နိုင်ငံရေးလုပ်ငန်းစဉ် ၂ ခုအဖြစ် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာဝန်ရှိသူများမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့တွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ယမန်နေ့က သွားရောက်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးက “မိမိအနေဖြင့် အမျိုးသားရည်မှန်းချက်များချမှတ်ထားပြီး အမျိုးသားရေး လုပ်ငန်းစဉ် ၂ ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ် ၂ ခုအဖြစ် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရန် အတွက် ငြိမ်းချမ်းရေးသည်အရေးကြီးသဖြင့် ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ်ကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားခဲ့သည်။

#mhtnews

(Zawgyi)

“နိုင္ငံေရးလုပ္ငန္းစဥ္ ၂ ခုအျဖစ္ စစ္မွန္စည္းကမ္း ျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာေစေရးႏွင့္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ေျပာ”

နိုင္ငံေရးလုပ္ငန္းစဥ္ ၂ ခုအျဖစ္ စစ္မွန္စည္းကမ္း ျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာေစေရးႏွင့္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပာၾကားသည္။

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ႏွင့္ တာဝန္ရွိသူမ်ားမွ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္၊ မိုင္းပ်ဥ္းၿမိဳ႕နယ္ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) လြိုင္လင္ခရိုင္၊ နမ့္စန္ၿမိဳ႕နယ္ႏွင့္ ခိုလမ္ၿမိဳ႕တို႔တြင္ တာဝန္ ထမ္းေဆာင္လ်က္ရွိသည့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားအား ယမန္ေန႕က သြားေရာက္ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဗိုလ္ခ်ဳပ္မႉးႀကီးက “မိမိအေနျဖင့္ အမ်ိဳးသားရည္မွန္းခ်က္မ်ားခ်မွတ္ထားၿပီး အမ်ိဳးသားေရး လုပ္ငန္းစဥ္ ၂ ခုအျဖစ္ တိုင္းျပည္သာယာဝေျပာေရးႏွင့္ စား၊ ေရ၊ ရိကၡာ ဖူလုံေရးကို ဦးစားေပးလုပ္ေဆာင္လ်က္ရွိေၾကာင္း၊ နိုင္ငံေရးလုပ္ငန္းစဥ္ ၂ ခုအျဖစ္ စစ္မွန္စည္းကမ္း ျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာေစေရးႏွင့္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္ စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း၊ ထိုသို႔ ေဆာင္႐ြက္ရန္ အတြက္ ၿငိမ္းခ်မ္းေရးသည္အေရးႀကီးသျဖင့္ ၿငိမ္းခ်မ္းေရးႏွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးလုပ္ငန္းစဥ္ကိုလည္း ခ်မွတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း” ေျပာၾကားခဲ့သည္။

#mhtnews