ဒေသတွင်း လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေနိုင်သည်မှန်သမျှကို ကာကွယ်တားဆီးနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်အရာရှိကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တြိဂံဒေသတိုင်း စစ် ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေ များအား စစ်ဆေးစဥ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ဗိုလ်ချုပ်မှူးကြီးက “မူးယစ်ဆေးဝါးကာကွယ်တားဆီးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ လျော့နည်းစေရေး လုပ်ဆောင်နေခြင်းသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်နေခြင်းပင်ဖြစ်ကြောင်း” ပြောကြားသည်။

ညီညွတ်မျှတပြီး တပ်မှူးကောင်းစိတ်ထား၍ မိမိတို့၏ လက်အောက်ငယ်သားများကို အုပ်ချုပ်ဆောင်ရွက်ရန်လိုကြောင်း၊ စစ်သည် တစ်ဦးချင်း၏ ရပိုင်ခွင့်များနှင့် သက်သာချောင်ချိမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရမည်ဖြစ်ကြောင်း၊ တပ်မှူးများအနေဖြင့် စစ်သည်တစ်ဦးချင်း၏ အခြေခံစိတ်နေ သဘောထားများကို သိရှိနေမှသာလျင် လူမှန်နေရာမှန် တာဝန်ပေးအပ်နိုင်မည်ဖြစ်ပြီး ၎င်းတို့၏ အားနည်းချက်၊ လိုအပ်ချက်များကိုလည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ လက်အောက် ငယ်သားများအနေဖြင့်လည်း လိုက်နာရမည့် ကျင့်ဝတ်အပါး ၆၀ ကို တိတိကျကျလိုက်နာ ကျင့်သုံးရန်လိုအပ်မည်ဖြစ်ကြောင်းတို့ကိုလည်း ထည့်သွင်းမှာကြားခဲ့ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ေဒသတြင္း လုံၿခဳံေရးႏွင့္ ကာကြယ္ေရးတာဝန္မ်ားကို ထမ္းေဆာင္ရာတြင္ အမ်ိဳးသားအက်ိဳးစီးပြားကို ထိခိုက္ေစနိုင္သည္မွန္သမွ်ကို ကာကြယ္တားဆီးနိုင္ေရး ေဆာင္႐ြက္ၾကရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိုင္ေျပာၾကား”

ေဒသတြင္း လုံၿခဳံေရးႏွင့္ ကာကြယ္ေရးတာဝန္မ်ားကို ထမ္းေဆာင္ရာတြင္ အမ်ိဳးသားအက်ိဳးစီးပြားကို ထိခိုက္ေစနိုင္သည္မွန္သမွ်ကို ကာကြယ္တားဆီးနိုင္ေရး ေဆာင္႐ြက္ၾကရန္လိုေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာၾကားသည္။

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္သည္ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္အတူ ယမန္ေန႕ နံနက္ပိုင္းက ႀတိဂံေဒသတိုင္း စစ္ ဌာနခ်ဳပ္၏ စစ္ဦးစီး၊ စစ္ေရးႏွင့္ စစ္ေထာက္ဆိုင္ရာ ေဆာင္႐ြက္ထားရွိမႈ အေျခအေန မ်ားအား စစ္ေဆးစဥ္ ထိုသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဆက္လက္၍ ဗိုလ္ခ်ဳပ္မႉးႀကီးက “မူးယစ္ေဆးဝါးကာကြယ္တားဆီးေရး၊ နယ္စပ္ျဖတ္ေက်ာ္မႈခင္းမ်ား ေလ်ာ့နည္းေစေရး လုပ္ေဆာင္ေနျခင္းသည္ အမ်ိဳးသားအက်ိဳးစီးပြားကို ကာကြယ္ေနျခင္းပင္ျဖစ္ေၾကာင္း” ေျပာၾကားသည္။

ညီၫြတ္မွ်တၿပီး တပ္မႉးေကာင္းစိတ္ထား၍ မိမိတို႔၏ လက္ေအာက္ငယ္သားမ်ားကို အုပ္ခ်ဳပ္ေဆာင္႐ြက္ရန္လိုေၾကာင္း၊ စစ္သည္ တစ္ဦးခ်င္း၏ ရပိုင္ခြင့္မ်ားႏွင့္ သက္သာေခ်ာင္ခ်ိမႈမ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ေပး နိုင္ရမည္ျဖစ္ေၾကာင္း၊ တပ္မႉးမ်ားအေနျဖင့္ စစ္သည္တစ္ဦးခ်င္း၏ အေျခခံစိတ္ေန သေဘာထားမ်ားကို သိရွိေနမွသာလ်င္ လူမွန္ေနရာမွန္ တာဝန္ေပးအပ္နိုင္မည္ျဖစ္ၿပီး ၎တို႔၏ အားနည္းခ်က္၊ လိုအပ္ခ်က္မ်ားကိုလည္း ျမႇင့္တင္ေဆာင္႐ြက္ေပးနိုင္မည္ ျဖစ္ေၾကာင္း၊ လက္ေအာက္ ငယ္သားမ်ားအေနျဖင့္လည္း လိုက္နာရမည့္ က်င့္ဝတ္အပါး ၆၀ ကို တိတိက်က်လိဳက္နာ က်င့္သုံးရန္လိုအပ္မည္ျဖစ္ေၾကာင္းတို႔ကိုလည္း ထည့္သြင္းမွာၾကားခဲ့ေၾကာင္း သိရသည္။

#mhtnews