ရှေးဟောင်းအမွေအနှစ်ဧရိယာအတွင်း ရှေးဟောင်းပစ္စည်းများ၊ လက်ရာများကို ထိခိုက်စေနိုင်သည့် လုပ်ငန်းလုပ်ဆောင်မှုများမရှိစေရေး ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တာဝန်ရှိသူများအား မှာကြားလိုက်သည်။

နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၉ ရက်က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိသနိုးမြို့ဟောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ထိုသို့မှာကြားပြောဆိုခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းသည် တန်ဖိုးဖြတ်၍ မရသည့်အတွက် ရှေးဟောင်းအမွေအနှစ်နေရာများနှင့် ပတ်ဝန်းကျင်တစ်ဝိုက်ကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်နှင့် မြေအောက်တွင်ရောက်ရှိနေသည့် မြို့ရိုးများနှင့် ရှေးဟောင်းလက်ရာအမွေအနှစ်များသည် ထိခိုက်ပျက်စီးနိုင်မည်ဖြစ်သဖြင့် တူးဖော်မှုများကို အမြန်ဆုံးဆောင်ရွက်ရန်လည်း မှာကြားပြောဆိုခဲ့သည်။

ထို့ပြင် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များတွင်လည်း ရှေးဟောင်းယဥ်ကျေးမှု သမိုင်း အမွေအနှစ်များနှင့်ပတ်သက်သည်များကို ပညာပေးထည့်သွင်းသင်ကြားရန် တိုက်တွန်း မှာကြားခဲ့ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ေရွးေဟာင္းအေမြအႏွစ္ဧရိယာအတြင္း ေရွးေဟာင္းလက္ရာမ်ား ထိခိုက္ေစမည့္ လုပ္ငန္းမလုပ္ၾကဖို႔ ဥပေဒႏွင့္အညီတားျမစ္ရန္ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လွိုင္ မွာၾကား”

ေရွးေဟာင္းအေမြအႏွစ္ဧရိယာအတြင္း ေရွးေဟာင္းပစၥည္းမ်ား၊ လက္ရာမ်ားကို ထိခိုက္ေစနိုင္သည့္ လုပ္ငန္းလုပ္ေဆာင္မႈမ်ားမရွိေစေရး ဥပေဒႏွင့္အညီ ထိန္းသိမ္းေဆာင္႐ြက္ရန္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က တာဝန္ရွိသူမ်ားအား မွာၾကားလိုက္သည္။

နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားသည္ ေဖေဖာ္ဝါရီ ၉ ရက္က ကမၻာ့အေမြအႏွစ္စာရင္းဝင္ ဗိသနိုးၿမိဳ႕ေဟာင္းသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးစဥ္ ထိုသို႔မွာၾကားေျပာဆိုခဲ့ျခင္းျဖစ္သည္။

ဆက္လက္၍ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ကမၻာ့အေမြအႏွစ္စာရင္းဝင္ ပ်ဴၿမိဳ႕ေဟာင္းသည္ တန္ဖိုးျဖတ္၍ မရသည့္အတြက္ ေရွးေဟာင္းအေမြအႏွစ္ေနရာမ်ားႏွင့္ ပတ္ဝန္းက်င္တစ္ဝိုက္ကို စနစ္တက် ထိန္းသိမ္းေဆာင္႐ြက္ရန္ႏွင့္ ေျမေအာက္တြင္ေရာက္ရွိေနသည့္ ၿမိဳ႕ရိုးမ်ားႏွင့္ ေရွးေဟာင္းလက္ရာအေမြအႏွစ္မ်ားသည္ ထိခိုက္ပ်က္စီးနိုင္မည္ျဖစ္သျဖင့္ တူးေဖာ္မႈမ်ားကို အျမန္ဆုံးေဆာင္႐ြက္ရန္လည္း မွာၾကားေျပာဆိုခဲ့သည္။

ထို႔ျပင္ အေျခခံပညာေက်ာင္းမ်ား၊ တကၠသိုလ္မ်ားတြင္လည္း ေရွးေဟာင္းယဥ္ေက်းမႈ သမိုင္း အေမြအႏွစ္မ်ားႏွင့္ပတ္သက္သည္မ်ားကို ပညာေပးထည့္သြင္းသင္ၾကားရန္ တိုက္တြန္း မွာၾကားခဲ့ေၾကာင္း သိရသည္။

#mhtnews