ုံရွာ၊ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို၊ မြိုသစ်ရပ်ကွက်၊ စိန်ပန်းနီလမ်း၌ ဖေဖော်ဝါရီ ၃ ရက်၊ ည ၈ နာရီအချိန်ခန့်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးပူးပေါင်းအဖွဲမှ လူ ၃ ဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးအား စစ်ဆေးမှုခံယူရန် ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ထိုသို မောင်းနှင်ထွက်ပြေးမှုကြောင့် လုံခြုံရေးတပ်ဖွဲမှ လိုက်လံရှင်းလင်းရာ အဆိုပါ အမျိုးသား ၃ ဦးမှာ အိုးဘိုထောင်ရပ်ကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲရုံးရှေ့ရှိ ဆင်ဖြူတော်လမ်းမပေါ်မှ အတားအဆီးဘယ်ရီဂိတ်များအား ဝင်တိုက်၍ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲရုံးမှ တာဝန်ကျလုံခြုံရေးတပ်ဖွဲက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ ကုလား(ခ) အောင်သူရတွင် ကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အတူလိုက်ပါလာသူများအနက် ကျော်စိုးဆိုသူအား ၎င်းတိုစီးနင်းလာသည့်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကာ ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
#mhtnews

(Zawgyi)
မုံရွာ၌ လုံခြုံရေးတပ်ဖွဲ့၏ စစ်ဆေးမှုကို မခံယူဘဲ ဆိုင်ကယ်မောင်းပြေးသူ ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီး

မုံရွာ၊ ဖေဖော်ဝါရီ ၎

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စိန်ပန်းနီလမ်း၌ ဖေဖော်ဝါရီ ၃ ရက်၊ ည ၈ နာရီအချိန်ခန့်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ လူ ၃ ဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးအား စစ်ဆေးမှုခံယူရန် ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ထိုသို့ မောင်းနှင်ထွက်ပြေးမှုကြောင့် လုံခြုံရေးတပ်ဖွဲ့မှ လိုက်လံရှင်းလင်းရာ အဆိုပါ အမျိးသား ၃ ဦးမှာ အိုးဘိုထောင်ရပ်ကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ ဆင်ဖြူတော်လမ်းမပေါ်မှ အတားအဆီးဘယ်ရီဂိတ်များအား ဝင်တိုက်၍ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ တာဝန်ကျလုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ ကုလား(ခ) အောင်သူရတွင် ကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အတူလိုက်ပါလာသူများအနက် ကျော်စိုးဆိုသူအား ၎င်းတို့စီးနင်းလာသည့်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကာ ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
#mhtnews