ယူကရိန်းနိုင်ငံမှာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ ရာထူးအလွဲသုံးစားလုပ်မှု စွဲချက်များနဲ့ ကြုံတွေ့ နေရပြီး အစိုးရရဲ့ ဖိနှိပ်မှုနဲ့ ရင်ဆိုင်နေရဖွယ်ရှိတဲ့ ယူကရိန်းသမ္မတဟောင်း ပိုရိုရှန်ကိုအတွက် နိုင်ငံရေးခိုလုံခွင့်ပေးဖို့ အဆင်သင့်ပဲလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၇ ရက်မှာပြုလုပ်ခဲ့တဲ့ ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“အနာဂတ်ကာလမှာ သူ့အတွက် အခက်အခဲတွေ ကြုံလာရင် ရုရှားက သူ့ကို နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ အဆင်သင့်ပါပဲ” လို့ ပူတင်က ပြောကြားခဲ့တာပါ။

“ဒီနေ့တော့ ဒွန်ဘတ်စ်မှာ အခြေချရေးနဲ့ပတ်သက်ပြီး ပြင်းထန်စွာ သဘောထားကွဲလွဲမှုတွေ ရှိနေပေမယ့် ပိုရိုရှန်ကိုအတွက် ကျနော့်ရဲ့ကမ်းလှမ်းမှုကို ထပ်ပြီး အတည်ပြုချင်ပါတယ်” လို့ သူက ပြောကြားခဲ့ပါသေးတယ်။

၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ယူကရိန်းသမ္မတ ဖြစ်ခဲ့တဲ့ ရိုရှန်ကိုဟာ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ယူကရိန်း ခွဲထွက်နယ်မြေဖြစ်တဲ့ ဒွန်ဘတ်စ်မှ ဒေါ်လာ ၅၄ သန်း တန်ဖိုးရှိ ကျောက်မီးသွေးဝယ်ယူဖို့ ကြံစည်မှုမှာ ပါဝင်ပတ်သက်ခြင်း၊ အကြမ်းဖက်ဝါဒကို အားပေးကူညီခြင်းနဲ့ နိုင်ငံတော်သစ္စာဖောက်မှု အစရှိတဲ့ စွဲချက်များစွာနဲ့ ရုံးတင်စစ်ဆေးခြင်းကို စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။

ရိုရှန်ကိုအနေနဲ့ သူ့အပေါ် တရားစွဲဆိုမှုဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်တယ်လို့ စောဒက တက်ခဲ့ပြီး

ပိုရိုရှန်အပေါ် လက်ရှိ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး အစိုးရရဲ့ဖိနှိပ်မှုတွေဟာ ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်တယ်လို့ ရုရှားသမ္မတ ပူတင်က ကိယက်ဗ်ကို စွပ်စွဲခဲ့တဲ့အပြင် အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ နိုင်ငံရေးပြိုင်ဘက်များကို ဖိနှိပ်ခြင်းနဲ့ မီဒီယာလွတ်လပ်ခွင့် ထိပါးလာခြင်းတို့လည်း ပါဝင်တယ်လို့ ပူတင်က ပြောကြားခဲ့ပါတယ်။

#mhtnews

(Zawgyi)

“ယူကရိန်းသမ္မတဟောင်းအတွက် နိုင်ငံရေးခိုလုံခွင့်ပေးဖို့ အဆင်သင့်ပဲလို့ ပူတင်ပြောဆို”

ယူကရိန်းနိုင်သံမှာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ ရာထူးအလွဲသုံးစားလုပ်မှု စွဲချက်များနဲ့ ကြုံတွေ့ နေရပြီး အစိုးရရဲ့ ဖိနှိပ်မှုနဲ့ ရင်ဆိုင်နေရဖွယ်ရှိတဲ့ ယူကရိန်းသမ္မတဟောင်း ပိုရိုရှန်ကိုအတွက် နိုင်ငံရေးခိုလုံခွင့်ပေးဖို့ အဆင်သင့်ပဲလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၇ ရက်မှာပြုလုပ်ခဲ့တဲ့ ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အနာဂတ်ကာလမှာ သူ့အတွက် အခက်အခဲတွေ ကြုံလာရင် ရုရှားက သူ့ကို နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ အဆင်သင့်ပါပဲ ဟု ပူတင်က ပြောကြားခဲ့တာပါ။


၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ယူကရိန်းသမ္မတ ဖြစ်ခဲ့တဲ့ ရိုရှန်ကိုဟာ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ယူကရိန်း ခွဲထွက်နယ်မြေဖြစ်တဲ့ ဒွန်ဘတ်စ်မှ ဒေါ်လာ ၅၄ သန်း တန်ဖိုးရှိ ကျောက်မီးသွေးဝယ်ယူဖို့ ကြံစည်မှုမှာ ပါဝင်ပတ်သက်ခြင်း၊ အကြမ်းဖက်ဝါဒကို အားပေးကူညီခြင်းနဲ့ နိုင်ငံတော်သစ္စာဖောက်မှု အစရှိတဲ့ စွဲချက်များစွာနဲ့ ရုံးတင်စစ်ဆေးခြင်းကို စောင့်ဆိုင်းနေရတာဖြသ်ပါတယ်။



#mhtnews