မိမိတို့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အာဃာတ တရားများ၊ အငြိုးအတေးများမရှိစေရေးအတွက် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖနှင့် စိုက်ပျိုးရေးတောင်သူများအား သွားရောက်တွေ့ဆုံရာ၌ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က “ပညာသင်ကြားရေးအတွက်လည်း အားပေးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဘဝတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးသည် မိမိတို့နိုင်ငံအတွက် အားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်စေရေး ရှိပြီးသားအခြေခံကောင်းများကိုအသုံးချ၍ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွက် အားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
#mhtnews
(Zawgyi)
“မိမိတို႔အေနျဖင့္ ေဒသတည္ၿငိမ္ေအးခ်မ္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ အာဃာတ တရားမ်ား၊ အၿငိဳးအေတးမ်ားမရွိေစေရးအတြက္ ထိခိုက္မႈအနည္းဆုံးျဖစ္ေအာင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ေျပာၾကား”
မိမိတို႔အေနျဖင့္ ေဒသတည္ၿငိမ္ေအးခ်မ္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ အာဃာတ တရားမ်ား၊ အၿငိဳးအေတးမ်ားမရွိေစေရးအတြက္ ထိခိုက္မႈအနည္းဆုံးျဖစ္ေအာင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာၾကားသည္။
နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားသည္ ယမန္ေန႕က မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္မ်ား၊ခရိုင္၊ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ၿမိဳ႕မိၿမိဳ႕ဖႏွင့္စိုက္ပ်ိဳးေရးေတာင္သူမ်ားအား သြားေရာက္ေတြ႕ဆုံရာ၌ ထိုသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဆက္လက္၍ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က “ပညာသင္ၾကားေရးအတြက္လည္း အားေပးေဆာင္႐ြက္ေပးလ်က္ရွိသကဲ့သို႔ ျပည္သူမ်ား၏က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကိုလည္း စဥ္ဆက္မျပတ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ေက်းလက္ေနျပည္သူမ်ား၏ ဘဝတိုးတက္ေရးအတြက္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား တိုးတက္ေရးကိုလည္း ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ မေကြးတိုင္းေဒသႀကီးသည္ မိမိတို႔နိုင္ငံအတြက္ အားထားရသည့္ တိုင္းေဒသႀကီးတစ္ခုျဖစ္ေစေရး ရွိၿပီးသားအေျခခံေကာင္းမ်ားကိုအသုံးခ်၍ အားလုံးဝိုင္းဝန္းႀကိဳးပမ္း ေဆာင္႐ြက္မည္ဆိုပါက နိုင္ငံအတြက္ အားထားရသည့္ တိုင္းေဒသႀကီးတစ္ခုျဖစ္လာမည္ျဖစ္ေၾကာင္း” ေျပာၾကားခဲ့သည္။
#mhtnews
Recent Comments