တပ်မတော်(ရေ)မှ ဓညဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထူး ဦးဆောင်သော စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် အိန္ဒိယနိုင်ငံ Visakhapatnam မြို၌ကျင်းပပြုလုပ်မည့် ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022)သိုတက်ရောက်ရန် ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို၊ အမှတ်(၃)ရေတပ်ဆိပ်ခံ တံတား(သီလဝါ)မှထွက်ခွာရာ အလယ်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်း နှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည် မိသားစုများက ပိုဆောင် နှုတ်ဆက်ကြသည်။
ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022) ကို အိန္ဒိယနိုင်ငံ Visakha-patnam မြိုတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၄ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဩစတြေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ပြင်သစ်နှင့် ဆေးရှဲလ် စုစုပေါင်း (၁၆) နိုင်ငံမှ စစ်ရေယာဉ် ၂၄ စီး တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(Zawgyi)
“တပ်မတော်(ရေ)မှစစ်ရေယာဉ်(ဆင်ဖြူရှင်) အိန္ဒိယနိုင်ငံ Visakhapatnam မြို့တွင် ကျင်းပပြုလုပ်မည့် ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ(MILAN-2022)သို့ တက်ရောက်ရန်ထွက်ခွာ”
တပ်မတော်(ရေ)မှ ဓညဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထူး ဦးဆောင်သော စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် အိန္ဒိယနိုင်ငံ Visakhapatnam မြို့၌ကျင်းပပြုလုပ်မည့် ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022)သို့တက်ရောက်ရန် ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံ တံတား(သီလဝါ)မှထွက်ခွာရာ အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်း နှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည် မိသားစုများက ပို့ဆောင် နှုတ်ဆက်ကြသည်။
ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022) ကို အိန္ဒိယနိုင်ငံ Visakha-patnam မြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၄ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဩစတြေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ပြင်သစ်နှင့် ဆေးရှဲလ် စုစုပေါင်း (၁၆) နိုင်ငံမှ စစ်ရေယာဉ် ၂၄ စီး တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Recent Comments