ရုရှားနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုအသစ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘိုင်ဒန်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ကြေညာခဲ့သည်။ ယခုအကြိမ် ပိတ်ဆို့မှုတွင် ရုရှားနိုင်ငံပိုင် Sberbank ၊ အခြား ဘဏ္ဍာရေးအဖွဲ့အစည်းကြီး ၄ ခုအပြင် ရုရှားအစိုးရနှင့်ဆက်စပ်နေသည့် လူပုဂ္ဂိုလ်နှင့် ၎င်းတို့၏မိသားစုဝင်များ ပါဝင်ကြောင်း သိရသည်။

နောက်ဆုံး ပိတ်ဆို့အရေးယူမှု၌ အထက်ဖော်ပြပါ ရုရှား ဘဏ္ဍာရေးအဖွဲ့အစည်း ၄ ခု၏ အမေရိကန်နိုင်ငံရှိ ပိုင်ဆိုင်မှုများကို ပိတ်ဆို့ခြင်း၊ ရုရှား၏ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ဗြိတိန်စတာလင်ပေါင်၊ ဂျပန်ယန်းငွေ အသုံးပြု ကုန်စည်ကူးသန်းရောင်းဝယ်မှုကို ကန့်သတ်ခြင်း၊ ရုရှား စစ်ရေးအင်အား တောင့်တင်းစေမည့် ငွေကြေးအရင်းအမြစ်များအား ဖြတ်တောက်ခြင်း၊ သိပ္ပံနည်းပညာကဏ္ဍတွင် ရုရှား၏တင်ပို့မှုအား ထိန်းချုပ်ခြင်းနှင့် ယှဉ်ပြိုင်မှုအား‌လျှော့ချခြင်းတို့ ပါဝင်သည်။

ဘိုင်ဒန်က ဖေဖော်ဝါရီ ၂၄ ရက်တွင် မိန့်ခွန်းပြောကြားရာ ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအသစ်များ ဆောင်ရွက်သွားမည်ဖြစ်ပြီး နေတိုးမဟာမိတ်များ၏ လုံခြုံရေး အာမခံချက် ရှိစေရန် လျင်မြန်စွာတုန့်ပြန်ရေးတပ်ဖွဲ့များ နေရာချထားခြင်း၊ ဂျာမနီနိုင်ငံသို့ တပ်ဖွဲ့ဝင်ထပ်တိုးစေလွှတ်ခြင်းစသည်တို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သော်လည်း ယခုအချိန်တွင် ယူကရိန်း တစ်နိုင်ငံတည်းသာ တိုက်ပွဲဝင်နေရပြီး မည်သည့်နိုင်ငံကမျှ ယူကရိန်းသို့ စစ်တပ်စေလွှတ်မည့် အာမခံချက် မပေးထားကြကြောင်း ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီး က ပြော​ဆိုထားသည်။

(ZAWGYI)

“႐ုရွားအေပၚ အေမရိကန္၏ပိတ္ဆို႔မႈမ်ား ထပ္တိုးခ်မွတ္”

႐ုရွားနိုင္ငံအေပၚ စီးပြားေရး ပိတ္ဆို႔မႈအသစ္မ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဘိုင္ဒန္က ေဖေဖာ္ဝါရီ ၂၄ ရက္တြင္ ေၾကညာခဲ့သည္။ ယခုအႀကိမ္ ပိတ္ဆို႔မႈတြင္ ႐ုရွားနိုင္ငံပိုင္ Sberbank ၊ အျခား ဘ႑ာေရးအဖြဲ႕အစည္းႀကီး ၄ ခုအျပင္ ႐ုရွားအစိုးရႏွင့္ဆက္စပ္ေနသည့္ လူပုဂၢိုလ္ႏွင့္ ၎တို႔၏မိသားစုဝင္မ်ား ပါဝင္ေၾကာင္း သိရသည္။

ေနာက္ဆုံး ပိတ္ဆို႔အေရးယူမႈ၌ အထက္ေဖာ္ျပပါ ႐ုရွား ဘ႑ာေရးအဖြဲ႕အစည္း ၄ ခု၏ အေမရိကန္နိုင္ငံရွိ ပိုင္ဆိုင္မႈမ်ားကို ပိတ္ဆို႔ျခင္း၊ ႐ုရွား၏ အေမရိကန္ေဒၚလာ၊ ယူရိုေငြ၊ ၿဗိတိန္စတာလင္ေပါင္၊ ဂ်ပန္ယန္းေငြ အသုံးျပဳ ကုန္စည္ကူးသန္းေရာင္းဝယ္မႈကို ကန႔္သတ္ျခင္း၊ ႐ုရွား စစ္ေရးအင္အား ေတာင့္တင္းေစမည့္ ေငြေၾကးအရင္းအျမစ္မ်ားအား ျဖတ္ေတာက္ျခင္း၊ သိပၸံနည္းပညာက႑တြင္ ႐ုရွား၏တင္ပို႔မႈအား ထိန္းခ်ဳပ္ျခင္းႏွင့္ ယွဥ္ၿပိဳင္မႈအားေလွ်ာ့ခ်ျခင္းတို႔ ပါဝင္သည္။

ဘိုင္ဒန္က ေဖေဖာ္ဝါရီ ၂၄ ရက္တြင္ မိန႔္ခြန္းေျပာၾကားရာ ႐ုရွားနိုင္ငံအေပၚ စီးပြားေရးပိတ္ဆို႔မႈအသစ္မ်ား ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ေနတိုးမဟာမိတ္မ်ား၏ လုံၿခဳံေရး အာမခံခ်က္ ရွိေစရန္ လ်င္ျမန္စြာတုန႔္ျပန္ေရးတပ္ဖြဲ႕မ်ား ေနရာခ်ထားျခင္း၊ ဂ်ာမနီနိုင္ငံသို႔ တပ္ဖြဲ႕ဝင္ထပ္တိုးေစလႊတ္ျခင္းစသည္တို႔ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားခဲ့ေသာ္လည္း ယခုအခ်ိန္တြင္ ယူကရိန္း တစ္နိုင္ငံတည္းသာ တိုက္ပြဲဝင္ေနရၿပီး မည္သည့္နိုင္ငံကမွ် ယူကရိန္းသို႔ စစ္တပ္ေစလႊတ္မည့္ အာမခံခ်က္ မေပးထားၾကေၾကာင္း ယူကရိန္းနိုင္ငံ သမၼတ ဇယ္လန္းစကီး က ေျပာဆိုထားသည္။