ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီး၏ ဝန် ထမ်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသဖြင့် ဆေးရုံကြီးကို ဖေဖော်ဝါရီ ၂၃ ရက်အထိ ယာယီပိတ်သွားမည်ဖြစ်ကာ အရေးပေါ်လူနာများကိုသာ ကြည့်ရှုပေးနိုင်ဦးမည်ဖြစ်ကြောင်း ယင်းဆေးရုံကြီးမှ ထုတ်ပြန်ကြေညာထားသည်။

ထိုသို ယာယီပိတ်ထားချိန်တွင် လောလောဆယ်ပြသရန်လိုအပ်ကြောင်း မျက်စိပိုင်းဆိုင်ရာ ထင်မြင်ယူဆချက်ရေးပေးထားသည့် ဆရာဝန်တစ်ဦး၏ လက်မှတ်နှင့် လွှစာပါရှိသည့် လူနာများကို လက်ခံကုသပေးမည်ဖြစ်ကြောင်း သိရပြီး အရေးပေါ်ပြသရန်လိုအပ်သည့်လူနာများကိုလည်း ၂၄ နာရီကြည့်ရှုကုသပေးမည်ဖြစ်ကာ လူနာစောင့်တစ်ဦးလိုက်ပါခွင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွှစာပါသည့် မျက်စိလူနာများအနေဖြင့် အစိုးရရုံးဖွင့်ရက်များတွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်း ဖုန်းနံပါတ် ၀၉ ၈၈၈ ၆၂၉ ၉၄၅ နှင့် ၀၉ ၈၈၈ ၆၂၉ ၉၅၄ တိုကို ဆက်သွယ်ကာ ကြိုတင်စားရင်းပေးနိုင်ကြောင်းနှင့် ဖေဖော်ဝါရီ ၁၈ ရက်အထိ စာရင်းပေးသွင်းထားသည့် သတ်မှတ်လူနာဦးရေ ပြည့်နေပြီဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ရန်ကုန်မျက်စိရောဂါ အထူးကုဆေးရုံကြီး၏ ဝန်ထမ်းများ ကိုဗစ်ကူးစက်ခံထားရသဖြင့် ဖေဖော်ဝါရီ ၂၃ ရက်အထိ ယာယီပိတ်ထားပြီး အရေးပေါ် လူနာများသာကြည့်ရှု့ပေးမည်”


ထိုသို့ ယာယီပိတ်ထားချိန်တွင် လောလောဆယ်ပြသရန်လိုအပ်ကြောင်း မျက်စိပိုင်းဆိုင်ရာ ထင်မြင်ယူဆချက်ရေးပေးထားသည့် ဆရာဝန်တစ်ဦး၏ လက်မှတ်နှင့် လွှဲစာပါရှိသည့် လူနာများကို လက်ခံကုသပေးမည်ဖြစ်ကြောင်း သိရပြီး အရေးပေါ်ပြသရန်လိုအပ်သည့်လူနာများကိုလည်း ၂၄ နာရီကြည့်ရှု့ကုသပေးမည်ဖြစ်ကာ လူနာစောင့်တစ်ဦးလိုက်ပါခွင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွှဲစာပါသည့် မျက်စိလူနာများအနေဖြင့် အစိုးရရုံးဖွင့်ရက်များတွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်း ဖုန်းနံပါတ် ၀၉ ၈၈၈ ၆၂၉ ၉၄၅ နှင့် ၀၉ ၈၈၈ ၆၂၉ ၉၅၄ တို့ကို ဆက်သွယ်ကာ ကြိုတင်စားရင်းပေးနိုင်ကြောင်းနှင့် ဖေဖော်ဝါရီ ၁၈ ရက်အထိ စာရင်းပေးသွင်းထားသည့် သတ်မှတ်လူနာဦးရေ ပြည့်နေပြီဖြစ်ကြောင်း သိရသည်။
#mhtnews