“ဘာသာရေး၏ အဆုံးအမတရားတို့ဖြင့် ဒေသကို တည်ငြိမ်အေးချမ်းစေရေး ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုက်တွန်းလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင် တာဝန်ရှိသူများသည် ယမန်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ RCခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ကေ့ထိုးဘိုး(တံခွန်တိုင်)အဖွဲ့များမှ ဘာသာ ရေးခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံစဥ် ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်မှူးကြီးက “အကြမ်း ဖက်မှုများနှင့်ပတ်သက်၍ အေးချမ်းမှုကို လိုလားသည့်ပြည်သူများ၊ တာဝန်သိဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တားဆီးချေမှုန်းနိုင်မည်ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် နှစ်ဖက်ထိခိုက်ကျဆုံး၊ သေဆုံးမှုများသည် မိမိတို့တိုင်းရင်း သားများသာဖြစ်၍ နိုင်ငံအတွက်ထိခိုက်ဆုံးရှုံးမှုပင်ဖြစ်ကြောင်း၊ တနည်းအားဖြင့် နိုင်ငံ ၏ လူသားအရင်းအမြစ်များ ဆုံးရှုံးနေခြင်းပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ဟု သိရသည်။

#mhtnews

(Zawgyi)

“ဘာသာေရး၏ အဆုံးအမတရားတို႔ျဖင့္ ေဒသကို တည္ၿငိမ္ေအးခ်မ္းေစေရး ပူးေပါင္းေဆာင္႐ြက္ရန္လိုေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းတိုက္တြန္း”

“ဘာသာေရး၏ အဆုံးအမတရားတို႔ျဖင့္ ေဒသကို တည္ၿငိမ္ေအးခ်မ္းေစေရး ပူးေပါင္းေဆာင္႐ြက္ရန္လိုေၾကာင္း” နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက တိုက္တြန္းလိုက္သည္။

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင္ တာဝန္ရွိသူမ်ားသည္ ယမန္ေန႕က ကယားျပည္နယ္ လြိုင္ေကာ္ၿမိဳ႕ရွိ RCခရစ္ယာန္ ဘာသာ၊ အစၥလာမ္ဘာသာ၊ ဟိႏၵဴဘာသာ၊ ေက့ထိုးဘိုး(တံခြန္တိုင္)အဖြဲ႕မ်ားမွ ဘာသာ ေရးေခါင္းေဆာင္မ်ားႏွင့္ သြားေရာက္ေတြ႕ဆုံစဥ္ ထိုသို႔ တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဆက္လက္၍ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးက “အၾကမ္း ဖက္မႈမ်ားႏွင့္ပတ္သက္၍ ေအးခ်မ္းမႈကို လိုလားသည့္ျပည္သူမ်ား၊ တာဝန္သိဝန္ထမ္းမ်ား၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ညီၫြတ္စြာ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ တားဆီးေခ်မႈန္းနိုင္မည္ျဖစ္ေၾကာင္း၊ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ႏွစ္ဖက္ထိခိုက္က်ဆဳံး၊ ေသဆုံးမႈမ်ားသည္ မိမိတို႔တိုင္းရင္း သားမ်ားသာျဖစ္၍ နိုင္ငံအတြက္ထိခိုက္ဆုံးရႈံးမႈပင္ျဖစ္ေၾကာင္း၊ တနည္းအားျဖင့္ နိုင္ငံ ၏ လူသားအရင္းအျမစ္မ်ား ဆုံးရႈံးေနျခင္းပင္ျဖစ္ေၾကာင္း” ေျပာၾကားခဲ့သည္ဟု သိရသည္။

#mhtnews