ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်ရာမှ ဖမ်းဆီးခံရသည့် အလုပ်သမားများအား မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှ ဥပဒေအရ အကာအကွယ်ပေးနိုင်ရန်အတွက် အလုပ်သမားသံအရာရှိများမှတစ်ဆင့် အခြားသောနိုင်ငံသားဥပဒေအရ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းထံမှ သိရသည်။
“ဥပဒေအရ အကာအကွယ်ပေးနိုင်ဖို့တော့ ကိုယ်နိုင်တဲ့ဘက်ကတော့ လုပ်ပေးတာပေါ့နော်။ ပြောချင်တာကတော့ ထိုင်းကို တရားမဝင်သွားပြီဆိုကတည်းက လူမှောင်ခိုတို့၊ လူကုန်ကူးတို့ ဒီအက်နဲ့ပဲ အရေးယူမှာဗျ။ အလုပ်သမားအက်နဲ့ကျတော့ အလုပ်ခွင်ထဲမရောက်သေးတဲ့အတွက် ဘာရည်ရွယ်ချက်နဲ့လာတယ်ဆိုတာ နိုင်ငံဖြတ်ကျော်မှုခင်းတွေနဲ့ကျတော့ ပြောဖို့ခက်တာပေါ့နော်။ သို့သော်လည်းပဲ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ကတော့ အဖမ်းခံရတဲ့ အလုပ်သမားတွေ ပြန်လွှဲဖို့ကိစ္စကတော့ ကျွန်တော်တို့ ဟိုဘက်မှာလွှတ်ထားတဲ့ အလုပ်သမားသံအရာရှိတွေက သက်ဆိုင်ရာ ထိုင်းပြည်ထဲရေးက ရဲတို့ လဝကတို့ ထိုင်းအလုပ်သမားတို့ ဦးစီးဌာနတို့နဲ့ ဆက်စပ်ပြီးတော့ ကိုယ့်နိုင်ငံသားတွေကို အလုပ်သမားဥပဒေအရမဟုတ်ဘဲနဲ့ အခြားသော နိုင်ငံသားဥပဒေအရ အကာအကွယ်ပေးဖို့ကိစ္စရပ်တွေမှာတော့ အတတ်နိုင်ဆုံး ပူးပေါင်းပြီးတော့ လုပ်ပေးတယ်ပေါ့နော်။ Laber Law အရတော့ Protect လုပ်ဖို့ကတော့ တရားဝင်အလုပ်မဟုတ်ရင် ကျွန်တော်တို့လုပ်ဖို့ တော်တော်ခဲရင်းပါတယ်ဗျ။” ဟု ဦးညွှန့်ဝင်းက ပြောသည်။
ဆက်လက်၍ ဦးညွှန့်ဝင်းက ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်ခြင်းများ မပြုလုပ်ရန်နှင့် သွားရောက်ခဲ့ပါက အလုပ်သမားအခွင့်အရေးလည်း အပြည့်အဝမရရှိနိုင်သလို ဥပဒေအရ အရေးယူခံရနိုင်ကြောင်း၊ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သမားစေလွှတ်နိုင်ရန် ဆောင်ရွက်လျှက်ရှိပြီး ထိုသို့ တရားဝင်သွားရောက်ရာ၌ ငွေကျပ် ၅ သိန်းခန့်သာ ကုန်ကျနိုင်ကာ တရားမဝင်သွားရောက်ခြင်းထက် ငွေကြေးကုန်ကျမှု ပိုမိုသက်သာသည့်အပြင် အလုပ်သမားအခွင့်အရေးလည်း အပြည့်အဝရရှိမည်ဖြစ်ကြောင်း ရှင်းပြသည်။
ယခုအခါ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှု နေ့စဥ်များပြားလျှက်ရှိပြီး ထိုသို့ တရားမဝင်သွားရောက်ခြင်းဖြင့် လူတစ်ဦးလျှင် ပွဲစားခအဖြစ် မြန်မာငွေကျပ် ၁၅ သိန်းကျော် ပေးဆောင်နေရကြောင်း သိရသည်။
#mhtnews
(Zawgyi)
“ထိုင္းနိုင္ငံသို႔ တရားမဝင္သြားေရာက္ရာမွ ဖမ္းဆီးခံရသည့္ အလုပ္သမားမ်ားအား ျမန္မာနိုင္ငံအလုပ္သမားဝန္ႀကီးဌာနမွ ဥပေဒအရ အကာအကြယ္ေပးနိုင္ရန္အတြက္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိ”
