ရေတာရှည်၊ ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှာမြိုနယ်၌ ယမန်နေ့ ည ၈ နာရီအချိန်ခန့်စတင်ကာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်ပေါ်ပြီး သိုင်းဝကျေးရွာအုပ်စု အမတ်ကြီးခုံကျေးရွာရှိ ဘုန်းကြီးကျောင်းအနီးမှ ထန်းပင်တစ်ပင် မိုးကြိုးထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ည ၈ နာရီလောက်မှာ မိုးတွေချုန်းပြီး လေရော မိုးရောကျလာတာ မိုးသီးတွေတောင်ကျတယ်။ ကျောင်းနားက ထန်းပင်တစ်ပင်လည်း မိုးကြိုးထိမှန်သွားတယ်ဗျ။ တစ်သက်နဲ့တစ်ကိုယ် မိုးကြိုးပစ်တယ်တာ ဒီတစ်ခါပဲ မြင်ဖူးသေးတယ်။ ကျောင်းဝန်းထဲက သစ်ပင်နှစ်ပင် လဲကျသွားပြီး ကြီးကြီးမားမား ထိခိုက်ပျက်စီတာတော့ မရှိပါဘူး။ အခြားနေရာတွေမှာလည်း ထိခိုက်ပျက်စီးတာမရှိဘူး။” ဟု ဒေသခံတစ်ဦးက MHT ကိုပြောသည်။
#mhtnews

(Zawgyi)
ရေတာရှည်မြို့နယ်၌ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်ပေါ်ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းအနီးရှိ ထန်းပင်တစ်ပင် မိုးကြိုးထိမှန်

ရေတာရှည်၊ ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှာမြို့နယ်၌ ယမန်နေ့ ည ၈ နာရီအချိန်ခန့်စတင်ကာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်ပေါ်ပြီး သိုင်းဝကျေးရွာအုပ်စု အမတ်ကြီးခုံကျေးရွာရှိ ဘုန်းကြီးကျောင်းအနီးမှ ထန်းပင်တစ်ပင် မိုးကြိုးထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

#mhtnews