ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို၌ဆေးကုသမှုခံယူနေရာမှ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် စစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာဘိဝံသ၏ဥတုဇရုပ်ကလာပ်တော်အားမြန်မာနိုင်ငံသိုပြန်လည်ပင့်ဆောင်လာခဲ့ကြောင်းသိရသည်။

ဆရာတော်အား ပြန်လည်ပင့်ဆောင်မည့် မြန်မာအမျိုးသားလေကြောင်းပိုင် စင်းလုံးငှားလေယာဉ်မှာ ယနေ့ နံနက်၅နာရီခွဲခန့်က ရန်ကုန်လေဆိပ်မှထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်သို နံနက် (၇) နာရီခွဲခန့်ကရောက်ရှိခဲ့ကာ ဆရာတော်၏ တပည့်ရဟန်းသံဃာတော်များ၊ဒါယကာ၊ဒါယိကာမများက ဥတုဇရုပ်ကလပ်တော်ကို မုံရွာမြိုသို တိုက်ရိုက်ပင့်ဆောင်လာနေကာ မုံရွာလေဆိပ်သို နံနက်၁၁နာရီခွဲခန့်ရောက်ရှိရန် ခန့်မှန်းထားကြောင်းသိရသည်။

စစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာဘိဝံသသည်ထိုင်းနိုင်ငံ၊ဘန်ကောက် မြို Bumrungrad ဆေးရုံကြီးတွင် ရိုးတွင်းချဉ်ဆီအစားထိုးလဲလှယ်ကုသရန်နှင့် သွေးဖြူဥရောဂါတိုအတွက် ဆေးကုသမှုခံယူရင်း ဖေဖော်ဝါရီ ၇ ရက် မြန်မာစံတော်ချိန် ညနေ ၅နာရီ ၅၀ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ဆရာတော်သည် ဘဝနတ်ထံပျံလွန်တော်မူချိန်တွင် သက်တော် (၅၄)နှစ်၊ သိက္ခာတော်(၃၄)ဝါရှိပြီဖြစ်သည်။
#mhtnews

(Zawgyi)
“ထိုင်းနိုင်ငံ၌ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် စစ်ကိုင်းတိပိဋကဆရာတော်၏ ဥတုဇရုပ်ကလပ်တော် မုံရွာသို့ပြန်လည်ပင့်ဆာင်နေ”

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ဆေးကုသမှုခံယူနေရာမှ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် စစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာဘိဝံသ၏ဥတုဇရုပ်ကလာပ်တော်အားမြန်မာနိုင်ငံသို့ပြန်လည်ပင့်ဆောင်လာခဲ့ကြောင်းသိရသည်။

ဆရာတော်အား ပြန်လည်ပင့်ဆောင်မည့် မြန်မာအမျိးသားလေကြောင်းပိုင် စင်းလုံးငှားလေယာဉ်မှာ ယနေ့ နံနက်၅နာရီခွဲခန့်က ရန်ကုန်လေဆိပ်မှထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်သို့ နံနက် (၇) နာရီခွဲခန့်ကရောက်ရှိခဲ့ကာ ဆရာတော်၏ တပည့်ရဟန်းသံဃာတော်များ၊ဒါယကာ၊ဒါယိကာမများက ဥတုဇရုပ်ကလပ်တော်ကို မုံရွာမြို့သို့ တိုက်ရိုက်ပင့်ဆောင်လာနေကာ မုံရွာလေဆိပ်သို့ နံနက်၁၁နာရီခွဲခန့်ရောက်ရှိရန် ခန့်မှန်းထားကြောင်းသိရသည်။

စစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာဘိဝံသသည်ထိုင်းနိုင်ငံ၊ဘန်ကောက် မြို့ Bumrungrad ဆေးရုံကြီးတွင် ရိုးတွင်းချဉ်ဆီအစားထိုးလဲလှယ်ကုသရန်နှင့် သွေးဖြူဥရောဂါတို့အတွက် ဆေးကုသမှုခံယူရင်း ဖေဖော်ဝါရီ ၇ ရက် မြန်မာစံတော်ချိန် ညေန ၅နာရီ ၅၀ မိနစ်တွင် ဘဝနတ္ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

#mhtnews