လုပ်ငန်းရှင်တစ်ဦးထံမှ ဒေါ်လာငါးသိန်းခွဲ ရယူလာဘ်စားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုပုဒ်မနဲ့ ထပ်မံအမှုဖွင့်ထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ဆောင်ရွက်လျက်ရှိတဲ့ စီးပွားရေးလုပ်ငန်းများနဲ့ စပ်လျဉ်းလို့ လုပ်ငန်းများ အဆင်ပြေစေဖို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်းငွေအဖြစ်အကြောင်းပြပြီး ပေးအပ်တဲ့ ဒေါ်လာ ၅၅၀၀၀၀ (ငါးသိန်းငါးသောင်း) ကို ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း လေးကြိမ်ခွဲပြီး တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့တဲ့အတွက် သူမကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)နယ် မြေရဲစခန်းမှာ ဖေဖော်ဝါရီ (၃) ရက်က ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းထံမှ အမေရိကန် ဒေါ်လာ ၆၀၀၀၀၀ (ခြောက်သိန်း)နဲ့ အကယ်ဒမီ အခေါက်ရွှေ ၇ ပိဿာတို့ကို သုံးကြိမ်ခွဲပြီး လက်ခံရယူခဲ့တဲ့အပြင် ဒေါ်ခင်ကြည်ဖောင် ဒေးရှင်း(ရုံးချုပ်)ဖွင့်လှစ်ဖို့ မြေ ၁ ဒသမ ၈၆ ဧကနဲ့ အဆောက်အဦတို့ကိုလည်း ထိုက်သင့်တဲ့တန်ဖိုးမပေးဘဲ လျော့နည်းသက်သာတဲ့နှုန်းထားနဲ့ သူ့သဘောသူဆောင် ငှားရမ်းဆောင်ရွက်ခဲ့တာကြောင့် နိုင်ငံတော်အတွက် ငွေကျပ်သန်း ၅၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ရသလို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် နေပြည်တော်ရှိ လရောင်တော စိုက်ပျိုး သက်မွေးပညာ သင်တန်းကျောင်းစီမံကိန်းဆောင်ရွက်ဖို့ ဥတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ ၁၀၁ ဒသမ ၃၃ ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ထံမှ လျှောက်ထားရယူခဲ့ရာမှာလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းမဟုတ်ဘဲ ထိုက်သင့်တဲ့တန်ဖိုး ထက် များစွာလျော့နည်းပြီး ပေးချေခဲ့တဲ့အတွက် နိုင်ငံတော်မှ ငွေကျပ် ၁၉ ဘီလျံကျော် နစ်နာဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
#mhtnews
(Zawgyi)
“လုပ္ငန္းရွင္တစ္ဦးထံမွ ေဒၚလာ ၅ သိန္းခြဲ လာဘ္စားခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိပုဒ္မနဲ႕ ထပ္မံအမႈဖြင့္”
လုပ္ငန္းရွင္တစ္ဦးထံမွ ေဒၚလာငါးသိန္းခြဲ ရယူလာဘ္စားခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိလိုက္စားမႈပုဒ္မနဲ႕ ထပ္မံအမႈဖြင့္ထားေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ရဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။
နိုဗယ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ နိုင္ငံေရးရာထူး လက္ရွိျဖစ္ခဲ့စဥ္ ပုဂၢလိက လုပ္ငန္းရွင္တစ္ဦးက ေဆာင္႐ြက္လ်က္ရွိတဲ့ စီးပြားေရးလုပ္ငန္းမ်ားနဲ႕ စပ္လ်ဥ္းလို႔ လုပ္ငန္းမ်ား အဆင္ေျပေစဖို႔ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း လႉဒါန္းေငြအျဖစ္အေၾကာင္းျပၿပီး ေပးအပ္တဲ့ ေဒၚလာ ၅၅၀၀၀၀ (ငါးသိန္းငါးေသာင္း) ကို ၂၀၁၉ ခုႏွစ္နဲ႕ ၂၀၂၀ ျပည့္ႏွစ္အတြင္း ေလးႀကိမ္ခြဲၿပီး တံစိုးလက္ေဆာင္အျဖစ္ လက္ခံရယူခဲ့တဲ့အတြက္ သူမကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ အရ ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္၊ အမွတ္(၅)နယ္ ေျမရဲစခန္းမွာ ေဖေဖာ္ဝါရီ (၃) ရက္က ပထမ သတင္းေပးတိုင္ၾကားခ်က္ဖြင့္လွစ္ၿပီး တရားစြဲဆိုအေရးယူနိုင္ေရး ေဆာင္႐ြက္လ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ဟာ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္းထံမွ အေမရိကန္ ေဒၚလာ ၆၀၀၀၀၀ (ေျခာက္သိန္း)နဲ႕ အကယ္ဒမီ အေခါက္ေ႐ႊ ၇ ပိႆာတို႔ကို သုံးႀကိမ္ခြဲၿပီး လက္ခံရယူခဲ့တဲ့အျပင္ ေဒၚခင္ၾကည္ေဖာင္ ေဒးရွင္း(႐ုံးခ်ဳပ္)ဖြင့္လွစ္ဖို႔ ေျမ ၁ ဒသမ ၈၆ ဧကနဲ႕ အေဆာက္အဦတို႔ကိုလည္း ထိုက္သင့္တဲ့တန္ဖိုးမေပးဘဲ ေလ်ာ့နည္းသက္သာတဲ့ႏႈန္းထားနဲ႕ သူ႕သေဘာသူေဆာင္ ငွားရမ္းေဆာင္႐ြက္ခဲ့တာေၾကာင့္ နိုင္ငံေတာ္အတြက္ ေငြက်ပ္သန္း ၅၂၀၀ ေက်ာ္ နစ္နာဆုံးရႈံးခဲ့ရသလို ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းအတြက္ ေနျပည္ေတာ္ရွိ လေရာင္ေတာ စိုက္ပ်ိဳး သက္ေမြးပညာ သင္တန္းေက်ာင္းစီမံကိန္းေဆာင္႐ြက္ဖို႔ ဥတၱရသီရိၿမိဳ႕နယ္ရွိ ေျမဧရိယာ ၁၀၁ ဒသမ ၃၃ ဧကႏွင့္ ပုဗၺသီရိၿမိဳ႕နယ္ရွိ ေျမဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို ေနျပည္ေတာ္စည္ပင္သာယာေရး ေကာ္မတီ ထံမွ ေလွ်ာက္ထားရယူခဲ့ရာမွာလည္း လုပ္ထုံးလုပ္နည္းႏွင့္အညီ ေဆာင္႐ြက္ျခင္းမဟုတ္ဘဲ ထိုက္သင့္တဲ့တန္ဖိုး ထက္ မ်ားစြာေလ်ာ့နည္းၿပီး ေပးေခ်ခဲ့တဲ့အတြက္ နိုင္ငံေတာ္မွ ေငြက်ပ္ ၁၉ ဘီလ်ံေက်ာ္ နစ္နာဆုံးရႈံးခဲ့ရတယ္လို႔ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။
#mhtnews
Recent Comments