တောင်ကိုရီးယားနိုင်ငံအနေဖြင့် ကိုဗစ်- ၁၉ ရောဂါကူးစက်မှုများကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့မှစတင်ကာ ပြည်ဝင်ခွင့်များကို ပိတ်ထားခဲ့ရာမှ လိုအပ်ချက်အရ မြန်မာလုပ်သားများကို ပြန်လည်ခေါ်ယူခဲ့ရာ ယခုလ ဖေဖော်ဝါရီ ၇ ရက်မှ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်အထိ မြန်မာလုပ်သား ၁၀၀ ကျော်ကို ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။

ယခုအခါ တောင်ကိုရီးယားသို့ ဆောက်လုပ်ရေး လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် (၁၃) ဦး၊ Re-entry အဖြစ် ပြန်လည်ဝင်ရောက်လာသော ကုန်ထုတ်လုပ်သား (၃၆) ဦးနှင့် မြန်မာနိုင်ငံမှ ကုန်ထုတ် လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် (၃၂) ဦး၊ စိုက်ပျိုး/မွေးမြူရေး လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် ကုန်ထုတ်လုပ်သားသစ် (၂၄)ဦး စုစုပေါင်း (၁၀၅) ဦးတို့သည် စင်ကာပူနိုင်ငံမှတစ်ဆင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယခုဖေဖော်ဝါရီ ပထမပါတ်နှင့်ဒုတိယပါတ်အတွင်း ရောက်ရှိလာခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးမှသိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက်ကလည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ်လုပ်ကိုင်မည့် လုပ်သားသစ် (၄၉) ဦးအပြင် ယခုနှစ် ဇန်နဝါရီ ၂၄ ရက်က Re-entry လုပ်သား (၂၈) ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် (၅၆) ဦး စုစုပေါင်း (၈၄) ဦးတို့ ကိုရီယားနိုင်ငံသို့ ရောက်ရှိပြီးဖြစ်သည်။

#mhtnews

(Zawgyi)

“ျမန္မာလုပ္သား ၁၀၀ ေက်ာ္ ေတာင္ကိုရီးယားက ေခၚယူ”

ေတာင္ကိုရီးယားနိုင္ငံအေနျဖင့္ ကိုဗစ္- ၁၉ ေရာဂါကူးစက္မႈမ်ားေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ ၁ ရက္ေန႕မွစတင္ကာ ျပည္ဝင္ခြင့္မ်ားကို ပိတ္ထားခဲ့ရာမွ လိုအပ္ခ်က္အရ ျမန္မာလုပ္သားမ်ားကို ျပန္လည္ေခၚယူခဲ့ရာ ယခုလ ေဖေဖာ္ဝါရီ ၇ ရက္မွ ယေန႕ ေဖေဖာ္ဝါရီ ၁၄ ရက္အထိ ျမန္မာလုပ္သား ၁၀၀ ေက်ာ္ကို ျပန္လည္ေခၚယူခဲ့ေၾကာင္း သိရသည္။

ယခုအခါ ေတာင္ကိုရီးယားသို႔ ေဆာက္လုပ္ေရး လုပ္သားအျဖစ္ ဝင္ေရာက္လုပ္ကိုင္မည့္ လုပ္သားသစ္ (၁၃) ဦး၊ Re-entry အျဖစ္ ျပန္လည္ဝင္ေရာက္လာေသာ ကုန္ထုတ္လုပ္သား (၃၆) ဦးႏွင့္ ျမန္မာနိုင္ငံမွ ကုန္ထုတ္ လုပ္သားအျဖစ္ ဝင္ေရာက္လုပ္ကိုင္မည့္ လုပ္သားသစ္ (၃၂) ဦး၊ စိုက္ပ်ိဳး/ေမြးျမဴေရး လုပ္သားအျဖစ္ ဝင္ေရာက္လုပ္ကိုင္မည့္ ကုန္ထုတ္လုပ္သားသစ္ (၂၄)ဦး စုစုေပါင္း (၁၀၅) ဦးတို႔သည္ စင္ကာပူနိုင္ငံမွတစ္ဆင့္ အင္ခြၽန္းအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ယခုေဖေဖာ္ဝါရီ ပထမပါတ္ႏွင့္ဒုတိယပါတ္အတြင္း ေရာက္ရွိလာခဲ့ေၾကာင္း ေတာင္ကိုရီးယားနိုင္ငံရွိ ျမန္မာသံ႐ုံးမွသိရသည္။

ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီ ၁၇ ရက္ကလည္း စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္သားအျဖစ္လုပ္ကိုင္မည့္ လုပ္သားသစ္ (၄၉) ဦးအျပင္ ယခုႏွစ္ ဇန္နဝါရီ ၂၄ ရက္က Re-entry လုပ္သား (၂၈) ဦးႏွင့္ ကုန္ထုတ္လုပ္သားအျဖစ္ ဝင္ေရာက္လုပ္ကိုင္မည့္ လုပ္သားသစ္ (၅၆) ဦး စုစုေပါင္း (၈၄) ဦးတို႔ ကိုရီယားနိုင္ငံသို႔ ေရာက္ရွိၿပီးျဖစ္သည္။

#mhtnews