ရန်ကုန်မြို့နှင့် ရှမ်းပြည်နယ် သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာနှင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြိုတို့တွင် ကိုရီးယားအသားလုံးများ စားမိရာမှ ကလေးငယ်များ အောက်ဆီဂျင်ကျကာ အသက်ရှူကြပ်ခြင်းများဖြစ်ပွားပြီး တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း EMG သတင်းဌာန၏ ဖော်ပြမှုအရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း သီပေါမြို့နယ် တွန်ခေါ့ကျေးရွာရှိ မိသားစုနှင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ မိသားစုဝင်များ၌ ဖေဖော်ဝါရီ ၇ ရက်တွင် အဆိုပါဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုအထဲမှ သီပေါမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်မှာ ကျေးရွာပွဲတွင် အဆိုပါ အသားချောင်းခေါ် ကိုရီးယားကင်များ ရောင်းချသည့် မိသားစုဝင် ၄ ဦး (မိခင်နှင့် ကလေး သုံးဦး) တို့က ဈေးမရောင်မီ စားမိခဲ့ရာမှ ဝမ်းဗိုက်အတွင်း ပူလောင်ပြီး အသက်ရှူကြပ်ကာ အောက်ဆီဂျင်ကျဆင်းခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် သီပေါလူငယ်လူမှုကူညီရေးအသင်းမှ သီပေါဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယင်းမှတစ်ဆင့် လားရှိုးဆေးရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၇ ရက်နေ့၌ပင် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင်လည်း အဆိုပါ ကိုရီးယားအကင်လုံးနှင့် ကြက်အူချောင်းများကို စားသုံးမိရာမှ အသက် တစ်နှစ်ကျော်အရွယ်မှ ခြောက်နှစ်ကျော်အရွယ် ကလေးငယ် ၈ ဦးတို့ အောက်ဆီဂျင်ကျပြီး အသက်ရှူကြပ်ကာ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်းနှင့် ထိုအထဲမှ တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်မြို့တွင်လည်း ကလေးငယ်တစ်ဦး ကိုရီးယားအသားလုံးများကို စားမိရာမှ အောက်ဆီဂျင်ကျပြီး အသက်ရှူကြပ်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း Hninsi Wah ဆိုသည့် အကောင့်ပိုင်ရှင်က ရေးသားထားပြီး ၎င်းကလေးငယ်အား ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ထိုသို့ဖြစ်ပွာသူမှာ အဆိုပါကလေးငယ်နှင့်ဆိုလျှင် ၄ ယောက်မြောက်ဖြစ်သည်ဟု ဆေးရုံမှပြေားကြားကြောင်း အကောင့်ပိုင်ရှင်က ရေးသားထားကာ ကလေးငယ်မှာ ဆေးရုံသို့ အချိန်မီရောက်ရှိ၍ သက်သာပျောက်ကင်းသွားကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တရားမဝင်ဝင်ရောက်လာသည့် အဆိုပါ ကိုရီးယားအသားချောင်းများနှင့် အသားလုံးများကို စားသုံးမိရာမှ ယင်းသို့ဖြစ်ပွားခြင်းဖြစ်ပြီး အတည်မပြုနိုင်သေးသည့် သတင်းအရ ထိုင်းနိုင်ငံဘက်ခြမ်းမှ ယင်းစက်ရုံကို စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရကြောင်း ဘုရားသုံးဆူမြို့ခံအချို့က ပြောကြားသည်။

#mhtnews

(Zawgyi)

“ရန္ကုန္ၿမိဳ႕ႏွင့္ ရွမ္းျပည္နယ္ သီေပါၿမိဳ႕နယ္ရွိ ေက်း႐ြာတစ္႐ြာ၊ ကရင္ျပည္နယ္ရွိ ဘုရားသုံးဆူၿမိဳ႕တို႔တြင္ ကိုရီးယားအသားလုံးမ်ား စားမိရာမွ ကေလးငယ္မ်ား ေအာက္ဆီဂ်င္က်ကာ အသက္ရႉၾကပ္ျခင္းမ်ားျဖစ္ပြားၿပီး တစ္ႏွစ္ေက်ာ္အ႐ြယ္ ကေလးငယ္တစ္ဦး ေသဆုံး”