ထိုင္းနိုင္ငံသို႔ တရားမဝင္သြားေရာက္ရာမွ ဖမ္းဆီးခံရသည့္ အလုပ္သမားမ်ားအား ျမန္မာနိုင္ငံအလုပ္သမားဝန္ႀကီးဌာနမွ ဥပေဒအရ အကာအကြယ္ေပးနိုင္ရန္အတြက္ အလုပ္သမားသံအရာရွိမ်ားမွတစ္ဆင့္ အျခားေသာနိုင္ငံသားဥပေဒအရ ကိစၥရပ္မ်ားအား ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးၫႊန့္ဝင္းထံမွ သိရသည္။
“ဥပေဒအရ အကာအကြယ္ေပးနိုင္ဖို႔ေတာ့ ကိုယ္နိုင္တဲ့ဘက္ကေတာ့ လုပ္ေပးတာေပါ့ေနာ္။ ေျပာခ်င္တာကေတာ့ ထိုင္းကို တရားမဝင္သြားၿပီဆိုကတည္းက လူေမွာင္ခိုတို႔၊ လူကုန္ကူးတို႔ ဒီအက္နဲ႕ပဲ အေရးယူမွာဗ်။ အလုပ္သမားအက္နဲ႕က်ေတာ့ အလုပ္ခြင္ထဲမေရာက္ေသးတဲ့အတြက္ ဘာရည္႐ြယ္ခ်က္နဲ႕လာတယ္ဆိုတာ နိုင္ငံျဖတ္ေက်ာ္မႈခင္းေတြနဲ႕က်ေတာ့ ေျပာဖို႔ခက္တာေပါ့ေနာ္။ သို႔ေသာ္လည္းပဲ အလုပ္သမားဝန္ႀကီးဌာနအေနနဲ႕ကေတာ့ အဖမ္းခံရတဲ့ အလုပ္သမားေတြ ျပန္လႊဲဖို႔ကိစၥကေတာ့ ကြၽန္ေတာ္တို႔ ဟိုဘက္မွာလႊတ္ထားတဲ့ အလုပ္သမားသံအရာရွိေတြက သက္ဆိုင္ရာ ထိုင္းျပည္ထဲေရးက ရဲတို႔ လဝကတို႔ ထိုင္းအလုပ္သမားတို႔ ဦးစီးဌာနတို႔နဲ႕ ဆက္စပ္ၿပီးေတာ့ ကိုယ့္နိုင္ငံသားေတြကို အလုပ္သမားဥပေဒအရမဟုတ္ဘဲနဲ႕ အျခားေသာ နိုင္ငံသားဥပေဒအရ အကာအကြယ္ေပးဖို႔ကိစၥရပ္ေတြမွာေတာ့ အတတ္နိုင္ဆုံး ပူးေပါင္းၿပီးေတာ့ လုပ္ေပးတယ္ေပါ့ေနာ္။ Laber Law အရေတာ့ Protect လုပ္ဖို႔ကေတာ့ တရားဝင္အလုပ္မဟုတ္ရင္ ကြၽန္ေတာ္တို႔လုပ္ဖို႔ ေတာ္ေတာ္ခဲရင္းပါတယ္ဗ်။” ဟု ဦးၫႊန့္ဝင္းက ေျပာသည္။
ဆက္လက္၍ ဦးၫႊန့္ဝင္းက ထိုင္းနိုင္ငံသို႔ တရားမဝင္သြားေရာက္ျခင္းမ်ား မျပဳလုပ္ရန္ႏွင့္ သြားေရာက္ခဲ့ပါက အလုပ္သမားအခြင့္အေရးလည္း အျပည့္အဝမရရွိနိုင္သလို ဥပေဒအရ အေရးယူခံရနိုင္ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ထိုင္းနိုင္ငံသို႔ တရားဝင္အလုပ္သမားေစလႊတ္နိုင္ရန္ ေဆာင္႐ြက္လွ်က္ရွိၿပီး ထိုသို႔ တရားဝင္သြားေရာက္ရာ၌ ေငြက်ပ္ ၅ သိန္းခန့္သာ ကုန္က်နိဳင္ကာ တရားမဝင္သြားေရာက္ျခင္းထက္ ေငြေၾကးကုန္က်မႈ ပိုမိုသက္သာသည့္အျပင္ အလုပ္သမားအခြင့္အေရးလည္း အျပည့္အဝရရွိမည္ျဖစ္ေၾကာင္း ရွင္းျပသည္။
ယခုအခါ ထိုင္းနိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္မႈေၾကာင့္ ျမန္မာနိုင္ငံသားမ်ား ဖမ္းဆီးခံရမႈ ေန႕စဥ္မ်ားျပားလွ်က္ရွိၿပီး ထိုသို႔ တရားမဝင္သြားေရာက္ျခင္းျဖင့္ လူတစ္ဦးလွ်င္ ပြဲစားခအျဖစ္ ျမန္မာေငြက်ပ္ ၁၅ သိန္းေက်ာ္ ေပးေဆာင္ေနရေၾကာင္း သိရသည္။
#mhtnews
Recent Comments