ပခုက္ကူ ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြိုနယ် ကျွဲတဲကျေးရွာအုပ်စု လေယာဉ်ကွင်းဟောင်းအနီးရှိ ဆီသိုလှောင်ခြံတစ်ခုတွင် ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ အမှတ်(၄)ရပ်ကွက်၊ တပ်မလမ်းနေ ကိုအောင်မျိုးသန့် ပိုင်ဆိုင်သော ဆီသိုလှောင်ခြံရှိ ဆီပေပါများကို အလုပ်သမားလုပ်ကိုင်သူ ဦးစိုးသက်အောင်မှ ဓါတ်ဆီများ လှယ်ယူစဉ် လက်ရိုက်ပန့်ဖြင့် ဆီပေပါခွံအား ရိုက်ခတ်မိရာမှ မီးပွားထွက်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးလောင်မှုကြောင့် (92)ဓါတ်ဆီဂါလန် (၁၅၀)၊ ဒီဇယ်(ချက်ဆီ) ဂါလန် (၄၅၀)၊ အဆောက်အဦအချို မီးလောင်ဆုံးရှုးခဲ့ပြီး ဦးစိုးသက်အောင်နှင့် ဦးအောင်ရွှေတိုတွင် မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် ဦးစိုးသက်အောင်အား ပခုက္ကူမြိုမရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#mhtnews
(Zawgyi)
ပခုက္ကူမြို့၌ ဓာတ်ဆီလှယ်ယူစဉ် မတော်တဆဖြစ်ပြီး ဆီသိုလှောင်ခြံတစ်ခု မီးလောင်မှုဖြစ်ပွား
ပခုက္ကူ ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ကျွဲတဲကျေးရွာအုပ်စု လေယာဉ်ကွင်းဟောင်းအနီးရှိ ဆီသိုလှောင်ခြံတစ်ခုတွင် ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အမှတ်(၄)ရပ်ကွက်၊ တပ်မလမ်းနေ ကိုအောင်မျိးသန့် ပိုင်ဆိုင်သော ဆီသိုလှောင်ခြံရှိ ဆီပေပါများကို အလုပ်သမားလုပ်ကိုင်သူ ဦးစိုးသက်အောင်မှ ဓါတ်ဆီများ လှယ်ယူစဉ် လက်ရိုက်ပန့်ဖြင့် ဆီပေပါခွံအား ရိုက်ခတ်မိရာမှ မီးပွားထွက်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးလောင်မှုကြောင့် (92)ဓါတ်ဆီဂါလန် (၁၅၀)၊ ဒီဇယ်(ချက်ဆီ) ဂါလန် (၄၅၀)၊ အဆောက်အဦအချိ့ မီးလောင်ဆုံးရှုံးခဲ့ပြီး ဦးစိုးသက်အောင်နှင့် ဦးအောင်ရွှေတို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် ဦးစိုးသက်အောင်အား ပခုက္ကူမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#mhtnews
Recent Comments