ရန္ကုန္ၿမိဳ႕ႏွင့္ ရွမ္းျပည္နယ္ သီေပါၿမိဳ႕နယ္ရွိ ေက်း႐ြာတစ္႐ြာႏွင့္ ကရင္ျပည္နယ္ ဘုရားသုံးဆူၿမိဳတို႔တြင္ ကိုရီးယားအသားလုံးမ်ား စားမိရာမွ ကေလးငယ္မ်ား ေအာက္ဆီဂ်င္က်ကာ အသက္ရႉၾကပ္ျခင္းမ်ားျဖစ္ပြားၿပီး တစ္ႏွစ္ေက်ာ္အ႐ြယ္ ကေလးငယ္တစ္ဦး ေသဆုံးခဲ့ေၾကာင္း EMG သတင္းဌာန၏ ေဖာ္ျပမႈအရ သိရသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း သီေပါၿမိဳ႕နယ္ တြန္ေခါ့ေက်း႐ြာရွိ မိသားစုႏွင့္ ကရင္ျပည္နယ္ ဘုရားသုံးဆူၿမိဳ႕ရွိ မိသားစုဝင္မ်ား၌ ေဖေဖာ္ဝါရီ ၇ ရက္တြင္ အဆိုပါျဖစ္စဥ္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ထိုအထဲမွ သီေပါၿမိဳ႕နယ္၌ ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္မွာ ေက်း႐ြာပြဲတြင္ အဆိုပါ အသားေခ်ာင္းေခၚ ကိုရီးယားကင္မ်ား ေရာင္းခ်သည့္ မိသားစုဝင္ ၄ ဦး (မိခင္ႏွင့္ ကေလး သုံးဦး) တို႔က ေဈးမေရာင္မီ စားမိခဲ့ရာမွ ဝမ္းဗိုက္အတြင္း ပူေလာင္ၿပီး အသက္ရႉၾကပ္ကာ ေအာက္ဆီဂ်င္က်ဆင္းျခင္းမ်ား ျဖစ္ေပၚခဲ့သျဖင့္ သီေပါလူငယ္လူမႈကူညီေရးအသင္းမွ သီေပါေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ယင္းမွတစ္ဆင့္ လားရွိုးေဆး႐ုံသို႔ ထပ္မံပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။

အလားတူ ေဖေဖာ္ဝါရီ ၇ ရက္ေန႕၌ပင္ ကရင္ျပည္နယ္ ဘုရားသုံးဆူၿမိဳ႕တြင္လည္း အဆိုပါ ကိုရီးယားအကင္လုံးႏွင့္ ၾကက္အူေခ်ာင္းမ်ားကို စားသုံးမိရာမွ အသက္ တစ္ႏွစ္ေက်ာ္အ႐ြယ္မွ ေျခာက္ႏွစ္ေက်ာ္အ႐ြယ္ ကေလးငယ္ ၈ ဦးတို႔ ေအာက္ဆီဂ်င္က်ၿပီး အသက္ရႉၾကပ္ကာ ေဆး႐ုံသို႔ ပို႔ေဆာင္လိုက္ရေၾကာင္းႏွင့္ ထိုအထဲမွ တစ္ႏွစ္ေက်ာ္အ႐ြယ္ ကေလးငယ္တစ္ဦးမွာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ရန္ကုန္ၿမိဳ႕တြင္လည္း ကေလးငယ္တစ္ဦး ကိုရီးယားအသားလုံးမ်ားကို စားမိရာမွ ေအာက္ဆီဂ်င္က်ၿပီး အသက္ရႉၾကပ္ျခင္းမ်ား ျဖစ္ပြားခဲ့ေၾကာင္း Hninsi Wah ဆိုသည့္ အေကာင့္ပိုင္ရွင္က ေရးသားထားၿပီး ၎ကေလးငယ္အား ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ရာ ထိုသို႔ျဖစ္ပြာသူမွာ အဆိုပါကေလးငယ္ႏွင့္ဆိုလွ်င္ ၄ ေယာက္ေျမာက္ျဖစ္သည္ဟု ေဆး႐ုံမွေျပားၾကားေၾကာင္း အေကာင့္ပိုင္ရွင္က ေရးသားထားကာ ကေလးငယ္မွာ ေဆး႐ုံသို႔ အခ်ိန္မီေရာက္ရွိ၍ သက္သာေပ်ာက္ကင္းသြားေၾကာင္း သိရသည္။

ထိုင္းနိုင္ငံမွ တရားမဝင္ဝင္ေရာက္လာသည့္ အဆိုပါ ကိုရီးယားအသားေခ်ာင္းမ်ားႏွင့္ အသားလုံးမ်ားကို စားသုံးမိရာမွ ယင္းသို႔ျဖစ္ပြားျခင္းျဖစ္ၿပီး အတည္မျပဳနိုင္ေသးသည့္ သတင္းအရ ထိုင္းနိုင္ငံဘက္ျခမ္းမွ ယင္းစက္႐ုံကို စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနသည္ဟု သိရေၾကာင္း ဘုရားသုံးဆူၿမိဳ႕ခံအခ်ိဳ႕က ေျပာၾကားသည္။

#mhtnews