ြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈၈၁ သန်းကျော်ကို လက်ရှိဘဏ္ဍာနှစ် လေးလကျော်ကာလအတွင်း ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၇၆ သန်းကျော် ပိုမိုပြုလုပ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဖေဖော်ဝါရီ ၄ ရက်အထိ ၄ လကျော်ကာလအတွင်း မြဝတီနယ်စပ်မှ ပိုကုန်ဒေါ်လာ ၃၄၁ ဒသမ ၅၆၀ သန်း၊ သွင်းကုန်ဒေါ်လာ ၅၃၉ ဒသမ ၆၈၃ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၈၈၁ ဒသမ ၂၄၃ သန်းရရှိခဲ့ပြီး ယခင် ဘဏ္ဍာနှစ်ကာလတူက ပိုကုန်ဒေါ်လာ ၁၀၉ ဒသမ ၄၉၉ သန်း၊ သွင်းကုန်ဒေါ်လာ၂၉၅ ဒသမ၂၃၇ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၄၀၄ ဒသမ ၇၃၆ သန်းရရှိခဲ့သည်။
အဆိုပါ ကာလတူဘဏ္ဍာနှစ် နှစ်ခုကို နှိင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ်တွင် ယခင်နှစ်ကာလတူထက်ဒေါ်လာ ၄၇၆ ဒသမ ၅၀၇ သန်းအထိ ကုန်သွယ်မှုပိုမိုပြုလုပ်ထားနိုင်ကြောင်း တွေ့ရသည်။
#mhtnews
(Zawgyi)
“မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈၈၁ သန်းကျော်ကို လက်ရှိဘဏ္ဍာနှစ် လေးလကျော်ကာလအတွင်း ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၇၆ သန်းကျော် ကုန်သွယ်မှုပိုမိုပြုလုပ်ထားနိုင်”
မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈၈၁ သန်းကျော်ကို လက်ရှိဘဏ္ဍာနှစ် လေးလကျော်ကာလအတွင်း ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၇၆ သန်းကျော် ပိုမိုပြုလုပ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဖေဖော်ဝါရီ ၄ ရက်အထိ ၄ လကျော်ကာလအတွင်း မြဝတီနယ်စပ်မှ ပို့ကုန်ဒေါ်လာ ၃၄၁ ဒသမ ၅၆၀သန်း၊ သွင်းကုန်ဒေါ်လာ ၅၃၉ ဒသမ ၆၈၃ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၈၈၁ ဒသမ ၂၄၃ သန်းရရှိခဲ့ပြီး ယခင် ဘဏ္ဍာနှစ်ကာလတူက ပို့ကုန်ဒေါ်လာ ၁၀၉ ဒသမ ၄၉၉ သန်း၊ သွင်းကုန်ဒေါ်လာ၂၉၅ ဒသမ၂၃၇ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၄၀၄ ဒသမ ၇၃၆ သန်းရရှိခဲ့သည်။
#mhtnews
Recent Comments