ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြိုနယ်၊ သပြေတန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးတစ်ဦး၏ နေအိမ်ရှေ့သို PDF အကြမ်းဖက်ဝမား ၂ ဦးက ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၁၁ နာရီကျော်အချိန့်ခန့်တွင် လက်လုပ်ဗုံး ၂ လုံး လာရောက်ဖော်ခွဲခဲ့ပြီး ထိုမှတစ်ဆင့် ကုန်းကြီးကျေးအုပ်စုအတွင်း ကိုဗစ်- ၁၉ ရောဂါ သံသယလူနာများထားရှိရန် ပြုလုပ်ထားသည့် ကွာရန်တင်းစင်တာတစ်ခုကိုပါ မီးရှိဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
“သပြေတန်းရွာမှာ ဗုံးခွဲပြီးတော့မှ Q စင်တာကို မီးလာရှိတာ။ သပြေတန်းရွာနဲ့ Q စင်တာက သိပ်မဝေးဘူးလေ။ ဗုံးခွဲမှုဖြစ်စဥ်မှာတော့ ထိခိုက်မှုဘာမှမရှိဘူး။ မီးလောင်တာကိုလည်း အချိန်မီသိလိုက်တော့ ရွာသားတွေဝိုင်းပြီး မီးသတ်လိုက်တာ အမိုး ပေ ၂၀ လောက်ပဲ လောင်သွားတယ်။ ဗုံးခွဲတဲ့သူနဲ့ မီးလာရှိတဲ့သူက အတူတူပဲဆိုတာ သိရတယ်။ ဘယ်သူဘယ်ဝါဆိုတာလည်း ကျွန်တော်တို သိရတယ်။ ဒါပေမယ့် အခုတော့ ထွက်ပြေးနေတယ်။ ဖမ်းဆီးရမိရေး ကျွန်တော်တို ဆောင်ရွက်နေပါတယ်။” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ကွာရန်တင်းစင်တာကို ကုန်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲနှင့် ဒေသခံ ပရဟိတအဖွဲများမှစုပေါင်းကာ ကိုဗစ်- ၁၉ ရောဂါ သံသယလူနာများနှင့် အမြိုမြိုအနယ်နယ်မှ ပြန်လည်ဝင်ရောက်လာသူများကို ထားရှိစောင့်ကြည့်ရန် ဆောက်လုပ်ထားခြင်းဖြစ်ပြီး လူဦးရေ ၁၂၀ ဦးခန့် ထားရှိနိုင်ကာ လက်ရှိတွင် လူတစ်ဦးမှ မထားရှိရသေးကြောင်း သိရသည်။
#mhtnews
(Zawgyi)
“ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှုးနေအိမ်ရှေ့၌ PDF အကြမ်းဖက်က လက်လုပ်ဗုံး ၂ လုံးဖောက်ခွဲပြီး ကုန်းကြီးကျေးရွာအနီးရှိ ကွာရန်တင်းစင်တာတစ်ခုကို မီးရှိ့ဖျက်ဆီး”
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးတစ်ဦး၏ နေအိမ်ရှေ့သို့ PDF အကြမ်းဖက်ဝမား ၂ ဦးက ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၁၁ နာရီကျော်အချိန့်ခန့်တွင် လက်လုပ်ဗုံး ၂ လုံး လာရောက်ဖော်ခွဲခဲ့ပြီး ထိုမှတစ်ဆင့် ကုန်းကြီးကျေးအုပ်စုအတွင်း ကိုဗစ်- ၁၉ ရောဂါ သံသယလူနာများထားရှိရန် ပြုလုပ်ထားသည့် ကွာရန်တင်းစင်တာတစ်ခုကိုပါ မီးရှိ့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ကွာရန်တင်းစင်တာကို ကုန်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံ ပရဟိတအဖွဲ့များမှစုပေါင်းကာ ကိုဗစ်- ၁၉ ရောဂါ သံသယလူနာများနှင့် အမြို့မြို့အနယ်နယ်မှ ပြန်လည်ဝင်ရောက်လာသူများကို ထားရှိစောင့်ကြည့်ရန် ဆောက်လုပ်ထားခြင်းဖြစ်ပြီး လူဦးရေ ၁၂၀ ဦးခန့် ထားရှိနိုင်ကာ လက်ရှိတွင် လူတစ်ဦးမှ မထားရှိရသေးကြောင်း သိရသည်။
#mhtnews