မြန်မာအပေါ်စွဲဆိုထားတဲ့အမှုဟာ ICJ က လက်ခံကြားနာစစ်ဆေးဖို့ မသင့်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က အဆိုပါ အပြည်ပြည်ဆိုင်ရာတရားရုံးဖြစ်တဲ့ (ICJ)မှာ ရှင်းလင်း တင်ပြလျှောက်လဲခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန် နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the crime of Genocide) ကိုကျူးလွန်ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး ICJ တရားရုံးမှာ စီရင်ခွင့်မရှိကြောင်း လျောက်လဲခဲ့တာပါ။
ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုခွင့်မရှိကြောင်း ကနဦးကန့်ကွက်လွှာကို မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးကို တင်သွင်းခဲ့ပြီး ကန့်ကွက်လွှာနဲ့ပတ်သက်တဲ့ ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာ ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ကစပြီး ၂၈ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ပထမရက်ကြားနာမှုကို ယမန်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ စတင်ခဲ့ကာ မြန်မာနိုင်ငံကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဒီအမှုကို ဥပဒေကြောင်းအရ ICJ က လက်ခံကြားနာစစ်ဆေးဖို့ မသင့်ကြောင်း ရှင်းလင်း ပြောကြားခဲ့ကာ မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေများက မြန်မာနိုင်ငံက တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်ချက်များနဲ့ပတ်သက်ပြီး တရားရုံးကို တင်ပြလျှောက်လဲသွားမယ်လို့ သိရပါတယ်။
(Zawgyi)
“ျမန္မာအေပၚစြဲဆိုထားတဲ့အမႈဟာ ICJ က လက္ခံၾကားနာစစ္ေဆးဖို႔ မသင့္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးဦးကိုကိုလွိုင္ရွင္းလင္း”
ျမန္မာအေပၚစြဲဆိုထားတဲ့အမႈဟာ ICJ က လက္ခံၾကားနာစစ္ေဆးဖို႔ မသင့္ေၾကာင္း အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးဦးကိုကိုလွိုင္က အဆိုပါ အျပည္ျပည္ဆိုင္ရာတရား႐ုံးျဖစ္တဲ့ (ICJ)မွာ ရွင္းလင္း တင္ျပေလွ်ာက္လဲခဲ့တယ္လို႔ သိရပါတယ္။
ျမန္မာနိုင္ငံကို ဂမ္ဘီယာနိုင္ငံက အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) ၌ ၁၉၄၈ ခုႏွစ္ လူမ်ိဳးသုဥ္းေစမႈကို တားဆီးရန္ ႏွင့္ ျပစ္ဒဏ္ေပးရန္ နိုင္ငံတကာသေဘာတူစာခ်ဳပ္ (Convention on the Prevention and Punishment of the crime of Genocide) ကိုက်ဴးလြန္ေဖာက္ဖ်က္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႕ တရားစြဲဆိုထားတာနဲ႕ပတ္သက္ၿပီး ICJ တရား႐ုံးမွာ စီရင္ခြင့္မရွိေၾကာင္း ေလ်ာက္လဲခဲ့တာပါ။
ဂမ္ဘီယာနိုင္ငံအေနနဲ႕ ျမန္မာနိုင္ငံအေပၚ တရားစြဲဆိုခြင့္မရွိေၾကာင္း ကနဦးကန႔္ကြက္လႊာကို ျမန္မာနိုင္ငံက အျပည္ျပည္ဆိုင္ရာတရား႐ုံးကို တင္သြင္းခဲ့ၿပီး ကန႔္ကြက္လႊာနဲ႕ပတ္သက္တဲ့ ၾကားနာမႈကို နယ္သာလန္နိုင္ငံ၊ သည္ဟိဂ္ၿမိဳ႕မွာ ယမန္ေန႕ (ေဖေဖာ္ဝါရီ ၂၁ ရက္) ကစၿပီး ၂၈ ရက္ေန႕အထိ ျပဳလုပ္သြားမွာျဖစ္ပါတယ္။
ပထမရက္ၾကားနာမႈကို ယမန္ေန႕ ျမန္မာစံေတာ္ခ်ိန္ ည ၇ နာရီမွာ စတင္ခဲ့ကာ ျမန္မာနိုင္ငံကိုယ္စားလွယ္ (Agent) ျဖစ္သူ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလွိုင္က ဒီအမႈကို ဥပေဒေၾကာင္းအရ ICJ က လက္ခံၾကားနာစစ္ေဆးဖို႔ မသင့္ေၾကာင္း ရွင္းလင္း ေျပာၾကားခဲ့ကာ ျမန္မာနိုင္ငံကိုယ္စားျပဳ နိုင္ငံတကာေရွ႕ေနမ်ားက ျမန္မာနိုင္ငံက တင္သြင္းခဲ့တဲ့ ကနဦးကန႔္ကြက္ခ်က္မ်ားနဲ႕ပတ္သက္ၿပီး တရား႐ုံးကို တင္ျပေလွ်ာက္လဲသြားမယ္လို႔ သိရပါတယ္။
Recent Comments