ဗီယက်နမ်နိုင်ငံမှာ နိုင်ငံတကာ ခရီးသည်တင် လေကြောင်းခရီးစဉ် ပျံသန်းမှုအပေါ် ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်မှုများကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစပြီး ဖယ်ရှားပေးသွားမှာဖြစ်ပြီး ခရီးစဉ် အရေအတွက်ကိုလည်း ကန့်သတ်ထားမှာ မဟုတ်ကြောင်း နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ Tuoi Tre သတင်းစာမှာ ယမန်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ထဲက နယ်စပ်ထိန်းချုပ်မှုများကို တင်းတင်းကျပ်ကျပ် ချမှတ်ခဲ့တဲ့အတွက် ဖွံဖြိုးဆဲ ခရီးသွားလုပ်ငန်းကဏ္ဍ ထိခိုက်နစ်နာ ခဲ့ရပါတယ်။
ဗီယက်နမ်နိုင်ငံအတွင်း ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂.၅ သန်းနီးပါးနဲ့ သေဆုံးသူ ၃၉,၀၀၀ ဝန်းကျင် ရှိခဲ့ပြီး၊ လူဦးရေ ၉၈ သန်းရဲ့ ၉၈ ရာခိုင်နှုန်းနီးပါး အနည်းဆုံး ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးဖြစ်ကြောင်း သိရပါတယ်။
(Zawgyi)
“ဗီယက္နမ္တြင္ နိုင္ငံတကာေလေၾကာင္းခရီးစဥ္ ပ်ံသန္းမႈဆိုင္ရာ ကန႔္သတ္ခ်က္မ်ား အဆုံးသတ္ေတာ့မည္”
ဗီယက္နမ္နိုင္ငံမွာ နိုင္ငံတကာ ခရီးသည္တင္ ေလေၾကာင္းခရီးစဥ္ ပ်ံသန္းမႈအေပၚ ခ်မွတ္ထားတဲ့ ကိုဗစ္-၁၉ ဆိုင္ရာ ကန႔္သတ္မႈမ်ားကို ေဖေဖာ္ဝါရီ ၁၅ ရက္ေန႕မွစၿပီး ဖယ္ရွားေပးသြားမွာျဖစ္ၿပီး ခရီးစဥ္ အေရအတြက္ကိုလည္း ကန႔္သတ္ထားမွာ မဟုတ္ေၾကာင္း နိုင္ငံပိုင္သတင္းစာျဖစ္တဲ့ Tuoi Tre သတင္းစာမွာ ယမန္ေန႕က ထုတ္ျပန္ခဲ့ပါတယ္။
အေရွ႕ေတာင္အာရွနိုင္ငံ တစ္နိုင္ငံျဖစ္တဲ့ ဗီယက္နမ္ဟာ ကိုဗစ္-၁၉ ကပ္ေရာဂါ စတင္ျဖစ္ပြားခ်ိန္ထဲက နယ္စပ္ထိန္းခ်ဳပ္မႈမ်ားကို တင္းတင္းက်ပ္က်ပ္ ခ်မွတ္ခဲ့တဲ့အတြက္ ဖြံၿဖိဳးဆဲ ခရီးသြားလုပ္ငန္းက႑ ထိခိုက္နစ္နာ ခဲ့ရပါတယ္။
ဗီယက္နမ္နိုင္ငံအတြင္း ကပ္ေရာဂါ စတင္ျဖစ္ပြားခ်ိန္မွစၿပီး ကိုဗစ္-၁၉ ကူးစက္ခံရသူ ၂.၅ သန္းနီးပါးနဲ႕ ေသဆုံးသူ ၃၉,၀၀၀ ဝန္းက်င္ ရွိခဲ့ၿပီး၊ လူဦးေရ ၉၈ သန္းရဲ႕ ၉၈ ရာခိုင္ႏႈန္းနီးပါး အနည္းဆုံး ကာကြယ္ေဆး ႏွစ္ႀကိမ္ထိုးၿပီးျဖစ္ေၾကာင္း သိရပါတယ္။
Recent Comments