ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှနေ၍ Video conference ဖြင့် တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးကို ကမ္ဘောဒီးယားအဆင့်မြင့်အရာရှိကြီး H.E. EAT Sophea က သဘာပတိအဖြစ် ဆောင်ရွက်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်းထူထောင်ခြင်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်ဆောင်ရွက်ရေးစာချုပ်သို့ ဝင်ရောက်မည့် အာဆီယံပြင်ပနိုင်ငံများဆိုင်ရာကိစ္စ၊ အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး၊ (၁၁)ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်းဖိုရမ်နှင့် (၉)ကြိမ် မြောက်အာဆီယံ ပင်လယ်ရေကြောင်းတိုးချဲ့ဖိုရမ်တွင် ဆုံးဖြတ်ခဲ့သည်များကို ဆက်လက် အကောင်အထည်ဖော်ရေး၊ အာဆီယံ၊ လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ နျူကလီးယားလက်နက်တားမြစ်ရေး အေဂျင်စီတို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ ပူးပေါင်း ဆောင်ရွက်ရန် အဆိုပြုချက်တို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြန်မာအဆင့်မြင့်အရာရှိကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ၏ ဦးစားပေးလုပ်ငန်းများအပေါ် ထောက်ခံကြိုဆိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ အသိုက်အဝန်းထူထောင်ခြင်း အပါအဝင် အဆီယံ၏ ပြင်ပဆက်ဆံရေး တိုးမြှင့်မှုဆိုင်ရာလုပ်ငန်းများ၌ အာဆီယံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ဆွေးနွေးပြောကြားခဲ့သည့်အပြင် အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံကိစ္စ ဆွေးနွေးရာတွင် အာဆီယံ၏ ပဋိဉာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများနှင့်အညီ ဆောင်ရွက်ရန်ကိစ္စ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် မြန်မာနိုင်ငံ၏ရပ်တည်ချက် သဘောထားများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
(Zawgyi)
“နိုင္ငံျခားေရးဝန္ႀကီးဌာန၏ အၿမဲတမ္းအတြင္းဝန္ ဦးခ်မ္းေအး အာဆီယံအဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေဝးသို႔ တက္ေရာက္”
ကေမၻာဒီးယားနိုင္ငံ၊ ဖေနာင္ပင္ၿမိဳ႕၌ ယမန္ေန႕က က်င္းပျပဳလုပ္ခဲ့သည့္ အာဆီယံအဆင့္ျမင့္အရာရွိႀကီးမ်ား အစည္းအေဝးသို႔ နိုင္ငံျခားေရးဝန္ႀကီးဌာန၏ အၿမဲတမ္းအတြင္းဝန္ ဦးခ်မ္းေအး ေနျပည္ေတာ္ရွိ နိုင္ငံျခားေရးဝန္ႀကီးဌာနမွေန၍ Video conference ျဖင့္ တက္ေရာက္ခဲ့သည္။
အဆိုပါအစည္းအေဝးကို ကေမၻာဒီးယားအဆင့္ျမင့္အရာရွိႀကီး H.E. EAT Sophea က သဘာပတိအျဖစ္ ေဆာင္႐ြက္၍ က်င္းပခဲ့ျခင္းျဖစ္ၿပီး အာဆီယံနိုင္ငံမ်ားမွ အဆင့္ျမင့္ အရာရွိႀကီးမ်ားႏွင့္ အာဆီယံအတြင္းေရးမႉးခ်ဳပ္႐ုံး၏ အာဆီယံနိုင္ငံေရးႏွင့္ လုံၿခဳံေရးအသိုက္အဝန္းဆိုင္ရာ ဒုတိယအတြင္းေရးမႉးခ်ဳပ္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ အစည္းအေဝးတြင္ အာဆီယံအသိုက္အဝန္းထူေထာင္ျခင္း၊ အေရွ႕ေတာင္အာရွခ်စ္ၾကည္ေရးႏွင့္ ပူးေပါင္ေဆာင္႐ြက္ေရးစာခ်ဳပ္သို႔ ဝင္ေရာက္မည့္ အာဆီယံျပင္ပနိုင္ငံမ်ားဆိုင္ရာကိစၥ၊ အာဆီယံ ေဆြးႏြေးဖက္ဆက္ဆံေရး၊ (၁၁)ႀကိမ္ေျမာက္ အာဆီယံပင္လယ္ေရေၾကာင္းဖိုရမ္ႏွင့္ (၉)ႀကိမ္ ေျမာက္အာဆီယံ ပင္လယ္ေရေၾကာင္းတိုးခ်ဲ့ဖိုရမ္တြင္ ဆုံးျဖတ္ခဲ့သည္မ်ားကို ဆက္လက္ အေကာင္အထည္ေဖာ္ေရး၊ အာဆီယံ၊ လက္တင္အေမရိကႏွင့္ ကာေရဘီယံေဒသ န်ဴကလီးယားလက္နက္တားျမစ္ေရး ေအဂ်င္စီတို႔အၾကား နားလည္မႈစာခြၽန္လႊာေရးထိုး၍ ပူးေပါင္း ေဆာင္႐ြက္ရန္ အဆိုျပဳခ်က္တို႔ႏွင့္ပတ္သက္၍ အျမင္ခ်င္းဖလွယ္ ေဆြးႏြေးမႈမ်ား ျပဳလုပ္ခဲ့သည္။
အစည္းအေဝးတြင္ ျမန္မာအဆင့္ျမင့္အရာရွိႀကီး၊ နိုင္ငံျခားေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးခ်မ္းေအးက ၂၀၂၂ ခုႏွစ္၊ အာဆီယံဥကၠဌအျဖစ္ တာဝန္ယူေဆာင္႐ြက္လ်က္ရွိသည့္ ကေမၻာဒီးယားနိုင္ငံ၏ ဦးစားေပးလုပ္ငန္းမ်ားအေပၚ ေထာက္ခံႀကိဳဆိုေၾကာင္း၊ ျမန္မာနိုင္ငံအေနျဖင့္ အာဆီယံ၏ အသိုက္အဝန္းထူေထာင္ျခင္း အပါအဝင္ အဆီယံ၏ ျပင္ပဆက္ဆံေရး တိုးျမႇင့္မႈဆိုင္ရာလုပ္ငန္းမ်ား၌ အာဆီယံႏွင့္ နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းကို ေဆြးႏြေးေျပာၾကားခဲ့သည့္အျပင္ အာဆီယံအဖြဲ႕အေနျဖင့္ ျမန္မာနိုင္ငံကိစၥ ေဆြးႏြေးရာတြင္ အာဆီယံ၏ ပဋိဉာဥ္စာတမ္းပါ ျပ႒ာန္းခ်က္မ်ားႏွင့္ အေျခခံမူမ်ားႏွင့္အညီ ေဆာင္႐ြက္ရန္ကိစၥ၊ ျမန္မာနိုင္ငံအတြင္း ျဖစ္ေပၚတိုးတက္မႈ အေျခအေနမ်ားႏွင့္ ျမန္မာနိုင္ငံ၏ရပ္တည္ခ်က္ သေဘာထားမ်ားကို ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
Recent Comments