ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး ပြည်နယ် ကုန်တွင်းတောင်တန်းဒေသ ပီထရာပိုလစ်မြိုတွင် ဖေဖော်ဝါရီ ၁၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ တောင်ပြိုပြီး လမ်းအများအပြား မြစ်ရေဖုံးလွှမ်းခံခဲ့ရခြင်းကြောင့် လက်ရှိတွင်သေဆုံးသူ ၇၈ ဦးထိ မြင့်တက်လာကြောင်း ဆင်ဟွာသတင်းကဖော်ပြသည်။

အဆိုပါ သဘာဝဘေးကြောင့် ပျောက်ဆုံးသူဦးရေ သည် လက်ရှိတွင် အတည်မပြုနိုင်သေးဘဲ နေအိမ် ဒါဇင်နှင့်ချီ ပျက်စီးခဲ့ပြီး လူပေါင်း ၃၇၀ ကို ယာယီစခန်းသို ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

အချင်းဖြစ်ပွားပြီးနောက် ပီထရာပိုလစ်မြိုအစိုးရက မြိုတော်ပြည်သူ့ကပ်ဘေးအခြေအနေ ကြေညာခဲ့ပြီး ဆေးရုံအားလုံးအသင့်စောင့်ဆိုင်းနေရန် ညွှန်ကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းတွင် ယင်းဒေသ၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ၆ နာရီအတွင်း မိုးရေချိန် ၂၆၀ မီလီမီတာနီးပါးအထိ လျင်မြန်စွာ မြင့်တက်ခဲ့ကာ တောင်မြေပြိုမှု ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လျှံတက်လာသည့် မြစ်ရေက ဆည်ရေကာတာကို ကျော်ကာ ကားနှင့်လမ်းအမြောက်အမြားအပေါ် ရေဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ဘရာဇီးနိုင်ငံ ရီယိုပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူ ၇၈ ဦးအထိ တိုးမြင့်လာ”

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး ပြည်နယ် ကုန်တွင်းတောင်တန်းဒေသ ပီထရာပိုလစ်မြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ တောင်ပြိုပြီး လမ်းအများအပြား မြစ်ရေဖုံးလွှမ်းခံခဲ့ရခြင်းကြောင့် လက်ရှိတွင်သေဆုံးသူ ၇၈ ဦးထိ မြင့်တက်လာကြောင်း ဆင်ဟွာသတင်းကဖော်ပြသည်။

အဆိုပါ သဘာဝဘေးကြောင့် ပျောက်ဆုံးသူဦးရေ သည် လက်ရှိတွင် အတည်မပြုနိုင်သေးဘဲ နေအိမ် ဒါဇင်နှင့်ချီ ပျက်စီးခဲ့ပြီး လူပေါင်း ၃၇၀ ကို ယာယီစခန်းသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

အချင်းဖြစ်ပွားပြီးနောက် ပီထရာပိုလစ်မြို့အစိုးရက မြို့တော်ပြည်သူ့ကပ်ဘေးအခြေအနေ ကြေညာခဲ့ပြီး ဆေးရုံအားလုံးအသင့်စောင့်ဆိုင်းနေရန် ညွှန်ကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းတွင် ယင်းဒေသ၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ၆ နာရီအတွင်း မိုးရေချိန် ၂၆၀ မီလီမီတာနီးပါးအထိ လျင်မြန်စွာ မြင့်တက်ခဲ့ကာ တောင်မြေပြိုမှု ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လျှတက်လာသည့် မြစ်ရေက ဆည်ရေကာတာကို ကျော်ကာ ကားနှင့်လမ်းအမြောက်အမြားအပေါ် ရေဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။
#mhtnews