ရုရှား- ယူကရိန်းအရေးကြောင့် ကမ္ဘာ့ ရေနံစိမ်း စျေးနှုန်းများ မြင့်တက်လာခဲ့ရာမှ ပြည်တွင်းစက်သုံးဆီစျေးနှုန်းများလည်း မြင့်တက်လျှက်ရှိပြီး ရန်ကုန်စျေးကွက်အတွင်း၌ 92 တစ်လီတာလျှင် ၁၇၄၅ ကျပ်သို ရောက်ရှိခဲ့ကာ 95 တစ်လီတာလျှင် ၁၈၀၀ ကျပ်သိုလည်းကောင်း၊ ရိုးရိုးဒီဇယ်တစ် လီတာလျှင် ၁၇၂၀ ကျပ်၊ ပရီမီယံဒီဇယ်တစ် လီတာလျှင် ၁၇၃၀ ကျပ်သိုလည်းကောင်း အသီးသီး ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရုရှား- ယူကရိန်းအရေး မဖြစ်ပေါ်မီကပင် ပြည်တွင်း စက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာလျှင် ၁၇၁၅ ကျပ်၊ 95 တစ်လီ တာလျှင် ကျပ် ၁၇၇၀၊ ရိုးရိုးဒီဇယ်တစ်လီတာ လျှင် ၁၆၉၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ လျှင် ကျပ် ၁၇၀၀ တွင် ရှိခဲ့သည်။

ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းမှာလည်း ရုရှားစစ်ပွဲ မစတင်မီက တစ်ပေပါလျှင် ဒေါ်လာ ၇၀ ကျော် ရှိခဲ့သော်လည်း စစ်ပွဲစတင်လိုက်ချိန်တွင် တစ်ပေပါလျှင် ဒေါ်လာ ၁၀၀ သို စတင်ရောက်ရှိခဲ့ပြီး လက်ရှိတွင် ဒေါ်လာ ၁၀၀ ကျော်တွင် ရှိနေကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ရုရှား- ယူကရိန်းအရေးကြောင့် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းများ မြင့်တက်ခဲ့ရာမှ ရန်ကုန်ဈေးကွက်အတွင်း 92 တစ်လီတာ လျှင် ၁၇၄၅ ကျပ်သို့ရောက်ရှိလာ”

ရုရှား- ယူကရိန်းအရေးကြောင့် ကမ္ဘာ့ ရေနံစိမ်း ဈေးနှုန်းများ မြင့်တက်လာခဲ့ရာမှ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်လျှက်ရှိပြီး ရန်ကုန်ဈေးကွက်အတွင်း၌92 တစ်လီတာလျှင် ၁၇၄၅ ကျပ်သို့ ရောက်ရှိခဲ့ကာ 95 တစ်လီတာလျှင် ၁၈၀၀ ကျပ်သို့လည်းကောင်း၊ ရိုးရိုးဒီဇယ်တစ် လီတာလျှင် ၁၇၂၀ ကျပ်၊ ပရီမီယံဒီဇယ်တစ် လီတာလျှင် ၁၇၃၀ ကျပ်သို့လည်းကောင်း အသီးသီး ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရုရှား- ယူကရိန်းအရေး မဖြစ်ပေါ်မီကပင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာလျှင် ၁၇၁၅ ကျပ်၊ 95 တစ်လီ တာလျှင် ကျပ် ၁၇၇၀၊ ရိုးရိုးဒီဇယ်တစ်လီတာ လျှင် ၁၆၉၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ လျှင် ကျပ် ၁၇၀၀ တွင် ရှိခဲ့သည်။

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာလည်း ရုရှားစစ်ပွဲ မစတင်မီက တစ်ပေပါလျှင် ဒေါ်လာ ၇၀ ကျော် ရှိခဲ့သော်လည်း စစ်ပွဲစတင်လိုက်ချိန်တွင် တစ်ပေပါလျှင် ဒေါ်လာ ၁၀၀ သို့ စတင်ရောက်ရှိခဲ့ပြီး လက်ရှိတွင် ဒေါ်လာ ၁၀၀ ကျော်တွင် ရှိနေကြောင်း သိရသည်။
#mhtnews