မည်သည့် ဆုံးဖြတ်ချက်ရလာဒ်မျှမထွက်ပေါ်ဘဲ ရုရှားနှင့် ယူကရိန်းကိုယ်စားလှယ်များ ကနဦးတွ့ဆုံဆွေးနွေးပွဲပြီးဆုံးသွားခဲ့ပြီး နောက်ထပ်တွေ့ဆုံမှုများ ပြုလုပ်ရန်ရှိနေသေးကြောင်း နိုင်ငံတကာ သတင်းဖော်ပြမှုများအရ သိရသည်။

တွေ့ဆုံပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များအနေဖြင့် ဦးစားပေးဖြေရှင်းရမည့်အချက်များကို အကြမ်းဖျဉ်းဆွေးနွေးခဲ့ကြပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြန်လည်တိုင်ပင်ညှိနှိင်းကြရန်အတွက် မိမိနိုင်ငံကို ပြန်ရောက်နေကြပြီဖြစ်ကြောင်းနှင့် ယူကရိန်းဖက်မှ အပစ်အခတ်ရပ်စဲရေးနှင့် တိုက်ခိုက်နေမှုများကို အဆုံးသတ်ရန်ကြိုးပမ်းနေကြောင်း ယူကရိန်းကိုယ်စားလှယ်အဖွဲဝင်တစ်ဦးဖြစ်သူ မီဟယ်လ်ဟို ပိုဒိုလီယက်ကပြောသည်။

အလားတူ ရုရှားဖက်ကလည်း မိမိတို့နိုင်ငံတော်လုံခြုံရေးဆိုင်ရာတောင်းဆိုချက်များကို ခြွင်းချက်မရှိတောင်းဆိုကြောင်း သမ္မတပူတင်က ပြင်သစ်သမ္မတမိုက်ခရွန်မှ တဆင့်ပြောဆိုခဲ့ပြီး ခရိုင်းမီးယားတွင် ရုရှား၏ အချုပ်အခြာအာဏာကိုအသိအမှတ်ပြုရေးနှင့် ယူကရိန်းနိုင်ငံကို စစ်မဲ့ဒေသဖြစ်စေခြင်း၊ ယင်း၏ ကြားနေမှုအဆင့်အတန်းကို အာမခံခြင်းအပြင် နေတိုးမဟာမိတ်အဖွဲ့နှင့် ပူးပေါင်းရန်ကို စွန့်လွှတ်ရန်အချက်လည်းပါဝင်ကြောင်း သိရသည်။

#mhtnews

+++++++++++++++++++++++++++++++++++

(Zawgyi)

“မည္သည့္ ဆုံးျဖတ္ခ်က္ရလာဒ္မွ်မထြက္ေပၚဘဲ ႐ုရွား-ယူကရိန္း ကနဦးေတြ႕ဆုံေဆြးႏြေးပြဲ ၿပီးဆုံး၊ မၾကာမီထပ္မံေဆြးႏြေးဦးမည္ဟုဆို”

မည္သည့္ ဆုံးျဖတ္ခ်က္ရလာဒ္မွ်မထြက္ေပၚဘဲ ႐ုရွားႏွင့္ ယူကရိန္းကိုယ္စားလွယ္မ်ား ကနဦးတြ႕ဆုံေဆြးႏြေးပြဲၿပီးဆုံးသြားခဲ့ၿပီး ေနာက္ထပ္ေတြ႕ဆုံမႈမ်ား ျပဳလုပ္ရန္ရွိေနေသးေၾကာင္း နိုင္ငံတကာ သတင္းေဖာ္ျပမႈမ်ားအရ သိရသည္။

ေတြ႕ဆုံပြဲတြင္ ႏွစ္ဖက္ကိုယ္စားလွယ္မ်ားအေနျဖင့္ ဦးစားေပးေျဖရွင္းရမည့္အခ်က္မ်ားကို အၾကမ္းဖ်ဥ္းေဆြးႏြေးခဲ့ၾကၿပီးေနာက္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ျပန္လည္တိုင္ပင္ညွိႏွိင္းၾကရန္အတြက္ မိမိနိုင္ငံကို ျပန္ေရာက္ေနၾကၿပီျဖစ္ေၾကာင္းႏွင့္ ယူကရိန္းဖက္မွ အပစ္အခတ္ရပ္စဲေရးႏွင့္ တိုက္ခိုက္ေနမႈမ်ားကို အဆုံးသတ္ရန္ႀကိဳးပမ္းေနေၾကာင္း ယူကရိန္းကိုယ္စားလွယ္အဖြဲဝင္တစ္ဦးျဖစ္သူ မီဟယ္လ္ဟို ပိုဒိုလီယက္ကေျပာသည္။

အလားတူ ႐ုရွားဖက္ကလည္း မိမိတို႔နိုင္ငံေတာ္လုံၿခဳံေရးဆိုင္ရာေတာင္းဆိုခ်က္မ်ားကို ႁခြင္းခ်က္မရွိေတာင္းဆိုေၾကာင္း သမၼတပူတင္က ျပင္သစ္သမၼတမိုက္ခ႐ြန္မွ တဆင့္ေျပာဆိုခဲ့ၿပီး ခရိုင္းမီးယားတြင္ ႐ုရွား၏ အခ်ဳပ္အျခာအာဏာကိုအသိအမွတ္ျပဳေရးႏွင့္ ယူကရိန္းနိုင္ငံကို စစ္မဲ့ေဒသျဖစ္ေစျခင္း၊ ယင္း၏ ၾကားေနမႈအဆင့္အတန္းကို အာမခံျခင္းအျပင္ ေနတိုးမဟာမိတ္အဖြဲ႕ႏွင့္ ပူးေပါင္းရန္ကို စြန႔္လႊတ္ရန္အခ်က္လည္းပါဝင္ေၾကာင္း သိရသည္။

#mhtnews