ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်နိုင်ငံသမ္မတတို့ တွေ့ဆုံမှုဟာ တရုတ်-ရုရှား ဆက်ဆံရေးကို အားအင်များ ပိုမိုဖြည့်တင်းလိုက်သကဲ့သို့ ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန်က ဖေဖော်ဝါရီ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဖော်ဖော်ဝါရီ ၄ ရက်က တရုတ်နိုင်ငံမှာပြုလုပ်တဲ့ ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းကို လူကိုယ်တိုင်တက်ရောက်ခဲ့တာဖြစ်ပြီး တရုတ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ ဆင်ဟွာသတင်းအရ သိရပါတယ်။

တရုတ်သမ္မတ ရှီကျင်းဖိန်အတွက် ယခုလို ကမ္ဘာ့ခေါင်းဆောင်တစ်ဦးနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံမှုဟာ နှစ်နှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်းဖြစ်ပါတယ်။

တရာတ်သမ္မတက လွန်ခဲ့တဲ့ ၈ နှစ်ကြာကာလဖြစ်တဲ့ ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံ ဆိုချီ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ချိန်ကို ပြန်ပြောင်းအောက်မေ့မိတယ်လို့ ပြောကြားခဲ့ပြီး ရုရှားသမ္မတ ပူတင်ရဲ့ ခရီးစဉ်ဟာ “ဆောင်းရာသီအိုလံပစ်အတွက် အတူတကွရှိခြင်း” ကို လက်တွေ့အကောင်အထည်ဖော်ခြင်းလည်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ “ကျွန်တော် ရှီကျင်းပင်နဲ့ သိတာ ကြာပါပြီ။ မိတ်ဆွေကောင်း၊ နိုင်ငံရေးသမားကောင်းတွေအနေနဲ့ ကမ္ဘာ့အရေးတွေကို ဖြေရှင်းရာမှာ တူညီတဲ့အမြင်တွေရှိခဲ့ပြီး နီးစပ်တဲ့ ဆက်ဆံရေးကိုလည်း အမြဲတမ်း ထိန်းသိမ်းထားပါတယ်” လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

#mhtnews

(Zawgyi)

“႐ုရွားနိုင္ငံသမၼတ ပူတင္ႏွင့္ ေတြ႕ဆုံျခင္းက တ႐ုတ္-႐ုရွား ဆက္ဆံေရးကို အားအင္မ်ားထပ္မံျဖည့္တင္းလိုက္သကဲ့သို႔ျဖစ္ေၾကာင္း တ႐ုတ္သမၼတ ရွီက်င့္ဖိန္ ေျပာ”

႐ုရွားနိုင္ငံသမၼတ ဗလာဒီမာပူတင္နဲ႕ တ႐ုတ္နိုင္ငံသမၼတတို႔ ေတြ႕ဆုံမႈဟာ တ႐ုတ္-႐ုရွား ဆက္ဆံေရးကို အားအင္မ်ား ပိုမိုျဖည့္တင္းလိုက္သကဲ့သို႔ ျဖစ္ေၾကာင္း တ႐ုတ္သမၼတ ရွီက်င့္ဖိန္က ေဖေဖာ္ဝါရီ ၄ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

႐ုရွားသမၼတ ဗလာဒီမာပူတင္ဟာ ေဖာ္ေဖာ္ဝါရီ ၄ ရက္က တ႐ုတ္နိုင္ငံမွာျပဳလုပ္တဲ့ ေပက်င္းေဆာင္းရာသီအိုလံပစ္ၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းကို လူကိုယ္တိုင္တက္ေရာက္ခဲ့တာျဖစ္ၿပီး တ႐ုတ္သမၼတနဲ႕ ေတြ႕ဆုံေဆြးႏြေးမႈ ျပဳလုပ္ခဲ့တယ္လို႔ ဆင္ဟြာသတင္းအရ သိရပါတယ္။

တ႐ုတ္သမၼတ ရွီက်င္းဖိန္အတြက္ ယခုလို ကမၻာ့ေခါင္းေဆာင္တစ္ဦးနဲ႕ မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံမႈဟာ ႏွစ္ႏွစ္နီးပါးကာလအတြင္း ပထမဆုံးအႀကိမ္ ေတြ႕ဆုံမႈလည္းျဖစ္ပါတယ္။

တရာတ္သမၼတက လြန္ခဲ့တဲ့ ၈ ႏွစ္ၾကာကာလျဖစ္တဲ့ ၂၀၁၄ ခုႏွစ္က ႐ုရွားနိုင္ငံ ဆိုခ်ီ ေဆာင္းရာသီ အိုလံပစ္အားကစားၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ခ်ိန္ကို ျပန္ေျပာင္းေအာက္ေမ့မိတယ္လို႔ ေျပာၾကားခဲ့ၿပီး ႐ုရွားသမၼတ ပူတင္ရဲ႕ ခရီးစဥ္ဟာ ေဆာင္းရာသီအိုလံပစ္အတြက္ အတူတကြရွိျခင္း ကို လက္ေတြ႕အေကာင္အထည္ေဖာ္ျခင္းလည္း ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

႐ုရွားသမၼတ ပူတင္ကေတာ့ “ကြၽန္ေတာ္ ရွီက်င္းပင္နဲ႕ သိတာ ၾကာပါၿပီ။ မိတ္ေဆြေကာင္း၊ နိုင္ငံေရးသမားေကာင္းေတြအေနနဲ႕ ကမၻာ့အေရးေတြကို ေျဖရွင္းရာမွာ တူညီတဲ့အျမင္ေတြရွိခဲ့ၿပီး နီးစပ္တဲ့ ဆက္ဆံေရးကိုလည္း အၿမဲတမ္း ထိန္းသိမ္းထားပါတယ္ လို႔ ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

#mhtnews