ရုရှားဆီကနေ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ ဝယ်ယူနေတာကို ရပ်တန့်ကာ ယူကရိန်းအတွက် အကာအကွယ်ပေးကြရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကမ္ဘာတစ်ဝန်းကို တိုက်တွန်းလိုက်တယ်လို့ နိုင်ငံတကာသတင်းဖော်ပြမှုတွေအရ သိရပါတယ်။ အမေရိကန်အနေနဲ့ ယခုလို ရုရှားကို သပိတ်မှောက်ကြဖို့ တိုက်တွန်းနေပေမယ့် ဥရောပနိုင်ငံကြီးအများစုဟာ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့အတွက် ရုရှားကို မှီခိုနေရဆဲဖြစ်ပြီး ရုရှားရဲ့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ပမာဏ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဥရောပနိုင်ငံတွေဆီကို စီးဆင်းနေဆဲဖြစ်တဲ့အပြင် ကိုဗစ်ကာလတလျှောက်လုံးမှဆိုရင် ရုရှားရဲ့ ရေနံစိမ်းတင်ပို့မှု ဒုတိယအများဆုံးနိုင်ငံဟာ အမေရိကန်ဖြစ်နေတဲ့အတွက် အမေရိကန်အတွက်လည်း အနည်းငယ် အကျပ်ရိုက်ဖို့ ရှိနေတယ်လို့ သုံးသပ်နေကြတာလဲရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားက ယူကရိန်းကို စစ်ပွဲစတင်လိုက်ပြီဆိုတာနဲ့ ရေနံစိမ်းဈေးကွက်၊ သဘာဝဓာတ်ငွေ့ဈေးကွက်နဲ့ ရွှေဈေးကွက်တို့ဟာ အပြောင်းအလဲတွေဖြစ်သွားခဲ့ပြီး စတော့အိတ်ချိန်းတွေမှာ ဈေးတွေလည်း မြင့်တက်သွားခဲ့ကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကဆိုရင် ကမ္ဘာ့ရေနံစိမ်း တစ်စည်ပေါက်ဈေးက အမေရိကန်ဒေါ်လာ ၁၀၀ အထက်ကို မြင့်တက်သွားခဲ့ပါတယ်။ လက်ရှိမှာအချိန်မှာတော့ Brent Crude ဈေးကွက်က တစ်စည်ပေါက်ဈေး အမေရိကန် ၉၇ ဒဿမ ၉၃ ဒေါ်လာရှိပြီး WTI Crude ဈေးကွက်မှာတော့ တစ်စည်ပေါက်ဈေးဟာ အမေရိကန် ၉၁ ဒသမ ၅၉ ဒေါ်လာမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ #mhtnews (Zawgyi) “ေရနံစိမ္းနဲ႕ သဘာဝဓာတ္ေငြ႕ေတြကို ႐ုရွားဆီက မဝယ္ယူျခင္းျဖင့္ ယူကရိန္းကို အကာအကြယ္ေပးၾကရန္ အေမရိကန္သမၼတ တိုက္တြန္းေနေပမယ့္ ကိုဗစ္ကာလတစ္ေလွ်ာက္ ႐ုရွားရဲ႕ ေရနံစိမ္းတင္ပို႔မႈ ဒုတိယအမ်ားဆုံးနိုင္ငံက အေမရိကန္ျဖစ္ေန” ႐ုရွားဆီကေန ေရနံစိမ္းနဲ႕ သဘာဝဓာတ္ေငြ႕ ဝယ္ယူေနတာကို ရပ္တန႔္ကာ ယူကရိန္းအတြက္ အကာအကြယ္ေပးၾကရန္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ကမၻာတစ္ဝန္းကို တိုက္တြန္းလိုက္တယ္လို႔ နိုင္ငံတကာသတင္းေဖာ္ျပမႈေတြအရ သိရပါတယ္။ အေမရိကန္အေနနဲ႕ ယခုလို ႐ုရွားကို သပိတ္ေမွာက္ၾကဖို႔ တိုက္တြန္းေနေပမယ့္ ဥေရာပနိုင္ငံႀကီးအမ်ားစုဟာ ေရနံစိမ္းနဲ႕ သဘာဝဓာတ္ေငြ႕အတြက္ ႐ုရွားကို မွီခိုေနရဆဲျဖစ္ၿပီး ႐ုရွားရဲ႕ ေရနံစိမ္းနဲ႕ သဘာဝဓာတ္ေငြ႕ပမာဏ စုစုေပါင္းရဲ႕ ၄၀ ရာခိုင္ႏႈန္းဟာ ဥေရာပနိုင္ငံေတြဆီကို စီးဆင္းေနဆဲျဖစ္တဲ့အျပင္ ကိုဗစ္ကာလတေလွ်ာက္လုံးမွဆိုရင္ ႐ုရွားရဲ႕ ေရနံစိမ္းတင္ပို႔မႈ ဒုတိယအမ်ားဆုံးနိုင္ငံဟာ အေမရိကန္ျဖစ္ေနတဲ့အတြက္ အေမရိကန္အတြက္လည္း အနည္းငယ္ အက်ပ္ရိုက္ဖို႔ ရွိေနတယ္လို႔ သုံးသပ္ေနၾကတာလဲရွိပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ႐ုရွားက ယူကရိန္းကို စစ္ပြဲစတင္လိုက္ၿပီဆိုတာနဲ႕ ေရနံစိမ္းေဈးကြက္၊ သဘာဝဓာတ္ေငြ႕ေဈးကြက္နဲ႕ ေ႐ႊေဈးကြက္တို႔ဟာ အေျပာင္းအလဲေတြျဖစ္သြားခဲ့ၿပီး စေတာ့အိတ္ခ်ိန္းေတြမွာ ေဈးေတြလည္း ျမင့္တက္သြားခဲ့ကာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႕ကဆိုရင္ ကမၻာ့ေရနံစိမ္း တစ္စည္ေပါက္ေဈးက အေမရိကန္ေဒၚလာ ၁၀၀ အထက္ကို ျမင့္တက္သြားခဲ့ပါတယ္။ လက္ရွိမွာအခ်ိန္မွာေတာ့ Brent Crude ေဈးကြက္က တစ္စည္ေပါက္ေဈး အေမရိကန္ ၉၇ ဒႆမ ၉၃ ေဒၚလာရွိၿပီး WTI Crude ေဈးကြက္မွာေတာ့ တစ္စည္ေပါက္ေဈးဟာ အေမရိကန္ ၉၁ ဒသမ ၅၉ ေဒၚလာမွာ ေဈးၿငိမ္ေနတယ္လို႔ သိရပါတယ္။ #mhtnews Posted by Myanmar Hard Talk | Feb 26, 2022 | သတင်း | 0 |
Recent Comments