မီဒီယာများအနေနဲ့ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ပြည်သူများအကြား ခိုင်မာသည့် ပေါင်းကူးတံတား သဖွယ်ဖြစ်အောင် တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

 

နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ယမန်နေ့က (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ထမ်းဆောင်ခဲ့တဲ့ တစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်၊ MRTV News Channel နှင့် MRTV DTH စနစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဆက်လက်၍ ဗိုလ်ချုပ်မှူးကြီးက မီဒီယာကဏ္ဍဟာ အနာဂတ် နိုင်ငံတော်ကြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်ကိုဦးဆောင်မယ့် မျိုးဆက်သစ်လူငယ်များကို မှန်ကန်တဲ့ အသိအမြင်၊ အတွေးအခေါ်ရရှိစေဖို့ ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် ပဓာနကျကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

(Zawgyi)

“မီဒီယာမ်ားအေနနဲ႕ နိုင္ငံေတာ္အစိုးရ၊ တပ္မေတာ္နဲ႕ ျပည္သူမ်ားအၾကား ခိုင္မာသည့္ ေပါင္းကူးတံတား သဖြယ္ျဖစ္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ေျပာ”

မီဒီယာမ်ားအေနနဲ႕ နိုင္ငံေတာ္အစိုးရ၊ တပ္မေတာ္နဲ႕ ျပည္သူမ်ားအၾကား ခိုင္မာသည့္ ေပါင္းကူးတံတား သဖြယ္ျဖစ္ေအာင္ တတ္စြမ္းသေ႐ြ႕ ႀကိဳးပမ္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေကာင္စီဥကၠ႒၊ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပာဆိုလိုက္ပါတယ္။

နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ဟာ ယမန္ေန႕က (၇၅) ႏွစ္ေျမာက္ စိန္ရတုျပည္ေထာင္စုေန႕ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ တာဝန္ထမ္းေဆာင္ခဲ့တဲ့ တစ္ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႕ အထိမ္းအမွတ္ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား စိန္ရတုျပတိုက္၊MRTV News Channelႏွင့္MRTV DTHစနစ္ ဖြင့္လွစ္ျခင္းအခမ္းအနားကို တက္ေရာက္ဖြင့္လွစ္ေပးခဲ့ရာမွာ ထည့္သြင္းေျပာၾကားခဲ့တာပါ။

ဆက္လက္၍ ဗိုလ္ခ်ဳပ္မႉးႀကီးက မီဒီယာက႑ဟာ အနာဂတ္ နိုင္ငံေတာ္ႀကီး ေအးခ်မ္းသာယာဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အနာဂတ္ကိုဦးေဆာင္မယ့္ မ်ိဳးဆက္သစ္လူငယ္မ်ားကို မွန္ကန္တဲ့ အသိအျမင္၊ အေတြးအေခၚရရွိေစဖို႔ ျပဳစုပ်ိဳးေထာင္ေပးနိုင္ေရးအတြက္ ပဓာနက်ေၾကာင္းကိုလည္း ေျပာၾကားခဲ့ပါတယ္။