ပွင့်ဖြူ၊ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြိုနယ် ညောင်ခြုံကျေးရွာတွင် မုန်းချောင်းကမ်းပါးပြိုကျမှုအန္တရာယ် ကင်းဝေးစေရေးအတွက် တိုင်းဒေသကြီးမြစ်ချောင်းများဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် သုံးတန်းသွား ထန်းလုံးအခြေထိန်း(Geo – Bag )ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

အရှည်ပေ ၄၃၂ ပေရှိ အဆိုပါ သုံးတန်းသွား ထန်းလုံးအခြေထိန်း(Geo – Bag )ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို မကွေးတိုင်းဒေသကြီးမြစ်ချောင်းများဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာနှစ် ၊ ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၉၅၀)ဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက တာဝန်ယူကာ ဇန်နဝါရီလဆန်းပိုင်းကစတင်၍ ယခုဖေဖော်ဝါရီလ ဒုတိယပတ်တွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။
#mhtnews

(Zawgyi)
ပွင့်ဖြူမြို့နယ်၌ မုန်းချောင်းကမ်းပါးပြိုကျမှုအန္တရာယ်ကင်းဝေးစေရေး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ညောင်ခြုံကျေးရွာတွင် မုန်းချောင်းကမ်းပါးပြိုကျမှုအန္တရာယ် ကင်းဝေးစေရေးအတွက် တိုင်းဒေသကြီးမြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် သုံးတန်းသွား ထန်းလုံးအခြေထိန်း(Geo Bag )ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

အရှည်ပေ ၄၃၂ ပေရှိ အဆိုပါ သုံးတန်းသွား ထန်းလုံးအခြေထိန်း(Geo Bag )ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို မကွေးတိုင်းဒေသကြီးမြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာနှစ် ၊ ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၉၅၀)ဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက တာဝန်ယူကာ ဇန်နဝါရီလဆန်းပိုင်းကစတင်၍ ယခုဖေဖော်ဝါရီလ ဒုတိယပတ်တွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။
#mhtnews