ပြင်သစ်က ဖခင်တစ်ယောက်ဟာ သူ့ ကလေးတွေ အင်တာနက် အလွန်အကျွံ သုံးစွဲနေတာကို တားဆီးဖိုအတွက် သူ့အိမ်ကအင်တာနက်ကို ယာယီ ဖြတ်တောက်ဖို ကြိုးစားရာကနေ တစ်မြိုလုံးက အင်တာနက်တွေ ပြတ်တောက်သွားခဲ့တဲ့အတွက် ထောင် ၆ လကျခံရဖွယ်ရှိနေတယ်လို gizmodo ရဲ့ဖော်ပြမှုအရ သိရပါတယ်။

အမည်ဖော်ပြထားခြင်းမရှိတဲ့ ဖခင်တစ်ယောက်ဟာ Messanges မြိုက သူ့အိမ်ရဲ့ အင်တာနက်ဆက်သွယ်မှုကို ယာယီဖြတ်တောက်ဖို Multi-wave Band Jammer ကို အသုံးပြုခဲ့ရာကနေ အဆိုပါ Jammer တွေရဲ့ Jamming Device တွေဟာ တစ်မြိုလုံရဲ့ အင်တာနက်ကို ဖြတ်တောက်နိုင်လောက်အောင် စွမ်းရည်မြင့်မားနေတာကြောင့် ယခုလိုဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ပတ်ဝန်းကျင်ကလူတွေရဲ့ တိုင်ကြားချက်အရ ဖခင်ဟာ ထောင် ၆ လကျခံရနိုင်သလို ဒဏ်ငွေ ယူရို ၃ သောင်း ပေးဆောင်ရဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

Jammer တွေဟာ သတင်းအချက်အလက် ဆက်သွယ်ရေးလှိင်းတွေကို ဖြတ်တောက်နိုင်တဲ့အတွက် ပြင်သစ်နဲ့ အမေရိကန် နိုင်ငံတွေမှာ အသုံးပြုခွင့်ပိတ်ပင်ထားတယ်လို ဆိုပါတယ်။
#mhtnews

(Zawgyi)
“ပြင်သစ်နိုင်ငံမှာ မိမိအိမ်က အင်တာနက်ကိုဖြတ်တောက်ဖို့ ပြုလုပ်ရာက တစ်မြို့လုံးရဲ့ အင်တာနက်တွေ ပြတ်တောက်သွားခဲ့လို့ အမျိးသားတစ်ဦး ထောင် ၆ လ ကျခံရဖွယ်ရှိနေ”

ပြင်သစ်က ဖခင်တစ်ယောက်ဟာ သူ့ ကလေးတွေ အင်တာနက် အလွန်အကျွံ သုံးစွဲနေတာကို တားဆီးဖို့အတွက် သူ့အိမ်ကအင်တာနက်ကို ယာယီ ဖြတ်တောက်ဖို့ ကြိုးစားရာကနေ တစ်မြို့လုံးက အင်တာနက်တွေ ပြတ်တောက်သွားခဲ့တဲ့အတွက် ထောင် ၆ လကျခံရဖွယ်ရှိနေတယ်လို့ gizmodo ရဲ့ဖော်ပြမှုအရ သိရပါတယ်။

အမည်ဖော်ပြထားခြင်းမရှိတဲ့ ဖခင်တစ်ယောက်ဟာ Messanges မြို့က သူ့အိမ်ရဲ့ အင်တာနက်ဆက်သွယ်မှုကို ယာယီဖြတ်တောက်ဖို့ Multi-wave Band Jammer ကို အသုံးပြုခဲ့ရာကနေ အဆိုပါ Jammer တွေရဲ့ Jamming Device တွေဟာ တစ်မြို့လုံရဲ့ အင်တာနက်ကို ဖြတ်တောက်နိုင်လောက်အောင် စွမ်းရည်မြင့်မားနေတာကြောင့် ယခုလိုဖြစ်ရပ်မျိးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ပတ်ဝန်းကျင်ကလူတွေရဲ့ တိုင်ကြားချက်အရ ဖခင်ဟာ ထောင် ၆ လကျခံရနိုင်သလို ဒဏ်ငွေ ယူရို ၃ သောင်း ပေးဆောင်ရဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

Jammer တွေဟာ သတင်းအချက်အလက် ဆက်သွယ်ရေးလှိင်းတွေကို ဖြတ်တောက်နိုင်တဲ့အတွက် ပြင်သစ်နဲ့ အမေရိကန် နိုင်ငံတွေမှာ အသုံးပြုခွင့်ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။
#mhtnews