေဖော်ဝါရီ ၁ ရက်၊ ညနေပိုင်းတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့ ၃ဦး သေဆုံးရသည့်အကြောင်းအရင်းကို သက်ဆိုင် တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
#mhtnews
Recent Comments