မနက်ဖန် ဖေဖော်ဝါရီ ၂၂ ရက်နေ့က စတင်ပြီး YBS ယာဥ်စီးနင်းခကို ပုံသေနှုန်းထား ၄၀၀ ကျပ်နဲ့ တိုးမြှင့်ကောက်ခံသွားမယ်လို YBS ယာဉ်အချိုမှာ အသိပေးစာကပ်ထားတာတွေ့ရပါတယ်။

ယာဉ်စီးခနှုန်းထားကို ငွေသားနဲ့ပေးချေမယ်ဆိုရင် ပုံသေနှုန်းထား ၄၀၀ ကျပ် သတ်မှတ်ထားပေမယ့် YPS ကတ်နဲ့ ပေးချေမယ်ဆိုရင် ၃၆၀ ကျပ် သတ်မှတ်ထားတယ်လို ၎င်းစာများအရ သိရပါတယ်။

မကြာသေးမီ ရက်ပိုင်းကတည်းက YBS ယာဥ်စီးခနှုန်းထားတွေကို အရင်ပုံသေ ၂၀၀ ကျပ်အစား ခရီးစဥ်တပိုင်းကို ၂၀၀ ကျပ်၊ ခရီးစဥ်စဆုံး ၄၀၀ ကျပ်အဖြစ် YBS ယာဉ်လိုင်းအချိုက တိုးမြှင့်ကောက်ခံနေတာတွေရှိတယ်လို YBS စီးနင်းသူအချိုက ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပိုဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကတော့ ယာဉ်စီးခတွေ တိုးမြှင့်ကောက်ခံဖို ညွှန်ကြားထားခြင်းမရှိဘူးလို ပြီးခဲ့တဲ့ရက်ပိုင်းက ငြင်းဆိုခဲ့ပါတယ်။

YPS ကတ်စနစ်အရသာ ခရီးမိုင်အကွာအဝေးအလိုက် ယာဉ်စီးခတွေ ပိုင်းဖြတ်ဖိုအတွက် YBS ယာဉ်လိုင်းကုမ္ပဏီတွေနဲ့ Yangon Payment Services လုပ်ကိုင်ခွင့်ရရှိထားတဲ့ Asia Starmar Transport Intelligent Co., Ltd တို ညှိနှိင်းဆောင်ရွက်နေဆဲဖြစ်တယ်လို ကော်မတီက ထုတ်ပြန်ထားတာပါ။
#mhtnews

(Zawgyi)
“မနက်ဖန်ကစတင်ပြီး YBS ယာဉ်စီးခ ပုံသေ ၄၀၀ ကျပ်နဲ့ တိုးမြှင့်ကောက်ခံသွားမည်ဟု သတင်းထွက်ပေါ်”

မနက်ဖန် ဖေဖော်ဝါရီ ၂၂ ရက်နေ့က စတင်ပြီး YBS ယာဉ်စီးနင်းခကို ပုံသေနှုန်းထား ၄၀၀ ကျပ်နဲ့ တိုးမြှင့်ကောက်ခံသွားမယ်လို့ YBS ယာဉ်အချိ့မှာ အသိပေးစာကပ်ထားတာတွေ့ရပါတယ်။

ယာဉ်စီးခနှုန်းထားကို ငွေသားနဲ့ပေးချေမယ်ဆိုရင် ပုံသေနှုန်းထား ၄၀၀ ကျပ် သတ်မှတ်ထားပေမယ့် YPS ကတ်နဲ့ ပေးချေမယ်ဆိုရင် ၃၆၀ ကျပ် သတ်မှတ်ထားတယ်လို့ ၎င်းစာများအရ သိရပါတယ်။

မကြာသေးမီ ရက်ပိုင်းကတည်းက YBS ယာဉ်စီးခနှုန်းထားတွေကို အရင်ပုံသေ ၂၀၀ ကျပ်အစား ခရီးစဉ်တပိုင်းကို ၂၀၀ ကျပ်၊ ခရီးစဉ်စဆုံး ၄၀၀ ကျပ်အဖြစ် YBS ယာဉ်လိုင်းအချိ့က တိုးမြှင့်ကောက်ခံနေတာတွေရှိတယ်လို့ YBS စီးနင်းသူအချိ့က ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကတော့ ယာဉ်စီးခတွေ တိုးမြှင့်ကောက်ခံဖို့ ညွှန်ကြားထားခြင်းမရှိဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ငြင်းဆိုခဲ့ပါတယ်။

YPS ကတ်စနစ်အရသာ ခရီးမိုင်အကွာအဝေးအလိုက် ယာဉ်စီးခတွေ ပိုင်းဖြတ်ဖို့အတွက် YBS ယာဉ်လိုင်းကုမ္ပဏီတွေနဲ့ Yangon Payment Services လုပ်ကိုင်ခွင့်ရရှိထားတဲ့ Asia Starmar Transport Intelligent Co., Ltd တို့ ညှိနှိင်းဆောင်ရွက်နေဆဲဖြစ်တယ်လို့ ကော်မတီက ထုတ်ပြန်ထားတာပါ။
#mhtnews