မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စံပြနွေစပါးစိုက်ဧက ၅၀ အတွက် မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး မျိုးစပါးများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ဇီးချိုကုန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မျိုးစပါးများ ထောက်ပံပေးရာ၌ နွေစပါး တစ်ဧက တင်း ၁၂၀ ထွက်ရှိရေး လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သော မျိုးကောင်းမျိုးသန့် ရွေးခြယ်စိုက်ပျိုးရန်၊ ဘောင်းစနစ်ဖြင့်စိုက်ပျိုးရန်၊ တစ်ဧက ကောက် ကွက် တစ်သိန်း ငါးသောင်းဝင်ဆံ့ရန် အတန်းလိုက်စိုက်ပျိုးရန်၊ ပင်ပွားအရေအတွက်များစေရန် ရေသွင်းရေခမ်းစနစ်ဖြင့်ဆောင်ရွက်ရန်၊ ပေါက်မြက်ကင်းစေရေး နုတ်ပယ်ရန်၊ ပိုးမွှားရောဂါကြိုတင် ကာကွယ်ရန်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာအချိုးချသုံးစွဲရန်နှင့် အလေအလွှင့်နည်းပါးစွာ ဖြင့် ရိတ်သိမ်းရန်စသည့်တို့ကို တာဝန်ရှိသူများ ရှင်းလင်းပြောကြားခဲ့ပြီး တစ်ဧက မျိုးစပါး တစ်တင်းခွဲနှုန်းဖြင့် စံပြနွေစပါးစိုက်ဧက ၅၀ အတွက် မျိုးစပါး ၇၅ တင်းကို တောင်သူ ၂၅ ဦးအား အခမဲ့ ပေးအပ်ခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ် နွေစပါးကို လျှော်ဖြူကန်၊ ဇောင်ချမ်းကုန်း၊ ကဖြူ၊ ညောင် ကိုင်း၊ တောမ၊ ထမုန်ကန်၊ ခင်လူး၊ မုန်တိုင်၊ သီးကုန်း၊ ကုက္ကိုကုန်း၊ ကွက်ငယ်၊ ရှမ်းမငယ်ကျေးရွာ အုပ်စုများရှိ ကွင်း ၂၃ ကွင်းတွင် နွေစပါးစိုက်ဧက ၈၀၀ကျော် စိုက်ပျိုးနိုင်ရေး လျာထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

(Zawgyi)

“မိတ္ထီလာမြို့နယ်၌ စံပြနွစေပါး စိုက်ဧက ၅၀ အတွက် မျိုးကောင်းမျိုးသန့် မျိုးစပါးများ အခမဲ့ဖြန့်ဝေ”

မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စံပြနွစေပါးစိုက်ဧက ၅၀ အတွက် မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး မျိုးစပါးများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ဇီးချိုကုန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မျိုးစပါးများ ထောက်ပံပေးရာ၌ နွစေပါး တစ်ဧက တင်း ၁၂၀ ထွက်ရှိရေး လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သော မျိုးကောင်းမျိုးသန့် ရွေးခြယ်စိုက်ပျိုးရန်၊ ဘောင်းစနစ်ဖြင့်စိုက်ပျိုးရန်၊ တစ်ဧက ကောက် ကွက် တစ်သိန်း ငါးသောင်းဝင်ဆံ့ရန် အတန်းလိုက်စိုက်ပျိုးရန်၊ ပင်ပွားအရေအတွက်များစေရန် ရေသွင်းရေခမ်းစနစ်ဖြင့်ဆောင်ရွက်ရန်၊ ပေါက်မြက်ကင်းစေရေး နုတ်ပယ်ရန်၊ ပိုးမွှားရောဂါကြိုတင် ကာကွယ်ရန်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာအချိုးချသုံးစွဲရန်နှင့် အလေအလွှင့်နည်းပါးစွာ ဖြင့် ရိတ်သိမ်းရန်စသည့်တို့ကို တာဝန်ရှိသူများ ရှင်းလင်းပြောကြားခဲ့ပြီး တစ်ဧက မျိုးစပါး တစ်တင်းခွဲနှုန်းဖြင့် စံပြနွစေပါးစိုက်ဧက ၅၀ အတွက် မျိုးစပါး ၇၅ တင်းကို တောင်သူ ၂၅ ဦးအား အခမဲ့ ပေးအပ်ခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ် နွစေပါးကို လျှော်ဖြူကန်၊ ဇောင်ချမ်းကုန်း၊ ကဖြူ၊ ညောင် ကိုင်း၊ တောမ၊ ထမုန်ကန်၊ ခင်လူး၊ မုန်တိုင်၊ သီးကုန်း၊ ကုက္ကိုကုန်း၊ ကွက်ငယ်၊ ရှမ်းမငယ်ကျေးရွာ အုပ်စုများရှိ ကွင်း ၂၃ ကွင်းတွင် နွစေပါးစိုက်ဧက ၈၀၀ကျော် စိုက်ပျိုးနိုင်ရေး လျာထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။