ထိုင်းနိုင်ငံအတွင်းသို တရားမဝင်နည်းလမ်းဖြင့် ကျူးကျော်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားနှင့် အခြားနိုင်ငံသား စုစုပေါင်း ၂၁၈ ဦးကို ထိုင်အာဏာပိုင်များက ယနေ့ ဖေဖော်ဝါရီ ၁၉ ရက် နံနက်အစောပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းနိုင်ငံက ကြေညာထားသည်။
ထိုင်းနိုင်ငံ အုပ်ချုပ်ရေးအာဏာပိုင်များက မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသားများကို ခိုလတ်ခရိုင်၊ မောင်းခရိုင်၊ ပရာချွတ်ခီရီခန်းခရိုင် ဘန်နွန်ခမ်းဒေသတိုတွင် တရားမဝင် ဝင်ရောက်လာသည့် အမျိုးသား ၅၄ ဦး အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၈၁ ဦးတိုကို ကနဦးဖမ်းဆီးရမိခဲ့ပြီး နံနက် ၃ နာရီ ၃၀ မိနစ်တွင် တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား အမျိုးသား ၉၀ ဦးနှင့် အမျိုးသမီး ၄၇ ဦး စုစုပေါင်း ၁၃၇ ဦးတိုကို Khao Din ခရိုင်၊ Ao Noi ခရိုင်၊ Muang District, Prachuap Khiri Khan ပြည်နယ်တို၌ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် နှစ်ရပ်ပေါင်း ဖမ်းဆီးရမိသူ ၂၁၈ ဦးရှိကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားများသည် ပဲခူးတိုင်းဒေသကြီး၊ မော်လမြိုင်မြို၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ထားဝယ်မြို၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တိုမှဖြစ်ကာ ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ်ငွေ ၂၀,၀၀၀ မှ ၂၅,၀၀၀ ကြား ပေးရကြောင်း သိရသည်။
#mhtnews
(Zawgyi)
“ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားနှင့် အခြားနိုင်ငံသား ၂၁၈ ယောက်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး”
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နည်းလမ်းဖြင့် ကျူးကျော်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားနှင့် အခြားနိုင်ငံသား စုစုပေါင်း ၂၁၈ ဦးကို ထိုင်အာဏာပိုင်များက ယနေ့ ဖေဖော်ဝါရီ ၁၉ ရက် နံနက်အစောပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းနိုင်ငံက ကြေညာထားသည်။
ထိုင်းနိုင်ငံ အုပ်ချုပ်ရေးအာဏာပိုင်များက မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသားများကို ခိုလတ်ခရိုင်၊ မောင်းခရိုင်၊ ပရာချွတ်ခီရီခန်းခရိုင် ဘန်နွန်ခမ်းဒေသတို့တွင် တရားမဝင် ဝင်ရောက်လာသည့် အမျိးသား ၅၄ ဦး အမျိးသမီး ၂၇ ဦး စုစုပေါင်း ၈၁ ဦးတို့ကို ကနဦးဖမ်းဆီးရမိခဲ့ပြီး နံနက် ၃ နာရီ ၃၀ မိနစ်တွင် တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား အမျိးသား ၉၀ ဦးနှင့် အမျိးသမီး ၄၇ ဦး စုစုပေါင်း ၁၃၇ ဦးတို့ကို Khao Din ခရိုင်၊ Ao Noi ခရိုင်၊ Muang District, Prachuap Khiri Khan ပြည်နယ်တို့၌ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် နှစ်ရပ်ပေါင်း ဖမ်းဆီးရမိသူ ၂၁၈ ဦးရှိကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားများသည် ပဲခူးတိုင်းဒေသကြီး၊ မော်လမြိုင်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှဖြစ်ကာ ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ်ငွေ ၂၀,၀၀၀ မှ ၂၅,၀၀၀ ကြား ပေးရကြောင်း သိရသည်။
#mhtnews
Recent Comments