ချင်းပြည်နယ်၊ မင်းတပ်မြိုနယ်ထဲက နယ်မြေလုံခြုံရေးအရ ယာယီပိတ်ထားတဲ့ ဝမ္မသူး တိုက်နယ်ဆေးရုံကို PDF အမည်ခံထားတဲ့ အကြမ်းဖက်အုပ်စုတွေက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဝင်ရောက်ပြီး ဆေးရုံသုံးပစ္စည်းတွေအကုန်လုံးကို ဖျက်ဆီးခဲ့တယ်လို ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါဒေသမှာ နယ်မြေခံတပ်တွေရှိသော်လည်း PDF အကြမ်းဖက်တွေနဲ့ နေ့စဥ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် နေရာတိုင်းကို အပြည့်အဝ လုံခြုံရေးဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးဘဲ လုံခြုံရေးမရှိတဲ့နေရာတိုင်းကို PDF အကြမ်းဖက်က ဝင်ရောက်ဖျက်စီးတာတွေ ဆက်ကြေးကောက်တာတွေ ပြုလုပ်လျှက်ရှိတယ်လိုလည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီလို PDF အကြမ်းဖက်တွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် အနီးနားမှာရှိတဲ့ ရွာပေါင်းခုနစ်ရွာက ဒေသခံ သုံးရာကျော်တိုလည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို ဆိုပါတယ်။
#mhtnews

(Zawgyi)
“မင်းတပ်မြို့က ယာယီပိတ်ထားတဲ့ ဝမ္မသူးတိုက်နယ်ဆေးရုံကို PDF အမည်ခံထားတဲ့ အကြမ်းဖက်အုပ်စုက ဝင်ရောက်ဖျက်ဆီး”

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက နယ်မြေလုံခြုံရေးအရ ယာယီပိတ်ထားတဲ့ ဝမ္မသူး တိုက်နယ်ဆေးရုံကို PDF အမည်ခံထားတဲ့ အကြမ်းဖက်အုပ်စုတွေက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဝင်ရောက်ပြီး ဆေးရုံသုံးပစ္စည်းတွေအကုန်လုံးကို ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါဒေသမှာ နယ်မြေခံတပ်တွေရှိသော်လည်း PDF အကြမ်းဖက်တွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် နေရာတိုင်းကို အပြည့်အဝ လုံခြုံရေးဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးဘဲ လုံခြုံရေးမရှိတဲ့နေရာတိုင်းကို PDF အကြမ်းဖက်က ဝင်ရောက်ဖျက်စီးတာတွေ ဆက်ကြေးကောက်တာတွေ ပြုလုပ်လျှက်ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီလို PDF အကြမ်းဖက်တွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် အနီးနားမှာရှိတဲ့ ရွာပေါင်းခုနစ်ရွာက ဒေသခံ သုံးရာကျော်တို့လည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
#mhtnews