ရုရှား- ယူကရိန်းအရေး တင်းမာမှုပြဿနာတွေနဲ့ပတ်သက်လို ကုလသမဂ္ဂလုံခြုံရေးကောင်းစီက အရေးပေါ်အစည်းအဝေးတစ်ခုကို ယနေ့မှာ ခေါ်ယူကျင်းပသွားမယ်လို သိရပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ဖက်ဒေသမှာရှိတဲ့ ခွဲထွက်နယ်မြေ နှစ်ခုဖြစ်တဲ့ Luhansk နဲ့ Donetsk တိုကို “Luhansk People’s Republic (LPR)” နဲ့ “Donetsk People’s Republic (DPR)” ဆိုတဲ့ လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်ဒေသတွေအဖြစ် အသိအမှတ်ပြုကြောင်း ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ယမန်နေ့မှာ လက်မှတ်ရေးထိုးခဲ့တာနဲ့ပတ်သက်ပြီး ယူကရိန်းရဲ့တောင်းဆိုမှုအရ ခုလို အရေးပေါ်အစည်းအဝေးကျင်းပရတာဖြစ်တယ်လိုဆိုပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ကလဲ ဖေဖော်ဝါရီ ၂၃ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံဆွေးနွေးဖို ယနေ့နံနက်ပိုင်းက ထပ်မံဖုန်းခေါ်ဆိုခဲ့ကြောင်း Dmytro Kuleba က သူ့ရဲ့တွစ်တာမှာဖော်ပြခဲ့ပြီး အမေရိကန်ကတော့ ယူကရိန်းမှာကျန်နေတဲ့ သူတိုရဲ့သံတမန်တွေကို ပိုလန်နိုင်ငံဆီရွှေ့ပြောင်းဖို စီစဉ်နေကြောင်း သိရပါတယ်။
ဓာတ်ပုံ= ပုံဟောင်း
#mhtnews

(Zawgyi)
“ရုရှား- ယူကရိန်း တင်းမာမှုပြဿနာများနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကျင်းပမည်”

ရုရှား- ယူကရိန်းအရေး တင်းမာမှုပြဿနာတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်းစီက အရေးပေါ်အစည်းအဝေးတစ်ခုကို ယနေ့မှာ ခေါ်ယူကျင်းပသွားမယ်လို့ သိရပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ဖက်ဒေသမှာရှိတဲ့ ခွဲထွက်နယ်မြေ နှစ်ခုဖြစ်တဲ့ Luhansk နဲ့ Donetsk တိုကို “Luhansk People’s Republic (LPR)” နဲ့ “Donetsk People’s Republic (DPR)” ဆိုတဲ့ လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်ဒေသတွေအဖြစ် အသိအမှတ်ပြုကြောင်း ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ယမန်နေ့မှာ လက်မှတ်ရေးထိုးခဲ့တာနဲ့ပတ်သက်ပြီး ယူကရိန်းရဲ့တောင်းဆိုမှုအရ ခုလို အရေးပေါ်အစည်းအဝေးကျင်းပရတာဖြစ်တယ်လို့ဆိုပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ကလဲ ဖေဖော်ဝါရီ ၂၃ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံဆွေးနွေးဖို့ ယနေ့နံနက်ပိုင်းက ထပ်မံဖုန်းခေါ်ဆိုခဲ့ကြောင်း Dmytro Kuleba က သူ့ရဲ့တွစ်တာမှာဖော်ပြခဲ့ပြီး အမေရိကန်ကတော့ ယူကရိန်းမှာကျန်နေတဲ့ သူတို့ရဲ့သံတမန်တွေကို ပိုလန်နိုင်ငံဆီရွှေ့ပြောင်းဖို စီစဉ်နေကြောင်း သိရပါတယ်။
ဓာတ်ပုံ= ပုံဟောင်း
#mhtnews