စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူ မြို့နယ်၊ မဓုရကျေးရွာအနီးရှိ မိုင်တဲတာဝါတိုင်အား PDF အကြမ်းဖက်အဖွဲ့မှ ဖျက်ဆီးနေကြောင်းသတင်းအရ ဖေဖော်ဝါရီ ၃ ရက် နေ့လည်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့မှ ၎င်းကျေးရွာအနီး တစ်ဝိုက်အား သွားရောက်ရှင်းလင်းခဲ့ရာ လှည်းလမ်းပေါ်၌ မိုင်းထောင်ထားသည်ကိုတွေ့ရှိသဖြင့် မိုင်းကြိုးအတိုင်း လိုက်လံရှင်းလင်းစဉ် မသင်္ကာ ဖွယ်ရာလူ ၄ ဦးအားတွေ့ရှိရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးသွာသဖြင့် ပစ်ခတ်ဖမ်းစီးခဲ့ရာ PDF အကြမ်းဖက်သမား အလောင်း ၄ လောင်းကို လက်လုပ်သေနတ်(အရှည်) ၂ လက်၊ (အတို) ၁ လက်၊ လက်လုပ်မိုင်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဆက်လက်ထွက်ခွာလာခဲ့ရာ မဓုရကျေး ရွာအနီးရှိ တာဝါတိုင်ရှိပစ္စည်းများအား ဖျက်ဆီးထားသည်ကို တွေ့ရှိခဲ့ရပြီး အခြားထူးခြားမှုမရှိသဖြင့် ၎င်းကျေးရွာမှဆက်လက်ထွက်ခွာလာခဲ့ရာ PDF အကြမ်းဖက်သမားများအသုံးပြုသည့် လေ့ကျင့်ရေးကွင်း ၁ ကွင်းနှင့် နှစ်ယောက်အိပ်တဲ ၂ လုံးအား တွေ့ရှိမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ဆက်လက်ထွက်ခွာခဲ့ရာ မြင်းမူမြို့နယ်၊ မကျီးကန်ရွာရှိ PDF အကြမ်းဖက် ခေါင်းဆောင်ဖြစ်သူ သန်းဇော်၏နေအိမ်မှ လက်လုပ် သေနတ်အရှည် ၇ လက်နှင့် သေနတ်ပြလုပ်သည့် ဆက်စပ်ပ္စည်းများအား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ျမင္းမူၿမိဳ႕နယ္၌ Mytel တာဝါတိုင္ဖ်က္စီးေနသည့္ PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕ကို လုံၿခဳံေရးတပ္ဖြဲ႕မွ ပစ္ခတ္ရွင္းလင္း၊ အၾကမ္းဖက္သမား အေလာင္း ၄ ေလာင္းကို လက္နက္အခ်ိဳ႕ႏွင့္အတူ သိမ္းဆည္းရမိ”

စစ္ကိုင္းတိုင္းေဒသႀကီး၊ ျမင္းမူ ၿမိဳ႕နယ္၊ မဓုရေက်း႐ြာအနီးရွိ မိုင္တဲတာဝါတိုင္အား PDF အၾကမ္းဖက္အဖြဲ႕မွ ဖ်က္ဆီးေနေၾကာင္းသတင္းအရ (ေဖေဖာ္ဝါရီ ၃ ရက္) ေန႕လည္ပိုင္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕မွ ၎ေက်း႐ြာအနီး တစ္ဝိုက္အား သြားေရာက္ရွင္းလင္းခဲ့ရာ လွည္းလမ္းေပၚ၌ မိုင္းေထာင္ထားသည္ကိုေတြ႕ရွိသျဖင့္ မိုင္းႀကိဳးအတိုင္း လိုက္လံရွင္းလင္းစဥ္ မသကၤာ ဖြယ္ရာလူ ၄ ဦးအားေတြ႕ရွိရပ္တန႔္ခိုင္းရာ ရပ္တန႔္ျခင္းမရွိဘဲ ထြက္ေျပးသြာသျဖင့္ ပစ္ခတ္ဖမ္းစီးခဲ့ရာ PDF အၾကမ္းဖက္သမား အေလာင္း ၄ ေလာင္းကို လက္လုပ္ေသနတ္(အရွည္) ၂ လက္၊ (အတို) ၁ လက္၊ လက္လုပ္မိုင္း ၁ လုံးတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ လုံၿခဳံေရးပူးေပါင္းအဖြဲ႕သည္ ဆက္လက္ထြက္ခြာလာခဲ့ရာ မဓုရေက်း ႐ြာအနီးရွိ တာဝါတိုင္ရွိပစၥည္းမ်ားအား ဖ်က္ဆီးထားသည္ကို ေတြ႕ရွိခဲ့ရၿပီး အျခားထူးျခားမႈမရွိသျဖင့္ ၎ေက်း႐ြာမွဆက္လက္ထြက္ခြာလာခဲ့ရာ PDF အၾကမ္းဖက္သမားမ်ားအသုံးျပဳသည့္ ေလ့က်င့္ေရးကြင္း ၁ ကြင္းႏွင့္ ႏွစ္ေယာက္အိပ္တဲ ၂ လုံးအား ေတြ႕ရွိမီးရွို႔ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

ထိုမွတစ္ဆင့္ ဆက္လက္ထြက္ခြာခဲ့ရာ ျမင္းမူၿမိဳ႕နယ္၊ မက်ီးကန္႐ြာရွိ PDF အၾကမ္းဖက္ ေခါင္းေဆာင္ျဖစ္သူ သန္းေဇာ္၏ေနအိမ္မွ လက္လုပ္ ေသနတ္အရွည္ ၇ လက္ႏွင့္ ေသနတ္ျပလုပ္သည့္ ဆက္စပ္ပၥည္းမ်ားအား ထပ္မံေတြ႕ရွိ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

#mhtnews