လာမည့် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၈ ရက်အထိ NLD ပါတီအပါအဝင် ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် နိုင်ငံရေးပါတီများဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (၄) ခုတို့အား ပါတီများ၏ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများအား ဥပဒေနှင့် အညီစနစ်တကျဆောင်ရွက်ထားခြင်း ရှိ၊မရှိ တို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းအရင်းအမြစ်များထံမှ သိရသည်။

အလားတူ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၅ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအခြေစိုက်ပါတီများဖြစ်သည့် ခေတ်သစ်ပြည်သူ့ပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ ကမန်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ တို့ကိုလည်းကောင်း စစ်ဆေးခံနိုင်ရန် အကြောင်းကြားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက်နိုင်ငံရေးပါတီများကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ဖွဲ့စည်းပြီးယင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများ၏ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများအား ဥပဒေနှင့် အညီစနစ်တကျဆောင်ရွက်ထားခြင်း ရှိ၊မရှိ တို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးပါတီပေါင်း ၆၇ ခုတို့ကို စစ်ဆေးဆောင်ရွက်ဆောင်ရွက်ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

#mhtnews

(ZAWGYI)

“ေဖေဖာ္ဝါရီ ၁၄ ရက္မွ ၁၈ ရက္ေန႕အထိ NLD ပါတီအပါအဝင္ ရန္ကုန္အေျခစိုက္ နိုင္ငံေရးပါတီ ၄ ခုကို စစ္ေဆးမည္”

လာမည့္ ေဖေဖာ္ဝါရီ ၁၄ ရက္မွ ၁၈ ရက္အထိ NLD ပါတီအပါအဝင္ ရန္ကုန္တိုင္းေဒသႀကီး အေျခစိုက္ နိုင္ငံေရးပါတီမ်ားျဖစ္သည့္ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ၊ ၈၈ မ်ိဳးဆက္ေက်ာင္းသားလူငယ္မ်ား (ျပည္ေထာင္စုျမန္မာနိုင္ငံ) ႏွင့္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (၄) ခုတို႔အား ပါတီမ်ား၏ပါတီဝင္အင္အား၊ ပါတီပိုင္ရန္ပုံေငြႏွင့္ ပစၥည္းမ်ား စုေဆာင္းျခင္း၊ ထိန္းသိမ္းျခင္း၊ သုံးစြဲျခင္း၊ စစ္ေဆးျခင္းႏွင့္ စာရင္းရွင္းလင္းဖ်က္သိမ္းျခင္း၊ ပါတီဆိုင္ရာလုပ္ငန္းမ်ားအား ဥပေဒႏွင့္ အညီစနစ္တက်ေဆာင္႐ြက္ထားျခင္း ရွိ၊မရွိ တို႔ကို စစ္ေဆးသြားမည္ျဖစ္ေၾကာင္း နိုင္ငံပိုင္ သတင္းအရင္းအျမစ္မ်ားထံမွ သိရသည္။

အလားတူ ေဖေဖာ္ဝါရီ ၂၁ ရက္မွ ၂၅ ရက္အထိ ရန္ကုန္တိုင္းေဒသႀကီးအေျခစိုက္ပါတီမ်ားျဖစ္သည့္ ေခတ္သစ္ျပည္သူ႕ပါတီ၊ ျပည္ေထာင္စု ျမန္မာနိုင္ငံအမ်ိဳးသားနိုင္ငံေရးအဖြဲ႕ခ်ဳပ္ပါတီ၊ ကမန္အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီႏွင့္ အေျခခံလူတန္းစားဘဝျမင့္မားေရးပါတီ တို႔ကိုလည္းေကာင္း စစ္ေဆးခံနိုင္ရန္ အေၾကာင္းၾကားထားသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ စစ္မွန္၍ စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ ထြန္းကားေရးအတြက္နိုင္ငံေရးပါတီမ်ားကို နိုင္ငံေရး ပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒႏွင့္အညီ ဖြဲ႕စည္းၿပီးယင္းဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ စနစ္တက် အေကာင္အထည္ေဖာ္ ေဆာင္႐ြက္နိုင္ရန္ နိုင္ငံေရးပါတီမ်ား၏ပါတီဝင္အင္အား၊ ပါတီပိုင္ရန္ပုံေငြႏွင့္ ပစၥည္းမ်ား စုေဆာင္းျခင္း၊ ထိန္းသိမ္းျခင္း၊ သုံးစြဲျခင္း၊ စစ္ေဆးျခင္းႏွင့္ စာရင္းရွင္းလင္းဖ်က္သိမ္းျခင္း၊ ပါတီဆိုင္ရာလုပ္ငန္းမ်ားအား ဥပေဒႏွင့္ အညီစနစ္တက်ေဆာင္႐ြက္ထားျခင္း ရွိ၊မရွိ တို႔ကို စစ္ေဆးေဆာင္႐ြက္လ်က္ရွိရာ နိုင္ငံေရးပါတီေပါင္း ၆၇ ခုတို႔ကို စစ္ေဆးေဆာင္႐ြက္ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

#mhtnews