ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြိုနယ်၌ လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် အမျိုးသမီးတစ်ဦးကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို၏တောင်ဘက် ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးရှိ တောင်နန်ချွန်ကျေးရွာအနီး၌ လုံခြုံရေးပူးပေါင်းတပ်ဖွဲမှ စစ်ဆေးမှုများဆောင်ရွက်နေစဉ် အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့်ဆိုင်ကယ်ကို စစ်ဆေးရာခဲ့ရာ ၎င်းမောင်းနှင်လာသည့်ဆိုင်ကယ်ပေါ်ရှိ စက္ကူဖာအတွင်းမှ လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ဆားကတ်ပြား၊ လက်လုပ်မိုင်းထိမ်းချုပ်ရေး ဆက်စပ် ပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ အဆိုပါ အမျိုးသမီးရို ဖမ်းဆီးထိမ်းသိမ်းထားကာ ၎င်း၏ထွက်ဆိုချက်များအရ ကွင်းဆက်တရားခံများကိုလည်း ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ရေတာရှည်မြို့နယ်၌ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိးသမီးတစ်ဦးထံမှ ဖောက်ခွဲရေးသုံးဆက်စပ်ပစ္စည်းများတွေ့ရှိ”

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် အမျိးသမီးတစ်ဦးကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့၏တောင်ဘက် ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးရှိ တောင်နန်ချွန်ကျေးရွာအနီး၌ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်နေစဉ် အမျိးသမီးတစ်ဦးမောင်းနှင်လာသည့်ဆိုင်ကယ်ကို စစ်ဆေးရာခဲ့ရာ ၎င်းမောင်းနှင်လာသည့်ဆိုင်ကယ်ပေါ်ရှိ စက္ကူဖာအတွင်းမှ လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ဆားကတ်ပြား၊ လက်လုပ်မိုင်းထိမ်းချုပ်ရေး ဆက်စပ် ပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ အဆိုပါ အမျိးသမီးရို ဖမ်းဆီးထိမ်းသိမ်းထားကာ ၎င်း၏ထွက်ဆိုချက်များအရ ကွင်းဆက်တရားခံများကိုလည်း ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#mhtnews