ယခုလအကုန်ပိုင်းမှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ် စေလွှတ်ရာမှာ နိုင်ငံရေးဘက်မှ မဟုတ်သူကိုသာ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အကြောင်းကတော့ အာဆီယံက တောင်းဆိုတဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ တိုးတက်မှုအားနည်းနေလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကိုဖိတ်ကြားဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောတူညီမှု မရခဲ့ဘူးလို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရသူ ချမ်ဆောင်နရီ က ဆိုပါတယ်။
“ထိုင်ခုံအလွတ်ထားမယ့်အစား နိုင်ငံရေးမပါတဲ့ အဆင့်ကနေ မြန်မာကို ကိုယ်စားပြုဖို့ ကျနော်တို့ တိုက် တွန်းပါတယ်။ ကိုယ်စားလှယ် ဖြစ်သင့်တဲ့ အနေအထားကို ဆုံးဖြတ်ဖို့မှာ မြန်မာနိုင်ငံအပေါ်မှာသာ မူတည်ပါတယ်။” လို့ ချမ်ဆောင်နရီက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့တာပါ။
ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဘက်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ မသိရသေးပေမယ့် ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ရာမှာ “မြန်မာနိုင်ငံအနေနဲ့ အာဆီယံတူညီဆန္ဒ (၅)ချက်ကိစ္စကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာမှာ အာဆီယံ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနဲ့ အာဆီယံရဲ့ အခြေခံမူများနဲ့အညီ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ အမျိုးသားရေးအကျိုးစီးပွားကို ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်သွားမှာဖြစ်ကြောင်း” ထုတ်ပြန်ထားပါတယ်။
#mhtnews
(Zawgyi)
“ယခုလကုန္ပိုင္းမွာက်င္းပမယ့္ အာဆီယံနိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းသို႔ ျမန္မာကိုယ္စားလွယ္ေစလႊတ္ရာမွာ နိုင္ငံေရးဘက္မွမဟုတ္သူကိုသာ ဖိတ္ၾကားထားေၾကာင္း ကေမၻာဒီးယားထုတ္ျပန္”
ယခုလအကုန္ပိုင္းမွာ က်င္းပမယ့္ အာဆီယံ နိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးသို႔ ျမန္မာကိုယ္စားလွယ္ ေစလႊတ္ရာမွာ နိုင္ငံေရးဘက္မွ မဟုတ္သူကိုသာ တက္ေရာက္ရန္ ဖိတ္ၾကားထားေၾကာင္း ကေမၻာဒီးယား နိုင္ငံျခားေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ ၃ ရက္မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။
အေၾကာင္းကေတာ့ အာဆီယံက ေတာင္းဆိုတဲ့ ၿငိမ္းခ်မ္းေရးအစီအစဥ္မွာ တိုးတက္မႈအားနည္းေနလို႔ ျမန္မာနိုင္ငံျခားေရးဝန္ႀကီးကိုဖိတ္ၾကားဖို႔ အာဆီယံအဖြဲ႕ဝင္နိုင္ငံမ်ားအၾကား သေဘာတူညီမႈ မရခဲ့ဘူးလို႔ ကေမၻာဒီးယားနိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာခြင့္ရသူ ခ်မ္ေဆာင္နရီ က ဆိုပါတယ္။
ထိုင္ခုံအလြတ္ထားမယ့္အစား နိုင္ငံေရးမပါတဲ့ အဆင့္ကေန ျမန္မာကို ကိုယ္စားျပဳဖို႔ က်ေနာ္တို႔ တိုက္ တြန္းပါတယ္။ ကိုယ္စားလွယ္ ျဖစ္သင့္တဲ့ အေနအထားကို ဆုံးျဖတ္ဖို႔မွာ ျမန္မာနိုင္ငံအေပၚမွာသာ မူတည္ပါတယ္။” လို႔ ခ်မ္ေဆာင္နရီက ရိုက္တာသတင္းဌာနကို ေျပာၾကားခဲ့တာပါ။
ဒါနဲ႕ပတ္သက္လို႔ ျမန္မာနိုင္ငံဘက္က ဘယ္လိုဆုံးျဖတ္မယ္ဆိုတာ မသိရေသးေပမယ့္ ယမန္ေန႕က နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၊ နိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ရာမွာ “ျမန္မာနိုင္ငံအေနနဲ႕ အာဆီယံတူညီဆႏၵ (၅)ခ်က္ကိစၥကို ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမွာျဖစ္ၿပီး၊ ၂၀၂၂ ခုႏွစ္ အာဆီယံအလွည့္က်ဥကၠ႒ျဖစ္တဲ့ ကေမၻာဒီးယားနိုင္ငံနဲ႕ အျပဳသေဘာ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း၊ ယင္းသို႔ေဆာင္႐ြက္ရာမွာ အာဆီယံ ပဋိညာဥ္ပါ ျပ႒ာန္းခ်က္မ်ားနဲ႕ အာဆီယံရဲ႕ အေျခခံမူမ်ားနဲ႕အညီ နိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈနဲ႕ အမ်ိဳးသားေရးအက်ိဳးစီးပြားကို ထိခိုက္မႈမရွိေစဘဲ ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း” ထုတ္ျပန္ထားပါတယ္။
#mhtnews
Recent Comments