ပြည်တွင်း ပြည်ပခရီးသွားများကို စွဲဆောင်မည့် “ဂဲမိုးအိုင်” ခရီးစဥ်သစ်ကို မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း၌ ဖော်ဆောင်ထားရှိကြောင်း သိရသည်။

အဆိုပါ “ဂဲမိုးအိုင်”ခရီးစဉ်သစ်ကို သွားရောက်လေ့လာမည်ဆိုပါက ကျောက်ပန်းတောင်းမြို့မှ မိတ္ထီလာဘက်အထွက် ၇မိုင်ခန့်ကွာ၊ ကြက်မောက်တောင်ဆည်အနီးမှ မြောက်ဘက် ၂ မိုင် ၃ ဖာလုံခန့်အကွာ ရှိ လဲဂွရွာနှင့် လက်ပံအိုင့်ကျေးရွာကို သွားရောက်ရမည်ဖြစ်ကာ ထိုရွာမှ မြောက်ဘက် ၂ မိုင်ခန့်အကွာသို့သွားရောက်လျှင် မြောက်ကျောက်အိုးနှင့် ဂဲမိုးအိုင်နေရာသို့ ရောက်ရှိ လေ့လာနိုင်မည်ဖြစ်သည်။

ဂဲမိုးအိုင်ခရီးစဉ်ဒေသသစ်ခရီးစဉ်အတွင်း အဆိုပါ ဂဲမိုးအိုင်အပြင် လက်ငါးချောင်းအိုင်၊ ဂဲတစ်လုံးစို့ နေရာ၊ ဗျောဗျောကျအိုင်၊ စကောဝိုင်းအိုင်နှင့် ကျောက်သားလျှိုမြောင်တလျောက်ကိုဝင်ရောက်၍ သဘာဝ အခြေခံခရီးစဉ်တစ်ခုကို လက်တွေ့ခံစားကြည့်ရှုနိုင်မည်ဖြစ်သလို လဲဂွကျေးရွာ နှင့်လက်ပံအိုင့်ကျေးရွာပတ်ဝန်းကျင်၏ တောင်ဘက် ၂မိုင်ခန့်အကွာ မဟာဗောဓိငါးထောင် (မတ်တစ်ထောင်တောင်တန်း)နှင့် ကြက်မောက်တောင်ဆည်၊ အနောက်ဘက် ၁မိုင်ခန့်အကွာ ငွေတွင်းတောင် တောင်တန်းတွင် ဘုရားလေးဆူအားဖူးမြှော်နိုင်ပြီး ၊မြောက်က်နှစ်ဖာလုံ အကွာတွင် နှစ်ပေါင်း ၉၀ကျော်ခန့်ရှိ မပုပ်မသိုးရုပ်ကလာပ်တော် ဦးစန္ဓမထေရ်(ရဟန္တာ)ကို ဖူးမြှော်နိုင်မည်ဖြစ်သည်။

ထို့အပြင် လဲဂွရွာ ရွှေနတ်တောင်ကုန်းပေါ်တွင်တည်ထားသည့် ရွှေနတ်တောင်စေတီဘုရားစုကို ဖူးမြှော်နိင်ပေသည်။ အဆိုပါရွှေနတ်တောင်စေတီ သမိုင်းအားရွာထဲရှိသက်ကြီး ဘိုးဘွားများ၏ တဆင့်စကားအရ ရွှေဖျင်းညီနောင် ညီအကို နှစ်ဦး ရွှေနတ်တောင်ဘုရားပွဲတိုင်း လာရောက် ဆွမ်းကပ်၊ ပျော်စံသည့် ဘုရားဖြစ်ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအလွန် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများနှင့်သင့်လျော်သည့် ခရီးစဉ်ဒေသအသစ်များ ရှာဖွေဖော်ထုတ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်နှင့် ပြည်တွင်းပြည်ပခရီးသွားများ တောတောင်ရေမြေသဘာဝအလှအပများကို ခံစားနိုင်စေရန်ရည်ရွယ်၍ ခရီးစဉ်ဒေသအသစ်များ ဖော်ဆောင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ)မှသိရှိရသည်။

(Zawgyi)

“ျပည္တြင္း ျပည္ပခရီးသြားမ်ားကို စြဲေဆာင္မည့္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္အတြင္းမွ “ဂဲမိုးအိုင္”

ျပည္တြင္း ျပည္ပခရီးသြားမ်ားကို စြဲေဆာင္မည့္ “ဂဲမိုးအိုင္” ခရီးစဥ္သစ္ကို မႏၱေလးတိုင္းေဒသႀကီး ေညာင္ဦးခရိုင္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္အတြင္း၌ ေဖာ္ေဆာင္ထားရွိေၾကာင္း သိရသည္။

