ပြည်ပနိုင်ငံများ၏ ဖိအားပေးမှုကြောင့် ထွက်သွားသည့် ကုမ္ပဏီများရှိသော်လည်း အသစ်ဝင်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင် ၉၀၀၀ ကျော်ရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ပြည်ပနိုင်ငံများ၏ ဖိအားပေးမှုကြောင့် ထွက်သွားသည့် ကုမ္ပဏီများရှိသော်လည်း အသစ်ဝင်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင် ၉၀၀၀ ကျော်ရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ဂျပန်သတင်းစာတစ်ခုဖြစ်တဲ့ Mainichi နဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုလိုက်ပါတယ်။

၂၀၂၁ ခုနှစ်မေလမှစတင်ကာ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များအတွက် Business Visa ထောက်ခံဆောင်ရွက်ပေးခဲ့ပြီး Relief Flight တွေနဲ့ ဆောင်ရွက်ပေးခဲ့တဲ့ ကုမ္ပဏီ ၃၂၀၀ ကျော်ရှိပြီး နိုင်ငံခြားသားဦးရေ ၉၀၁၀ ဦး ပြန်လည်ဝင်ရောက်လာခဲ့တယ်လို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သတင်းထောက်၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပါ။

တပ်မတော်က အာဏာလွှပြောင်းရယူခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီမှ ယခုနှစ် ဇန်နဝါရီလကုန်အထိ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၈ ခုကို ခွင့်ပြုပေးခဲ့ပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအပါအဝင် အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံ ရရှိထားပါတယ်။
#mhtnews

(Zawgyi)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉


၂၀၂၁ ခုနှစ်မေလမှစတင်ကာ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များအတွက် Business Visa ထောက်ခံဆောင်ရွက်ပေးခဲ့ပြီး Relief Flight တွေနဲ့ ဆောင်ရွက်ပေးခဲ့တဲ့ ကုမ္ပဏီ ၃၂၀၀ ကျော်ရှိပြီး နိုင်ငံခြားသားဦးရေ ၉၀၁၀ ဦး ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သတင်းထောက်၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပါ။

တပ်မတော်က အာဏာလွှဲပြောင်းရယူခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီမှ ယခုနှစ် ဇန်နဝါရီလကုန်အထိ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၈ ခုကို ခွင့်ပြုပေးခဲ့ပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအပါအဝင် အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံ ရရှိထားပါတယ်။
#mhtnews