လွန်ခဲ့သည့်လပိုင်းက ယူကရိန်းသို့ အနောက်နိုင်ငံများမှ ထောက်ပံ့ပေးထားသည့် လက်နက်အများအပြားကို ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး လှုပ်ရှားမှုအတွင်း သိမ်းဆည်းရမိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ဖေဖော်ဝါရီ ၂၅ ရက်ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

ရုရှားမှ သိမ်းဆည်းရမိသော လက်နက်များတွင် အမေရိကန်မှ ထောက်ပံ့သည့် Javelin တင့်ဖျက်ဒုံးကျည်စနစ်နှင့် ဗြိတိန်မှ ပံ့ပိုးပေးသည့် အပေါ့စား တင့်ကားဖျက်လက်နက် (NLAW) တို့ ပါဝင်ကြောင်း သိရသည်။

ရုရှား၏ အဆိုပါ အထူးစစ်ဆင်ရေးအတွင်း၌ ယူကရိန်းစစ်တပ်၏ ကွပ်ကဲမှုစခန်းနှင့် ဆက်သွယ်ရေးစခန်း ၁၇ ၊ လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ် ၁၉ ခုနှင့် ရေဒါစခန်း ၃၉ ခုတို့အပါအဝင် ယူကရိန်းစစ်တပ်အခြေခံအဆောက်အအုံ ၂၁၁ ခုကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ရုရှားစစ်တပ်က တိုက်လေယာဉ် ၆ စင်း၊ ရဟတ်ယာဉ် ၁ စင်း၊ ဒရုန်း ၅ စင်း၊ တင့်ကား ၆၇ စင်းနှင့် အခြားသံချပ်ကာယာဉ်များ၊ ဒုံးပစ်လောင်ချာ ၁၆ စင်း၊ စစ်ဘက်ဆိုင်ရာ အထူးယာဉ် ၈၇ စင်းနှင့် စစ်သင်္ဘော ၅ စင်းတို့ကို ဖျက်ဆီးခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများက ဖော်ပြသည်။

#mhtnews

(Zawgyi)

“ယူကရိန္းနိုင္ငံသို႔ အေနာက္နိုင္ငံမ်ားမွ ေထာက္ပံ့ေပးထားသည့္ လက္နက္အမ်ားအျပား သိမ္းဆည္းရမိခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနေျပာ”

လြန္ခဲ့သည့္လပိုင္းက ယူကရိန္းသို႔ အေနာက္နိုင္ငံမ်ားမွ ေထာက္ပံ့ေပးထားသည့္ လက္နက္အမ်ားအျပားကို ႐ုရွားနိုင္ငံ၏ အထူးစစ္ဆင္ေရး လႈပ္ရွားမႈအတြင္း သိမ္းဆည္းရမိခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန ဝက္ဘ္ဆိုက္က ေဖေဖာ္ဝါရီ ၂၅ ရက္ညေနပိုင္းတြင္ ထုတ္ျပန္ခဲ့ေၾကာင္း ဆင္ဟြာသတင္းက ေဖာ္ျပသည္။

႐ုရွားမွ သိမ္းဆည္းရမိေသာ လက္နက္မ်ားတြင္ အေမရိကန္မွ ေထာက္ပံ့သည့္ Javelin တင့္ဖ်က္ဒုံးက်ည္စနစ္ႏွင့္ ၿဗိတိန္မွ ပံ့ပိုးေပးသည့္ အေပါ့စား တင့္ကားဖ်က္လက္နက္ (NLAW) တို႔ ပါဝင္ေၾကာင္း သိရသည္။

႐ုရွား၏ အဆိုပါ အထူးစစ္ဆင္ေရးအတြင္း၌ ယူကရိန္းစစ္တပ္၏ ကြပ္ကဲမႈစခန္းႏွင့္ ဆက္သြယ္ေရးစခန္း ၁၇ ၊ ေလေၾကာင္းရန္ကာကြယ္ေရးဒုံးစနစ္ ၁၉ ခုႏွင့္ ေရဒါစခန္း ၃၉ ခုတို႔အပါအဝင္ ယူကရိန္းစစ္တပ္အေျခခံအေဆာက္အအုံ ၂၁၁ ခုကို ဖ်က္ဆီးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ထို႔အျပင္ ႐ုရွားစစ္တပ္က တိုက္ေလယာဥ္ ၆ စင္း၊ ရဟတ္ယာဥ္ ၁ စင္း၊ ဒ႐ုန္း ၅ စင္း၊ တင့္ကား ၆၇ စင္းႏွင့္ အျခားသံခ်ပ္ကာယာဥ္မ်ား၊ ဒုံးပစ္ေလာင္ခ်ာ ၁၆ စင္း၊ စစ္ဘက္ဆိုင္ရာ အထူးယာဥ္ ၈၇ စင္းႏွင့္ စစ္သေဘၤာ ၅ စင္းတို႔ကို ဖ်က္ဆီးခဲ့ေၾကာင္း နိုင္ငံတကာသတင္းဌာနမ်ားက ေဖာ္ျပသည္။

#mhtnews