တိုင်းပြည်၏အခြေအနေပေါ်မူတည်ပြီးနိုင်ငံသားများအနေဖြင့်စစ်မှုထမ်းရမည်ဖြစ်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ကပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးက “၂၀၂၂ ခုနှစ်မှာ စီးပွားရေးအားကောင်းအောင် ကျွန်တော်တို့ တိုးတက်အောင်လုပ်မယ်။ ပြီးရင် ဒုတိယကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ ရှေ့လုပ်ငန်းစဉ်မှာဖော်ပြထားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းရပ်တွေမှာ ကျွန်တော်တို့ရတဲ့ လမ်းကြောင်းတွေမှာ ကျွန်တော်တို့ အကုန်လုပ် မှာ။ အဲ့ဒီနှစ်ခု နိုင်ငံရေးကလည်း ကောင်းနေတယ်။ စီးပွားရေးကလည်း အားကောင်း လာပြီဆိုရင် ဒီဘက်ကနိုင်ငံတော်ကာကွယ်ရေးအတွက်ကို အားလုံးပါဝင်တဲ့ ကာကွယ်ရေးစနစ်ကို နောင်ကျွန်တော်တို့သွားရမယ်။ အားလုံးပါဝင်တဲ့။ ကျွန်တော်တို့ ဉပမာ ကျွန်တော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်းဉပဒေ မကျင့်သုံး ရသေးဘူး။ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်း ဉပဒေ ကျွန်တော်တို့မကျင့်သုံးရတာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေရှိလို့ ကျွန်တော်တို့လုပ်လို့မရဘူး။ ခုနကပြောတဲ့ တစ်ရယ်၊ နှစ်ရယ် ကျွန်တော်တို့က ကောင်းကောင်းထိန်းနိုင်ပြီ၊ လုပ်နိုင်ပြီဆိုလို့၊ လက်ထဲမှာပိုင်ပိုင် နိုင်နိုင်ရှိပြီဆိုလို့ရှိရင် တတိယဖြစ်တဲ့ ကာကွယ်ရေးစွမ်းပကားတွေကို ရအောင် ကျွန်တော်တို့က မြှင့်တင်ရမယ်။ အဲ့ဒီမှာ အမျိုးသားစစ်မှုထမ်းဉပဒေအရ နိုင်ငံသား တွေစစ်မှုထမ်းရမယ်။ ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည်၊ ဒါသူ့ရဲ့ သတ်မှတ်ထားတဲ့ ဟာအတိုင်း ကျွန်တော်တို့ စစ်မှုထမ်းရမယ်။ တစ်နှစ်လည်းဖြစ်ရင်ဖြစ်မှာပေါ့ဗျာ၊ တစ်နှစ်ခွဲလည်းဖြစ်ရင်ဖြစ်မှာပေါ့။ အခြေအနေပေါ်မူတည်ပြီးတော့ တိုင်းပြည်ရဲ့အခြေ အနေပေါ်မူတည်ပြီးတော့လုပ်ရမှာပေါ့” လို့ ပြောကြားခဲ့တာပါ။

ဆက်လက်၍ ဗိုလ်ချုပ်မှူးက ” ဒါကလုပ်ရမှာ၊မလုပ်လို့မရဘူး။ ကာကွယ်ရေး စွမ်းအားမကောင်းတော့ ကျွန်တော်တို့ခံသွားရမှာပေါ့။ သူများက ဖင်ပုတ်၊ ခေါင်းပုတ် လာလုပ်သွားမှာပေါ့။ စီးပွားရေးအား မကောင်းလည်း ပိုက်ဆံမရှိတော့ မျက်နှာငယ် ရတယ်။ နိုင်ငံရေးအားမကောင်းတဲ့အခါကျတော့ သူများတွေ ကျွန်တော်တို့ကို မျိုးစုံ ပြဿနာတွေရှာမှာ။ စစ်ရေးအရ ကာကွယ်ရေးစွမ်းအား မကောင်းတော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်မယ်။ ကျွန်တော်တို့တွေ စော်ကားခံရလိမ့်မယ်။ ခြံစည်းရိုးတွေလုံမှာ မဟုတ်ဘူး။ ဒီ ၃ ခုက ကျွန်တော်တို့ မဖြစ်မနေလုပ်ရမယ့် ကိစ္စရပ်ဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့က ဒီနှစ်မှာ တတ်နိုင်သလောက် ဆွဲတင်ပြီးတော့ ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” လို့ ထပ်မံပြောကြားခဲ့ပါတယ်။

#mhtnews

(Zawgyi)

“တိုင္းျပည္ေျခေနေပၚမူတည္ၿပီး နိုင္ငံသားမ်ားစစ္မႈထမ္းရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ေျပာ”

