ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ တစ်ရက်အတွင်း ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရမှု (၀.၅၃) ရာခိုင်နှုန်းအထိ ဒုတိယအကြိမ် ကျဆင်းခဲ့ပြီး ၎င်းနေ့ရက်အထိ ကိုဗစ်ကြောင့် ထပ်မံသေဆုံးသူ တစ်ဦးမှမရှိသည့် ၁၀ ရက်မြောက်အထိ ရှိလာခဲ့သော်လည်း အိုမီခရွန်ရောဂါပိုးတွေ့ရှိသူမှာ ဖေဖော်ဝါရီ ၂ ရက်အထိ ၃၀၀ ကျော်အထိ ရှိလာခဲ့သည်။

ယမန့်နေ့က ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိုနယ်ရှိ စက်ရုံတစ်ခု၏ အလုပ်သမား (၁၀) ဦးထံမှ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရှိရသဖြင့် ၎င်းရောဂါပိုး စတင်တွေ့ရှိခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ တစ်လကျော်ကာလအတွင်း အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ (၃၂၀) ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။
#mhtnews

(Zawgyi)
“မြန်မာနိုင်ငံ၌ ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရမှု ကျဆင်းလာသော်လည်း အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၃၀၀ ကျော်အထိရှိလာ”

ရန်ကုန်၊ ဖေဖော်ဝါရီ ၃


ယမန့်နေ့က ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံတစ်ခု၏ အလုပ်သမား (၁၀) ဦးထံမှ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရှိရသဖြင့် ၎င်းရောဂါပိုး စတင်တွေ့ရှိခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ တစ်လကျော်ကာလအတွင်း အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ (၃၂၀) ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။
#mhtnews