အဆိုပါ “ဂဲမိုးအိုင္”ခရီးစဥ္သစ္ကို သြားေရာက္ေလ့လာမည္ဆိုပါက ေက်ာက္ပန္းေတာင္းၿမိဳ႕မွ မိတၳီလာဘက္အထြက္ ၇မိုင်ခန့်ကွာ၊ ၾကက္ေမာက္ေတာင္ဆည္အနီးမွ ေျမာက္ဘက္ ၂ မိုင္ ၃ ဖာလုံခန႔္အကြာ ရွိ လဲဂြ႐ြာႏွင့္ လက္ပံအိုင့္ေက်း႐ြာကို သြားေရာက္ရမည္ျဖစ္ကာ ထို႐ြာမွ ေျမာက္ဘက္ ၂ မိုင္ခန႔္အကြာသို႔သြားေရာက္လွ်င္ ေျမာက္ေက်ာက္အိုးႏွင့္ ဂဲမိုးအိုင္ေနရာသို႔ ေရာက္ရွိ ေလ့လာနိုင္မည္ျဖစ္သည္။

ဂဲမိုးအိုင္ခရီးစဥ္ေဒသသစ္ခရီးစဥ္အတြင္း အဆိုပါ ဂဲမိုးအိုင္အျပင္ လက္ငါးေခ်ာင္းအိုင္၊ ဂဲတစ္လုံးစို႔ ေနရာ၊ ေဗ်ာေဗ်ာက်အိဳင္၊ စေကာဝိုင္းအိုင္ႏွင့္ ေက်ာက္သားလွ်ိုေျမာင္တေလ်ာက္ကိုဝင္ေရာက္၍ သဘာဝ အေျခခံခရီးစဥ္တစ္ခုကို လက္ေတြ႕ခံစားၾကည့္ရႈနိုင္မည္ျဖစ္သလို လဲဂြေက်း႐ြာ ႏွင့္လက္ပံအိုင့္ေက်း႐ြာပတ္ဝန္းက်င္၏ ေတာင္ဘက္ ၂မိုင္ခန႔္အကြာ မဟာေဗာဓိငါးေထာင္ (မတ္တစ္ေထာင္ေတာင္တန္း)ႏွင့္ ၾကက္ေမာက္ေတာင္ဆည္၊ အေနာက္ဘက္ ၁မိုင္ခန႔္အကြာ ေငြတြင္းေတာင္ ေတာင္တန္းတြင္ ဘုရားေလးဆူအားဖူးျမႇော္နိုင္ၿပီး ၊ေျမာက္က္ႏွစ္ဖာလုံ အကြာတြင္ ႏွစ္ေပါင္း ၉၀ေက်ာ္ခန႔္ရွိ မပုပ္မသိုး႐ုပ္ကလာပ္ေတာ္ ဦးစႏၶမေထရ္(ရဟႏၱာ)ကို ဖူးျမႇော္နိုင္မည္ျဖစ္သည္။

ထို႔အျပင္ လဲဂြ႐ြာ ေ႐ႊနတ္ေတာင္ကုန္းေပၚတြင္တည္ထားသည့္ ေ႐ႊနတ္ေတာင္ေစတီဘုရားစုကို ဖူးျမႇော္နိင္ေပသည္။ အဆိုပါေ႐ႊနတ္ေတာင္ေစတီ သမိုင္းအား႐ြာထဲရွိသက္ႀကီး ဘိုးဘြားမ်ား၏ တဆင့္စကားအရ ေ႐ႊဖ်င္းညီေနာင္ ညီအကို ႏွစ္ဦး ေ႐ႊနတ္ေတာင္ဘုရားပြဲတိုင္း လာေရာက္ ဆြမ္းကပ္၊ ေပ်ာ္စံသည့္ ဘုရားျဖစ္ေၾကာင္းသိရသည္။

ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္တြင္ ကိုဗစ္-၁၉ ကူးစက္ေရာဂါကာလအလြန္ ရပ္႐ြာအေျချပဳခရီးသြားလုပ္ငန္း၊ သဘာဝအေျခခံ ခရီးသြားလုပ္ငန္းမ်ားႏွင့္သင့္ေလ်ာ္သည့္ ခရီးစဥ္ေဒသအသစ္မ်ား ရွာေဖြေဖာ္ထုတ္ၿပီး ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေထာက္အကူျပဳေစရန္ႏွင့္ ျပည္တြင္းျပည္ပခရီးသြားမ်ား ေတာေတာင္ေရေျမသဘာဝအလွအပမ်ားကို ခံစားနိုင္ေစရန္ရည္႐ြယ္၍ ခရီးစဥ္ေဒသအသစ္မ်ား ေဖာ္ေဆာင္နိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားၫႊန္ၾကားမႈ ဦးစီးဌာန (ပုဂံ႐ုံးခြဲ)မွသိရွိရသည္။