စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို၊ မြဝတီရပ်ကွက်၊ ဗန္ဓုလလမ်းနှင့် မကျီးပင်ဈေးလမ်းထောင့်၌ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ နံနက်ပိုင်းတွင် မသင်္ကာဖွယ် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၁)ဦးတိုကို လုံခြုံရေးပူးပေါင်းတပ်ဖွဲမှ တွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ရာ မုံရွာမြို၊ နန္ဒဝန်ရပ်ကွက်နေ တိုင်းလင်းနှင့် မယုယုထွန်းတို ၎င်းတိုလွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ လက်လုပ်ဗုံး (၂)လုံး လက်ကိုင်ဖုန်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထိုနောက် ဖမ်းဆီးရမိသည့် PDF အမည်ခံ အကြမ်းဖက်သမား တိုင်းလင်း၏ ထွက်ဆိုဝန်ခံချက်အရ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ပြည်သူများအားခြိမ်းခြောက်သောစာသားများ၊ မဟုတ်မမှန်သတင်းများ ရေးသားသော ပြည်သူ့ မီဒီယာ ကွန်ယက်-မုံရွာ အသင်းဝင် တစ်ဦးဖြစ်သည့် အောင်ချမ်းသာရပ်ကွက်နေ PDF အကြမ်းဖက်သမား မြင့်မောင်မောင်နှင့် ထန်းတောရပ်ကွက်နေ PDF အကြမ်းဖက်သမား သူရိန်မြင့်တို နှစ်ဦးကို မုံရွာမြို၊ ကန်သာဦးရပ်ကွက်၊ အင်းရွာသစ်လမ်း၊ ဗောဓိမဏ္ဍိုင်ဘုန်းကြီးကျောင်းရှေ့၌ ပစ္စတိုသေနတ် (၁)လက်၊ ကျည်အိမ် (၁)ခု၊ ၉မမ ကျည်(၈)တောင့်တိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“မုံရွာမြို့၌ PDF အမည်ခံအကြမ်းဖက်သမား အမျိးသား ၁ ဦးနှင့် အမျိးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ရာမှ ဆက်စပ်အကြမ်းဖက်သမား ၂ ဦးကိုပါ လက်နက်နှင့်အတူ ဖမ်းဆီးရမိ”
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ ဗန္ဓုလလမ်းနှင့် မကျီးပင်ဈေးလမ်းထောင့်၌ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ နံနက်ပိုင်းတွင် မသင်္ကာဖွယ် အမျိးသား(၁)ဦးနှင့် အမျိးသမီး (၁)ဦးတို့ကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့မှ တွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ရာ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နေ တိုင်းလင်းနှင့် မယုယုထွန်းတို့ ၎င်းတို့လွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ လက်လုပ်ဗုံး (၂)လုံး လက်ကိုင်ဖုန်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ဖမ်းဆီးရမိသည့် PDF အမည်ခံ အကြမ်းဖက်သမား တိုင်းလင်း၏ ထွက်ဆိုဝန်ခံချက်အရ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ပြည်သူများအားခြိမ်းခြောက်သောစာသားများ၊ မဟုတ်မမှန်သတင်းများ ရေးသားသော ပြည်သူ့ မီဒီယာ ကွန်ယက်-မုံရွာ အသင်းဝင် တစ်ဦးဖြစ်သည့် အောင်ချမ်းသာရပ်ကွက်နေ PDF အကြမ်းဖက်သမား မြင့်မောင်မောင်နှင့် ထန်းတောရပ်ကွက်နေ PDF အကြမ်းဖက်သမား သူရိန်မြင့်တို့ နှစ်ဦးကို မုံရွာမြို့၊ ကန်သာဦးရပ်ကွက်၊ အင်းရွာသစ်လမ်း၊ ဗောဓိမဏ္ဍိုင်ဘုန်းကြီးကျောင်းရှေ့၌ ပစ္စတိုသေနတ် (၁)လက်၊ ကျည်အိမ် (၁)ခု၊ ၉မမ ကျည်(၈)တောင့်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
#mhtnews
Recent Comments