တိုင္းျပည္၏အေျခအေနေပၚမူတည္ၿပီးနိုင္ငံသားမ်ားအေနျဖင့္စစ္မႈထမ္းရမည္ျဖစ္ေၾကာင္းနိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠဌနိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ယမန္ေန႕ကျပဳလုပ္တဲ့ ျပည္ေထာင္စုအစိုးရအဖြဲ႕အစည္းအေဝးမွာ ေျပာၾကားလိုက္ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီးက “၂၀၂၂ ခုႏွစ္မွာ စီးပြားေရးအားေကာင္းေအာင္ ကြၽန္ေတာ္တို႔ တိုးတက္ေအာင္လုပ္မယ္။ ၿပီးရင္ ဒုတိယကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ နိုင္ငံေရး၊ ေရွ႕လုပ္ငန္းစဥ္မွာေဖာ္ျပထားတဲ့ ပါတီစုံဒီမိုကေရစီစနစ္ေဖာ္ေဆာင္ေရးနဲ႕ ပတ္သက္တဲ့ လုပ္ငန္းရပ္ေတြမွာ ကြၽန္ေတာ္တို႔ရတဲ့ လမ္းေၾကာင္းေတြမွာ ကြၽန္ေတာ္တို႔ အကုန္လုပ္ မွာ။ အဲ့ဒီႏွစ္ခု နိုင္ငံေရးကလည္း ေကာင္းေနတယ္။ စီးပြားေရးကလည္း အားေကာင္း လာၿပီဆိုရင္ ဒီဘက္ကနိုင္ငံေတာ္ကာကြယ္ေရးအတြက္ကို အားလုံးပါဝင္တဲ့ ကာကြယ္ေရးစနစ္ကို ေနာင္ကြၽန္ေတာ္တို႔သြားရမယ္။ အားလုံးပါဝင္တဲ့။ ကြၽန္ေတာ္တို႔ ဉပမာ ကြၽန္ေတာ္တို႔ဆီမွာ အမ်ိဳးသားစစ္မႈထမ္းဉပေဒ မက်င့္သုံး ရေသးဘူး။ နိုင္ငံသားတိုင္းဟာ စစ္မႈထမ္းဖို႔တာဝန္ရွိတယ္။ အမ်ိဳးသားစစ္မႈထမ္း ဉပေဒ ကြၽန္ေတာ္တို႔မက်င့္သုံးရတာ ဘာျဖစ္လို႔လဲဆိုေတာ့ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡေတြရွိလို႔ ကြၽန္ေတာ္တို႔လုပ္လို႔မရဘူး။ ခုနကေျပာတဲ့ တစ္ရယ္၊ ႏွစ္ရယ္ ကြၽန္ေတာ္တို႔က ေကာင္းေကာင္းထိန္းနိုင္ၿပီ၊ လုပ္နိုင္ၿပီဆိုလို႔၊ လက္ထဲမွာပိုင္ပိုင္ နိုင္နိုင္ရွိၿပီဆိုလို႔ရွိရင္ တတိယျဖစ္တဲ့ ကာကြယ္ေရးစြမ္းပကားေတြကို ရေအာင္ ကြၽန္ေတာ္တို႔က ျမႇင့္တင္ရမယ္။ အဲ့ဒီမွာ အမ်ိဳးသားစစ္မႈထမ္းဉပေဒအရ နိုင္ငံသား ေတြစစ္မႈထမ္းရမယ္။ ၂ ႏွစ္တန္သည္၊ ၃ ႏွစ္တန္သည္၊ ဒါသူ႕ရဲ႕ သတ္မွတ္ထားတဲ့ ဟာအတိုင္း ကြၽန္ေတာ္တို႔ စစ္မႈထမ္းရမယ္။ တစ္ႏွစ္လည္းျဖစ္ရင္ျဖစ္မွာေပါ့ဗ်ာ၊ တစ္ႏွစ္ခြဲလည္းျဖစ္ရင္ျဖစ္မွာေပါ့။ အေျခအေနေပၚမူတည္ၿပီးေတာ့ တိုင္းျပည္ရဲ႕အေျခ အေနေပၚမူတည္ၿပီးေတာ့လုပ္ရမွာေပါ့” လို႔ ေျပာၾကားခဲ့တာပါ။

ဆက္လက္၍ ဗိုလ္ခ်ဳပ္မႉးက ” ဒါကလုပ္ရမွာ၊မလုပ္လို႔မရဘူး။ ကာကြယ္ေရး စြမ္းအားမေကာင္းေတာ့ ကြၽန္ေတာ္တို႔ခံသြားရမွာေပါ့။ သူမ်ားက ဖင္ပုတ္၊ ေခါင္းပုတ္ လာလုပ္သြားမွာေပါ့။ စီးပြားေရးအား မေကာင္းလည္း ပိုက္ဆံမရွိေတာ့ မ်က္ႏွာငယ္ ရတယ္။ နိုင္ငံေရးအားမေကာင္းတဲ့အခါက်ေတာ့ သူမ်ားေတြ ကြၽန္ေတာ္တို႔ကို မ်ိဳးစုံ ျပႆနာေတြရွာမွာ။ စစ္ေရးအရ ကာကြယ္ေရးစြမ္းအား မေကာင္းေတာ့ ဖင္ပုတ္၊ ေခါင္းပုတ္လာလုပ္မယ္။ ကြၽန္ေတာ္တို႔ေတြ ေစာ္ကားခံရလိမ့္မယ္။ ၿခံစည္းရိုးေတြလုံမွာ မဟုတ္ဘူး။ ဒီ ၃ ခုက ကြၽန္ေတာ္တို႔ မျဖစ္မေနလုပ္ရမယ့္ ကိစၥရပ္ျဖစ္ပါတယ္။ ဒါကိုကြၽန္ေတာ္တို႔က ဒီႏွစ္မွာ တတ္နိုင္သေလာက္ ဆြဲတင္ၿပီးေတာ့ ေဆာင္႐ြက္သြားဖို႔ ျဖစ္ပါတယ္” လို႔ ထပ္မံေျပာၾကားခဲ့ပါတယ္။

#mhtnews