ရုရှားနိုင်ငံ မော်စကိုမြိုရှိ အမေရိကန်သံရုံးမှ ဒုတိယသံရုံးအကြီးအကဲ Bart Gorman ကို ရုရှားနိုင်ငံမှ နှင်ထုတ်လိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၇ ရက်တွင် အတည်ပြုပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

ထိုဝို နှင်ထုတ်ရခြင်းမှာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြိုရှိ ရုရှားသံရုံးမှ သံမှူးကြီးကို အမေရိကန်ဘက်က နှင်ထုတ်လိုက်သည့်ကိစ္စနှင့်ပတ်သက်၍ လက်တုံပြန်သည့်အနေဖြင့် အပြန်အလှန် နှင်ထုတ်ရခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က ကြေညာချက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံရှိ ရုရှားသံမှူးကြီးအား သူ့နေရာဆက်ခံမည့်သူ ရောက်လာမည့်အချိန်အထိ ဗီဇာသက်တမ်းတိုးနေထိုင်ခွင့်ပြုရန် ရုရှားနိုင်ငံ၏ တောင်းဆိုချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လက်မခံဘဲ ငြင်းဆန်ခဲ့သည်ဟု Zakharova ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#mhtnews

(Zawgyi)
“ရုရှားနိုင်ငံရှိ အမေရိကန်သံရုံးအကြီးအကဲကို ရုရှားက နိုင်ငံမှ နှင်ထုတ်”

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ အမေရိကန်သံရုံးမှ ဒုတိယသံရုံးအကြီးအကဲ Bart Gorman ကို ရုရှားနိုင်ငံမှ နှင်ထုတ်လိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၇ ရက်တွင် အတည်ပြုပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

ထိုဝို့ နှင်ထုတ်ရခြင်းမှာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ရုရှားသံရုံးမှ သံမှူးကြီးကို အမေရိကန်ဘက်က နှင်ထုတ်လိုက်သည့်ကိစ္စနှင့်ပတ်သက်၍ လက်တုံ့ပြန်သည့်အနေဖြင့် အပြန်အလှန် နှင်ထုတ်ရခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က ကြေညာချက်တွင် ပြောကြားခဲ့သည်။

#mhtnews